အပိုင်း ၃

10.8K 319 4
                                        

ဆုဆု၏ ကျောင်းနေဖက် ရီရီလင်းကို အမှတ်မထင် မြင်လိုက်ရသည်။ 

ခရမ်းပြာရောင် Gucci အကျီလေးဝတ်ထားပြီး Dior အိတ် အဖြူရောင်လေး ကိုင်ထားသည်။ 

ဆုဆုကို မြင်သည်နှင့် ဆံပင်ကို သပ်တင်လိုက်ပြီး၊ မျက်နှာက အပေါ်သို့ မော့ကာ အချေရုပ် ပြောင်းသွားသည်။ ပုံစံ ကြည့်လိုက်သည်နှင့် ထောင့်မကျိုးမှန်း သိသာလေသည်။ ရီရီလင်းက သူဌေးသမီး၊ တက်သစ်စ ကြေငြာမော်ဒယ်၊ အိမ်က အလိုလိုက်ထားသောကြောင့် စိတ်ထင်တိုင်း တဇွတ်ထိုးလုပ်တတ်သော သူဖြစ်သည်။ ဤသို့ ဆုဆုနှင့် ရီရီအကြားမှ လေထုအတွင်း တင်းမာသော ဖိအားများ ရှိနေရခြင်းမှာ ရာဇဝင် ရှိခဲ့လေသည်။ 

အကျဉ်းချုံးပြောရလျှင်. . 

ကျောင်းတုန်းက ဆုဆုမှာ ကျော်မင်းသူဆိုတဲ့ ယောကျာ်းလေး သူငယ်ချင်းတစ်ယောက် ရှိခဲ့ဖူးတယ်။ စတိတ်ကျောင်းထဲက သိခဲ့တဲ့သူမို့ အချစ်ဆုံး သူငယ်ချင်းလို့ ပြောလို့ရတဲ့သူပေါ့။ တိုက်ဆိုင်ချင်တော့ တက္ကသိုလ်အထိ ကျော်မင်းနဲ့ တစ်ကျောင်းထဲ တက်ခဲ့ရတယ်။ အဲ့မှာ ရီရီနဲ့ စတွေ့တာပဲ။ ရီရီလင်းက ကျော်မင်းသူကို တက္ကသိုလ်မှာ တွေ့ကတည်းက စကြိုက်ခဲ့တာ။ ကျော်မင်းနဲ့ အမြဲတူတူရှိနေတဲ့ ဆုဆုဟာ ရီရီရဲ့ ရန်သူအလိုလျှောက် ဖြစ်လာရပါတော့တယ်။ ကျော်မင်းက ဆုဆုကို တိတ်တခိုးချစ်နေတယ်လို့ ရီရီက ထင်နေပါတယ်။ ဒါပေမယ့် ရီရီက လက်မလျော့ခဲ့ပါဘူး။ 

နောက်ဆုံးမှာတော့ ရီရီရဲ့ မာယာ ကျော့ကွင်းအောက်ကို ကျော်မင်းသူ ကျရောက်ခဲ့တယ်လို့ ပြောရမယ်။ ကျော်မင်းသူနဲ့ ရီရီနဲ့ Final Year မှာ ချစ်သူတွေ ဖြစ်ခဲ့ကြတယ်။သို့သော်ငြားလည်း ရီရီဟာ ကျော်မင်းသူရဲ့ အချစ်ဦးမဟုတ်ခဲ့တာကြောင့် သူ့ကိုယ်သူ ယုံကြည်မရှိပါဘူး။ အမြဲတမ်း သူမရဲ့ နောက်ကွယ်မှာ ဆုဆုနှင့် ချစ်ကြိုက်သွားမှာကို တွေးပူနေဆဲပါ။ ဆုဆုကလည်း ရီရီထက်လှနေတာကိုး။ အဆိုးဆုံးက ကျော်မင်းသူရဲ့ အချစ်ဦးဟာ ဆုဆုဆိုတဲ့အကြောင်းကို ရီရီ သိသွားခဲ့တာပါပဲ။

ဆုကလည်း ဆုရဲ့ အချစ်ဆုံးသူငယ်ချင်းကြီးတစ်ယောက်လုံး ပါသွားလို့ ရင်ထဲမှာ ပန်းတွေပွင့်မနေခဲ့ပါဘူး။ အဆိုးဆုံးက ကိုယ့်သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးနဲ့ ရီရီပါးစပ်ထဲမှာ သမုတ်ခံရ ပေးစားခံခဲ့ရတာတွေကို ပိုစိတ်တိုခဲ့တာ။

သေဆုသာ ပန်ပါရစေ အရှင်မင်းကြီး (Completed)Where stories live. Discover now