05

293 56 11
                                    

UNI...

ချယ်ရီပန်းအောက်ကအနမ်းနှင့်ဆက်စပ်နေတဲ့ထိုကိစ္စကို ကျွန်တော်ထုတ်မပြောပြလည်း ဒါလင်က ကျွန်တော်မှတ်မိနေမှန်း ရိပ်စားမိသွား‌သည်။သို့သော် ဒါလင်က ထိုကိစ္စအကြောင်း ကျွန်တော်ကို မရှင်းပြခဲ့သလို ကျွန်တော်ကလည်း အမှန်တရားကိုလည်း မမေးခဲ့။တစ်ယောက်တည်းကြိတ်မှိတ်ခံစားလျက် ဒါလင်ရဲ့ဂရုစိုက်မှုတွေကို ငြင်းပယ်ခဲ့သည်။

«အစ်ကို~»

ကျွန်တော်ကုတင်အနားရောက်လာတဲ့မင်ဟျောင်းကို အားယူ၍ ပြုံးပြလိုက်သည်။ကျွန်တော်နဲ့ဒါလင် စကားမပြောဘဲ တိတ်ဆိတ်သွားတိုင်း မင်ဟျောင်းက မျက်နှာလေးညှိုးနွမ်းသွားတတ်သည်။ကျွန်တော်တို့နှစ်ယောက်အစား သူကပူပန်နေတတ်သည်။ထို့ကြောင့် မင်ဟျောင်းကိုမြင်သည့်နှင့် ကျွန်တော် အဆင်ပြေကြောင်း  ပြုံးပြရသည်။တကယ် အဆင်မပြေပေမယ့် မင်ဟျောင်းအမြင်မှာ  ကျွန်တော် အဆင်ပြေနေတယ် ဆိုသည့် အသိစိတ်ဝင်သွားစေချင်သည်။အလကားသက်သက် ကျွန်တော့်အပူကို မင်ဟျောင်းကို မပေးချင်။အစ်ကိုတစ်ယောက်အနေနဲ့ ကျွန်တော်ဘက်က ဒီလောက်တော့ အတ္တကြီးချင်သည်။

«သက်သာလား..»

“အွန်း~သက်သာနေပါပြီ..အစ်ကို စိတ်မပူနဲ့ဟုတ်ပြီလား”

ကျွန်တော် မင်ဟျောင်းနဖူးပေါ်က ဆံပင်တွေကို သက်တင်ပေးပြီး ပြောလိုက်သည်။မင်ဟျောင်းကတော့ အနည်းငယ်စိတ်သက်သာရသွားသလိုမျိုး ပြုံးသွားပြီးမှ ကျွန်တော်ကို မရဲတရဲ ကြည့်လာသည်။

«အစ်ကို..ချယ်ရီပန်းအောက်က အနမ်းအကြောင်း မှတ်မိနေတယ်ဆို»

ကျွန်တော့်စိတ်ထဲ ဒါလင်ကို အနည်းငယ်စိတ်ပျက်မိသည်။ကျွန်တော်က ကျွန်တော့်ညီလေးကို မပူပန်စေချင်လို့ ကျွန်တော်အဆင်ပြေကြောင်း ပုံစံမျိုးစုံနဲ့ပြသခဲ့ပေမယ့် ဒါလင်ကတော့ ကျွန်တော် ဆေးရုံကုတင်ပေါ်လှဲလျောင်းနေသည့်အချိန်မှာ ကျွန်တော်အိပ်နေသည့်အထင်နှင့်
ကလေးတွေရှေ့မှာ ငိုယိုပြီး ပြောခဲ့သည်။သူ မှားသွားခဲ့တယ်တဲ့လေ။ထိုစကားက ဘာကိုဆိုလိုမှန်းမသိ‌သော်ငြား ဒါလင်မှာ ကလေးရှိခဲ့တယ်ဆိုတာ သက်သေပြနေသယောင် ကျွန်တော်ကို တွေးထင်စေသည်။

LOST MY MEMORIES Where stories live. Discover now