အပိုင်း ၅၁

4.8K 154 1
                                        

မရူပါက ရုံးခန်းထဲသို့ ခြေလှမ်းခပ်သွက်သွက်လှမ်းကာဝင်လာသည်။ ဓါတ်လှေကားထဲမှာ HR Manager မဆောင်း နှင့် တန်းတိုးသည်။


'သြော်. . .မရူပါ. . . မတွေ့ရတာတောင် ကြာပြီနော်. . . အဆင်ပြေရဲ့လား'


မရူပါက စကားပြန်မပြော>>ဟင်း ဟင်း မကြားချင်ယောင်ဆောင်နေတယ်ပေါ့လေ<<


'အင်း. . မရူပါ ဒါနဲ့ ဆုဆုဝေက အခုဆို ကိုရဲလွင်ကို ခွာထုတ်လိုက်ပြီထင်တယ်။ အခု ကိုမာတင်နဲ့ ချိတ်နေတယ်ကြားတယ်။ မရူပါအတွက် သတင်းကောင်းပဲ'


မရူပါက မင်သေသေမျက်နှာဖြင့် မဆောင်းကို လှည့်ကြည့်လိုက်ပြီး. . ."သူဘယ်သူနဲ့ တွဲနေတွဲနေ ငါနဲ့မဆိုင်ဘူး။ အဲ့တာကြောင့် ငါ့အတွက် သတင်းကောင်းဆိုတာ မရှိသလို သတင်းဆိုးဆိုတာလည်း မရှိဘူး. .။"


'ဒါပေမယ့် မညာပါနဲ့ မရူပါရယ်။ ကိုရဲလွင်ကို ဒီကြားထဲ လာစနိုက်သွားတဲ့ ဆုဆုဝေကို သေအောင် မုန်းနေတာ မဟုတ်လား'


မရူပါက ဘာစကားမှ ပြန်မပြော


တီ.. . (ဓါတ်လှေကားပွင့်သွားသည်)


မရူပါက အရင်ထွက်ရန်ခြေလှမ်းလိုက်ပြီး


"သြော်. . .ပြီးတော့ ပြောအုံးမယ်. . .ငါအခုပဲ ဆုဆုဝေရဲ့ အမေရဲ့ အသုဘမှာ သွားကူလုပ်ပေးပြီး ပြန်လာတာ. . မနက်ဖြန်လည်း ရက်လည်မို့ သူတို့အိမ်ကို ပြန်သွားကူ ပေးအုံးမှာ. . ."


'ဟယ်.. ' (မဆောင်း ကြောင်အမ်းအမ်းဖြစ်သွားသည်)


"နင်ရော ကူငွေထည့်ပေးလိုက်အုံးမလား"


'ငါ. . ငါ ဌာနကနေတစ်ဆင့် အလှူငွေကောက်ပေးမယ်လေ' (မဆောင်းအသံများက တုန်ရင်လျှက်)


မရူပါက ပြုံးစိစိဖြင့် ရှေ့ဆက်လျှောက်လာသည်။


'ဟဲ့. .. နင်က နက်ဖြန်သူ့ဆီသွားကူမယ်ဆိုတော့ ငါပါ လိုက်ခဲ့လို့ရမလား'

သေဆုသာ ပန်ပါရစေ အရှင်မင်းကြီး (Completed)Hikayelerin yaşadığı yer. Şimdi keşfedin