အပိုင်း ၆၇

4.4K 161 8
                                        

Car Parking Base 2 တွင်. .

ဓါတ်လှေကား တံခါးပွင့်သွားသည်။

သူရက ဆုဆုအား ဓါတ်လှေကားထဲမှ ပွေ့၍သယ်လာသည်။

ဆုဆုကတော့ ငြိမ်သက်စွာ အိပ်ပျော်လျက် သူရ၏ကားက အနောက်တစ်လိုင်းတွင် ရပ်ထားသည်။ ခပ်သွက်သွက်ကလေးလမ်းအကူး ကားတစ်စီးက မီးကြီးထိုး၍ သူ့ရှေ့တွင် ဘရိတ်ဆောင့်အုပ်လိုက်သည်။

ဦးကြည်သာ :

'ဆရာ . .အရှေ့မှာ ဆရာ့ကောင်မလေးသယ်လာတယ်'

မာတင်က တစ်ချက်ကြည့်လိုက်ရုံနှင့် ဆုမှန်းသိလိုက်သည်။ ကားထဲက ချက်ချင်းထွက်ပြီး . .

"ဟေ့ရောင် . .ဘာလုပ်တာလဲ"

မာတင့်ကိုမြင်သည်နှင့် သူရက တစ်ဖက်သို့ အတင်းပြေးရန် ကြံ

'အဲ့ဒီ့ခွေးသူတောင်းစားကို လုံးဝမလွတ်စေနဲ့'

ကိုရဲနှင့် အဖွဲ့ဆန့်ကျင်ဘက်မှ ရောက်လာသည်။ ကိုရဲမှ မျက်လုံးကြီးပြူးကာ လက်ညှိုးထိုးပြီး လှမ်းအော်သည်။

'ခွေးမသား. . ကမကလ ဖမ်းဖမ်း အဲ့ကောင်မိအောင်ဖမ်းကြ'

သူရက လက်ထဲမှ ဆုဆုကို လွှတ်ချလိုက်သည်။

ဘုန်း. . .

ဆုဆုလည်း သံမံတလင်းပေါ် ဘုန်းခနဲ ပြုတ်ကျသွားသည်။

'အင်း ..ဟင်း. . '

ဆုဆု ဆီမှ ညည်းတွားသံ သဲ့သဲ့ကြားလိုက်သည်။ မာတင်က ဆုဆုကို ပွေ့ထူလိုက်သည်။

"ဆု. . . ဆုဆု. . . အဆင်ပြေရဲ့လား. . ၊ ဆုဆု ကျွန်တော့်ကို ပြန်ထူးပါအုံး"

ဆုဆုမှာ အိပ်ပျော်နေတာလား၊ သတိလစ်နေတာလား မသည်းကွဲပေ။

သူရက ကားများကြားမှ ခုန်ကျော်ပြီးထွက်ပြေးသည်၊

သို့သော် ကိုရဲတို့ အဖွဲ့လက်ထဲမှ မလွတ်ပေ။ သူရကို ပိတ်ဖမ်းကြရာ နောက်ဆုံးတော့ မိသွားလေပြီ။

ဆွမ်းကြီးဝိုင်းလောင်းကြတာ အဲ့ကောင်လည်း စုတ်ပြတ်သတ်လို့ပေါ့. . .

ထိုစဉ်. . အနောက်မှ ရဲများရောက်လာသည်။

"အားလုံးရပ်လိုက်တော့၊ ဖယ်ကြ . စခန်းရောက်မှရှင်း . . .ဒီက မောင်သူရအောင် (အဖအမည် xxx) ကို ကိုဒီပါဦးရဲ့အမှု့မှာ တရားခံအဖြစ် လာဖမ်းတာပါ"

သေဆုသာ ပန်ပါရစေ အရှင်မင်းကြီး (Completed)Donde viven las historias. Descúbrelo ahora