အပိုင်း ၇၆ : ထူးဆန်းသော ဧည့်သည်

4.4K 147 9
                                    

ဗစ်ထရီဆေးရုံတွင် . . .

မာတင်က ဆုကို အကောင်းဆုံး ဆရာဝန်များနှင့် ခွဲစိတ်မွေးဖွားရန် ကြိုတင်စီစဉ်ထားပြီး ဖြစ်သည်။ ဘယ်လိုပဲ ဖြစ်ဖြစ် မယ်ညို့ စကားကို သူတို့ နှစ်ယောက်လုံး လက်မခံထားသော်လည်း၊ ဖြစ်နိုင်ချေ ရှိသည်များကို လက်ခံရန် ပြင်ဆင်ထားပြီးသားပါ။

ခွဲမယ့်မနက်မတိုင်မှီမှာပင် ဆုဆုမျက်ကွင်းတွေ သိသိသာသာ ညိုမည်းလာပြီ၊ တကိုယ်လုံးမှာ သွေးခြေဥတဲ့ အကွက်တွေထနေသည်။

မနေ့ကအထိတောင် အကောင်းကြီး ဒီနေ့ကျမှ ရုတ်တရက် shock ရသလိုဖြစ်ပြီး တကိုယ်လုံးက သွေးတွေ အလိုလိုခဲကုန်ကြသည်။ ရောဂါအဖြေက ဘယ်လိုမှရှာမရ. . .။ လူနာကို သွေးရည်ကြည်သွင်းရန်ပြင်ဆင်နေကြပြီ. ။

သားဖွားမီးယပ် ဆရာဝန်များလည်း ထိုသို့ လူနာကလည်း အလွန် အားနည်းနေသည့်အတွက် ခွဲစိတ်ရန်သင့်မသင့်ကို အစွမ်းကုန်စစ်ဆေးနေကြရင်း အလုပ်ရှုပ်ကုန်သည်။

ကလေးကို မကယ်နိုင်ရင်တောင် မိခင်ကိုတော့ ရအောင် ကယ်ရတော့မည်။ ဆရာဝန်တွေ ဝင်လိုက်ထွက်လိုက်နှင့် အလုပ်ရှုပ်နေသည်။

လူနာကုတင်ပေါ်မှာ ဆုဆုက ငြိမ်သက်စွာလဲလျောင်းနေသည်။ အရမ်းအားနည်းနေပြီး သတိလစ်နေသလား သတိရှိသေးလားတောင် မဝေခွဲတတ်လေအောင်။

ဆုဆုကို အောက်ဆီဂျင်စက်တွေနဲ့ တပ်ထားကြတယ်။ လက်နှစ်ဖက်လုံးလည်း လိုင်းတွေ တင်ထားတာ။ တော်ကြာနေရင်း ဆေးတွေ လာလာထိုးကြပြန်သည်။

'ဆု. .' (မာတင်က ငိုသံကြီးနဲ့)

'ဆုဆု. .'

အခန်းထဲမှာလည်း မာတင်တစ်ယောက် ဆုဆုလက်ဖဝါးလေးကို ကိုင်ကာ တချိန်လုံး ကလေးကြီးတစ်ယောက်လို့ခေါ်နေသည်။

ဆုမျက်နှာတွေ သွေးမရှိသလို ဖြူဖတ်ဖြူရော်ဖြစ်နေပြီး မျက်လုံးတဝိုက်သာ ညိုမည်းနေသည်။ ကြည့်ရင်းနဲ့ ညိုမည်းနေသော ဧရိယာက ပို၍ပို၍ ကျယ်ပြန့်လာသယောင်

မာတင်စိတ်ရှုပ်ပြီး မောင်းထုတ်ထားသောကြောင့် ကိုရဲ၊ မရူပါနှင့်ပိုင်ပိုင်တို့တောင် အထဲမဝင်ရဲ၊ အခန်းအပြင်လေးမှာ ငုတ်တုတ်လေး ထိုင်စောင့်နေကြရသည်။

သေဆုသာ ပန်ပါရစေ အရှင်မင်းကြီး (Completed)Where stories live. Discover now