အပိုင်း ၄၈ ခ

5.2K 187 4
                                        

လှည်းကလေးက တဖြည်းဖြည်းနှင့် မြို့နှင့်နီးရာအရပ်ကို ချည်းကပ်လာသည်။ လူနေအိမ်ခြေလည်း ပိုမိုထူထပ်လာပြီး ခပ်နှေးနှေးသာ ရွေ့လျားလျှက်ရှိသည်။ 

မင်းကြီးပါလာသော လှည်းအနောက်မှ နောက်လိုက်နောက်ပါ မြင်းစီးစစ်သည်တော်များကလည်း ထပ်ကျပ်မကွာ လိုက်ပါလာကြ၏။

တိဿက သူမကို လှည်းပေါ်ရောက်တဲ့အထိ ပြန်မလွှတ်ဘဲ လက်မောင်းထဲမှာ ထွေးပွေ့ထားစဲ။ သူမ၏ မျက်ရည်များကို အတတ်နိုင်ဆုံး အားတင်းကာ ထိန်းထားမိသည်။ မည်သို့ဆိုစေ မိမိ၏ဘဝကို ဖျက်ဆီးခဲ့သော ယောကျ်ားတစ်ယောက်၏ ရင်ခွင်ထဲတွင် ငိုကြွေးနေရခြင်းမှာ ခါးသီးလှသည် မဟုတ်ပါလား။

 သို့တစေ တိဿ၏ပွေ့ဖက်မှုတို့ကို မနှစ်မြို့သော်လည်း သူ့နှလုံးအတွင်းမှလာသော အနွေးဓါတ်ကြောင့် သက်တောင့်သက်သာ ရှိပြီး နေလို့ကောင်းလှသည်။

>>ငါဘာဖြစ်လို့များ အပူကို ဒီလောက်ကြိုက်လာ ရတာလဲ. . .<<


ဆုဝဏ္ဍဒေဝီက မျက်နှာကို တိဿနှင့် ဝေးရာသို့ လွှဲထားလိုက်ပြီး . .


'ကျွန်မ စိတ်မဆိုးဘူးမင်းကြီး. စိတ်ကုန်သွားတာ. 'ပြောရင်းနဲ့ကို သူမညာဘက်မျက်လုံးအိမ်ထောင့်မှ နောက်ထပ်မျက်ရည်တစ်စက်က ခိုးကျသွား လေသည်။


>>ဟုတ်တယ်. . . အရှင့်ရဲ့ အလိမ်အညာ လှည့်ကွက်တွေကိုလည်း စိတ်ကုန်တယ်။ အဲလို အလိမ်အညာတွေမှန်း သိသိကြီးနဲ့လည်း အကြိမ်ကြိမ် စိတ်ပြန်လည်မိတဲ့ ကိုယ့်ကိုကိုယ်လည်း စိတ်ကုန်တယ်။ အဆုံးအစွန်ပြောရရင် ဒီလောကကြီးမှာ ဒီလောက်ဆိုးတဲ့ ကံကြမ္မာနဲ့ လူလာဖြစ်ရတာကိုပါ စိတ်ကုန်နေတာ. . .။ ကျမလည်း လူသားပဲ. .. သေရမှာကို အကြောက်ဆုံးပေါ့ ဒါပေမယ့် ကျွန်မဖြတ်သန်းခဲ့ရတဲ့ ဘဝအခြေအနေနဲ့ ယှဉ်ရင်တော့ အသက်ရှင်နေရတာကိုက ကျွန်မအတွက် သေချင်းတရားထက် ပိုကြောက်ဖို့ကောင်းပါတယ်<<တိဿက စကားလမ်းကြောင်းလွှဲလိုက်သည်။


"ဆုလေး. . . .မောင်တော့်ရဲ့ ဆုလေး. ..စိတ်ကွက်တော် မမူပါနဲ့တော့နော်. . . အခု အားလုံးအဆင်ပြေသွားပြီ သိလားမောင်တော်တို့ နှစ်ယောက်လုံး ကံကောင်းတယ်သိလား. . .ဘုန်းတန်ခိုးကြီး ရဟန်းန္တာကို ဖူးတွေ့ခွင့်ရလိုက်တယ်။ လိုရာဆုကိုလည်း တောင်းခွင့်ရလိုက်တယ်. ."

သေဆုသာ ပန်ပါရစေ အရှင်မင်းကြီး (Completed)Where stories live. Discover now