အပိုင်း(7) Un Zaw

4.3K 380 25
                                    

"ခွပ်ဒေါင်း အမကို ဒေါ်မြင့်တို့ဘက်သွားပြီး ကြက်သားစွပ်ပြုတ်လေးသွားပို့ပေးစမ်းပါ ဒေါ်မြင့်သိပ် နေမကောင်းလို့တဲ့

"ဟာအမကလဲ နင်ဘာသာသွားပါလား

"ငါမအားလို့နင်ခိုင်းတာပေါ့  ငါသွားရင်နင်ထမင်းအိုးကြည့်ထားမလား

"   မကြည့်နိုင်ဘူး စွပ်ပြုတ်ဘဲသွားပေးမယ်

"ပြီးတာဘဲရော့ အပြန်ခါကျရင် ဘူးရွက်လေးလဲခူးခဲ့အုံး

"အေးအေး ငါအတွက် ကြက်ဥမပြတ်နဲဒီနေ့ကြော်ပေး

"သွားပါသိပါတယ်

ခွပ်ဒေါင်းကြက်သားစွပ်ပြုတ်ပန်ကန်ကိုယူပြီးတဖက်ကဒေါ်မြင့်တို့ခြုံထဲဝင်လာခဲ့လိုက်တော့သည်။

" ဒေါ်မြင့် ဒေါ်မြင့်

ပြန်ထူးသံမကြားတာနဲ့ ခွပ်ဒေါင်းအိမ်ထဲကိုဘဲဝင်လာခဲ့လိုက်တော့သည်။

"ခွပ်ဒေါင်းပါလား အန်တီမြင့်အသံတော့ကြားတယ် ချက်ချင်းကြီးထမလာနိုင်လို့ကွယ်

",ရပါတယ် အမက ကြက်သားစွပ်ပြုတ်လေးပေးခိုင်းလိုက်လို့ လာပေးတာ အန်တီမြင့်နေမကောင်းဘူးဆို

"ဟုတ်တယ်ငါတူရယ်အခုတလောမောမောနေလို့

"ဆေးတွေရောရှိသေးလား မရှိရင်ပြောနော် အားနာတယ်ဆိုပြီး မပြောဘဲမနေနဲ့

" ဆေးတွေရရှိပါ‌သေးတယ် ကုန်ရင်ပြောပါမယ် မင်းတို့မိသားစုရဲ့ ကျေးဇူးတွေကို ‌ဒေါ်လေးဒီတစ်သက်ဆပ်နိုင်ပါမလားမသိပါဘူးကွယ်

" ဘာမှ စိတ်မကောင်းစရာတွေ စိတ်ထဲ
ထား မနေပါနဲ့ ကိုယ့်ကျန်းမာရေးကိုသာဂရုစိုက် အခုစွပ်ပြုတ်လေးကို ပန်ကန်ထဲထည့်ပေးခဲ့မယ်နော်  ဒေါ်မြင့်ဆာရင်စားလို့ရအောင်

"အေးကွယ်ကျေးဇူးတင်ပါတယ် သွားတွေကသိပ်မကောင်းတော့ စွပ်ပြုတ်လေးဘဲသောက်နေရတယ်ငါတူရယ်

" အ‌န်တီမှတော်ပါသေးတယ် အိမ်က အဖေဆို သွားမကောင်းလို့ရေတောင် ထောင်းတိုက်နေရတယ်

"ငါတူကတော့ပြောတော့မယ်ကွယ်

"အဲ့တာဆို ပြန်လိုက်အုံးမယ်ဗျ ဘူးရွက်လေးနည်းနည်းလောက်လဲခူးသွားအုံးမယ်

ဒေါင်းWhere stories live. Discover now