အပိုင်း ၁၄

4.9K 173 2
                                    

စိတ်ရောဂါအထူးကု ဆေးခန်းမှ မာတင်က ပြန်ထွက်လာသည်။ 

အလိုမကျနိုင်သော မျက်နှာဖြင့် ကားထဲသို့ဝင်ကာ ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။

ကားအရှေ့ခန်းတွင် ဒရိုက်ဘာ ဘေးမှာထိုင်နေသော ကိုရဲက မာတင်၏မျက်နှာပေါ်က စိတ်အလိုမကျမှုများကို နောက်ကြည့်မှန်ကနေ တဆင့် လှမ်းမြင်လိုက်မိသည်။ 

မာတင်၏ နက်က်တိုင်ကြိုးကို လက်တစ်ဖက်ထဲဖြင့် ဆွဲဖြည်နေရင်း

"ကိုရဲရေ ကျွန်တော့်ကို နောက်ထပ် ဆရာဝန်တစ်ယောက် ရှာပေးပါ". . . .


'ဟုတ်ကဲ့ဆရာ'


>>ထင်တဲ့အတိုင်းပဲ . . ဒီဒေါက်တာကိုလည်း မကျေနပ်ဘူးထင်တယ်. .။ ရှိသမျှ အတော်ဆုံး အထူးကု ဆရာဝန်တွေကိုလည်း လိုက်ပြနေတာပဲ.။ သူတကယ်ပဲ အရူးရောဂါ ရှိနေလို့များလား. ။<<


'ဆရာ . . အခု အိမ်တန်းပြန်တော့မှာလား. .။ 

ဒီနေ့ အောက်တိုဘာဖက်စ် ရှိတယ်ဆရာ . .Area 51 ဘားမှာ ကျွန်တော်တို့တွေ VIP card ရထားတယ်. . ဆရာအဲတာ သွားချင်မလားလို့'

"ဘယ်မှ မသွားချင်ဘူးကွာ . . ငါအရမ်းစိတ်ရှုပ်နေတယ် အိမ်ပြန်မယ်. . ဘားတွေဆို လူတွေ ရှုပ်ရှုပ်ရှပ်ရှပ်တွေနဲ့"

စိတ်ဓါတ်ကျနေသော လေသံဖြင့် ပြောလေသည်။


'သြော်မဟုတ်တာ ဆရာကလဲ. . ဆရာလည်း အခုတလော အလုပ်တွေများနေတာ ဆိုတော့ နည်းနည်းပါးပါးလောက် သောက်ပြီး စကားလေးဘာလေး အပျင်းပြေ ပြောကြရင် စိတ်ဖိစီးမှုတွေ လျော့သွားပြီး. . ဆရာများ စိတ်ကြည်သွားလေမလားလို့ . .။ 

ဒီလိုလုပ်ပါလား. . အဲ့ဒီ့ကို မသွားလည်း ကျွန်တော်တို့ ၂ ယောက်ထဲ အေးဆေး ထိုင်သောက်လို့ရတဲ့ နေရာလေး တစ်ခုခုလောက် သွားကြမလား ဆရာ. . '

မာတင်က လေသံပျော့ပျော့လေးဖြင့် ပြန်ဖြေသည်။


"လုပ်လိုက်လေ. . ကိုရဲ အဆင်ပြေမယ်ထင်တဲ့ နေရာတစ်ခုခုဆီသာ သွားပါ"

သေဆုသာ ပန်ပါရစေ အရှင်မင်းကြီး (Completed)Where stories live. Discover now