18

303 44 3
                                    

UNI .....

ဒီနေ့ မွေးနေ့ကိတ်ကို အကြိမ်ကြိမ်ခွဲ‌နေရပေမယ့် ဆုတောင်းခြင်းမျိုးမလုပ်ဘဲ  ဒီအတိုင်း ဖယောင်းတိုင်းပဲမှုတ်ဖြစ်တယ်။လက်ဆောင်တွေအများကြီး ရသည့်တိုင်း မပျော်ရွှင်ခဲ့ဘူး။အလွမ်းဒဏ်နှိပ်စက်ပြီး သိသိသားသားမျက်နှာပျက်နေသည့်ကျွန်တော်ကို အစ်ကိုရော၊အစ်ကိုချန်းယောလ်က ‌အရိပ်တကြည့်ကြည့်နှင့်၊ပျော်ရွှင်အောင် လုပ်ပေးကြသည်။သို့သော် ကျွန်တော့်စိတ်က ဟယ်ချန်းနီးဆီမှာသာ။

ရှည်လျားလှသည့်စားပွဲပေါ်မှာ စားစရာတွေအပြည့်နှင့်စကားသံတွေဖြင့် ဆူညံ့နေသည့်အခန်းလေးက ကျွန်တော်ကို သိသိသားသား အထီးကျန်စေသည်။မွေးနေ့ဂုဏ်ပြုသံတွေကို ဆက်တိုက်ကြားရသည့်ဒီနေ့ကို ကျွန်တော် ပျော်သင့်တာ သိပေမယ့် မပျော်နိုင်။

ဒီနေ့မှ ဟယ်ချန်းနီးကို အရမ်းလွမ်းနေတယ်။

“ဟေ့ကောင်!မင်ဟျောင်း ဝန်ထမ်းတွေအရှေ့မှာ  နည်းနည်းပါးပါး ပြုံးထားစမ်းပါ!တော်ကြာ သူတို့လုပ်ပေးတဲ့ကိတ် မကြိုက်ဘူး ထင်နေဦးမယ်”

နာမည်ကြီးဟိုတယ်တစ်ခုမှာ ဝန်ထမ်းတွေကို ညစာ လိုက်ကျွေးရာမှ မွေး‌နေ့ကိတ်ဖြင့် ကျွန်တော်ကို surprise တိုက်ကြသည်။ဒါကိုပင် အံ့ဩမှုမရှိဘဲ ငြိမ်နေသည့်ကျွန်တော်ကို အစ်ကိုချန်းယောလ်က လက်တို့ကာ သတိပေးလာသည်။

မျက်နှာကို အနည်းငယ်ပြုံးလိုက်တော့...

“ဒီလိုမှပေါ့။မင်းက လိမ္မာရဲ့သားနဲ့”

ကျွန်တော့်ခေါင်းကို လက်ဖြင့် ပွတ်သတ်ပြီး ပြောလာသည့်အစ်ကိုချန်းယောလ်အပြောမှာ ချက်ချင်းကြီး ငိုချင်လာသည်။ဘာလို့ ဟယ်ချန်းနီးပြောခဲ့တဲ့စကားနဲ့  ချွတ်စွပ်တူအောင် ပြောနေရတာလဲ။

“မင်ဟျောင်း မွေးနေ့လက်ဆောင် ဘာလိုချင်လဲ”

အစ်ကိုက ဝိုင်သောက်ရင်း ကျွန်တော်ကို မေးလာသည်။

«လိုချင်တာရယ်လို့ မရှိသေးဘူး»

“ရှိရင် ပြော။အစ်ကိုက ဝယ်ပေးမယ်”

ကျွန်တော်လိုချင်တာကို အစ်ကို ဝယ်ပေးနိုင်မှာ မဟုတ်ဘူး။ဈေးအရမ်းကြီးလွန်းတယ်။တန်းဖိုးလည်း ဖြတ်လို့မရဘူး။

LOST MY MEMORIES Where stories live. Discover now