အပိုင်း (၅၃)က

3K 94 1
                                    

ညီလာခံတွင် တိဿဘောဂသေနမင်းကြီးက တရားစီရင်ချက်များကို ပြုလုပ်နေသည်။ သည်နေ့တစ်နေကုန် သူခိုးသူဝှက်၊ လာဘ်စား၊ လူသတ် စသည့်ပြစ်မှုမှန်သမျှ. .သေဒဏ်ချည်းသာ ကျခံစေသည်။

 မင်းကြီး ဒေါသက Level 99

ရာသီဥတုအခြေအနေလုံးဝမကောင်းမှန်း နောက်လိုက် မူးကြီးမတ်ရာများ အားလုံးက ရိပ်မိကြသည်။ သို့သော် အားလုံးကစိတ်ထဲမှ ကြိတ်၍ ဝမ်းသာနေကြ၏။


ဤသို့သော အခြေအနေတွင် ဆုဝဏ္ဍဒေဝီကို တောင်တွင်းကြီးဘုရင်ထံ ဆက်သံလိုက်ခြင်းသည် တစ်ပြည်လုံးအတွက် မဟာဖြေဆေးကြီး ရလိုက်သကဲ့သို့ပင်ဖြစ်သည်။ 

နောင် ၃ ရက်ကြာလျှင် ဆုဝဏ္ဍဒေဝီကို ပို့ဆောင်သော လှည်းတန်းက တောင်တွင်းကြီးပြည်သို့ ရောက်လိမ့်မည်။

ဝန်ရှင်တော်သံတမန်အဖွဲ့ကတော့ ယခုထိ စာမလာ သတင်းမကြားသေးပေ။

အားလုံးသိထားသည်က ထိသမျှ သတ္တုတိုင်းရွှေဖြစ်စေသော ပြဒါးရှင်လုံးကို သံတမန် အဖွဲ့သားများက မိဖုရားနှင့် လဲလှယ်ကြလိမ့်မည်။

ထိုပြဒါးရှင်လုံးသာ ရရှိခဲ့ပါလျှင် ပါဒပြည်အတွက် ငွေကြေးအင်အားများစွာ ရရှိနိုင်မည် ဖြစ်သည်။ ပြဒါးရှင်လုံးမှာ အနှစ် ၁၀၀ ကျော်အသုံးပြုခဲ့ပြီးဖြစ်သောကြောင့် သိဒ္ဓိဓါတ် ကုန်ဆုံးလုနီးပါးဖြစ်ပြီဟု တဖက်နိုင်ငံတွင် အလုပ်အကျွေး ပြုနေသော သူလျိုများမှတဆင့် ကောလဟာလများ ကြားသိထားသော်လည်း၊ ငွေကြေးကုံလုံပြည့်စုံလှသော တောင်တွင်းကြီး ပြည်က မျက်မြင်သက်သေပင် ဖြစ်သောကြောင့် ပြဒါးရှင်လုံးက နောက်ဆုံးမျှော်လင့်ချက်ဖြစ်သည်။

ထိုစဉ် ခြေမြန်တော် ဆပ်သားလေး တစ်ဦး နန်းညီလာခံသို့ အခစားဝင်လာခဲ့သည်။

"မှန်ပါမင်းကြီး နေပြည်တော်နှင့် ၂ ယူဇနာ အကွာမှာ ဝန်ရှင်တော်မင်းတို့ အဖွဲ့ ပြန်လည်ကြွချီလာ ကြကြောင်းပါ။ ပြဒါးရှင်လုံးလည်း အတူပါလာကြောင်း အထောက်တော်များက ခိုစာဖြင့် အကြောင်း ကြားထားကြောင်းပါ ဘုရား . ."

သေဆုသာ ပန်ပါရစေ အရှင်မင်းကြီး (Completed)Where stories live. Discover now