13

220 41 2
                                    

UNI...





{အသက်(၂၂)နှစ်ပြည့်မွေးနေ့ပွဲက ကျွန်တော်အတွက် အမှတ်ရဆုံးနှင့် အပျော်ဆုံး မွေးနေ့ပွဲဖြစ်၏။လက်ထပ်ခွင့်တောင်းသည့်ကို ဟန်နီကမျက်ရည်တွေဖြင့် ဝမ်းသားပျော်ရွှင်စွာ လက်ခံခဲ့ပြီး မွေးနေ့လက်ဆောင်အနေနဲ့ ဟန်နီရဲ့ပထမဆုံးကို ရရှိခဲ့သည်။နောက်နေ့ မနက်မှာ ဟန်နီက မျက်နှာရဲရဲလေးဖြင့် ကျွန်တော်ကို ရှက်နေခဲ့ပြီး ရင်ခွင်ထဲ တိုးဝင်ကာ ငိုလာသည်။

«အိမ်မက်လို ထင်နေတုန်းပဲ။ချန်းယောလ်က ကျွန်တော်ကို လက်ထပ်ဖို့ ရည်ရွယ်ထားခဲ့မှန်း မသိခဲ့ဘူး»

ဟန်နီ ဘာကို မယုံနိုင်ဖြစ်နေသလဲဆိုတာ ကိုယ်သိတာပေါ့။ကိုယ်က မင်းကို အများကြီး နာကျင်အောင်လုပ်ခဲ့တဲ့သူဆိုပေမယ့် အဲ့ဒါတွေက
ကိုယ် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ မသိဘူး
ဟန်နီ။

«ကိုယ် ဟန်နီကို ချစ်ခဲ့တာ ခဏတာ အပျော်သက်သက်မဟုတ်ဘူး။ထာဝရအထိ ရည်ရွယ်ပြီး ချစ်ခဲ့တာ»

ဟန်နီလက်မှာ ဝတ်ထားသည့် လက်စွပ်လေးကို ဖွဖွလေး နမ်းပြီးဆိုလိုက်လေတော့ ဟန်နီက သူ့လက်ချောင်းလေးတွေနဲ့ကျွန်တော့်လက်ချောင်းလေးတွေကို ထောင်ပြီး ကြည့်လာသည်။

"လှတယ် မဟုတ်လား"

"အွန်း။အရမ်းလှတယ်"

အပြုံးပန်းလေးတွေဖြင့် ဟန်နီက နှစ်လိုဖွယ်ကောင်းသည်။

«ချစ်တယ် ချန်းယောလ်»

ဟန်နီက ကျွန်တော့်ပါးတစ်ဖက်ကို နမ်းရင်းပြောလာသည်။ဒီကောင်လေးက ကျွန်တော်ကို အမျိုးမျိုး ပြုစားနိုင်လွန်းတယ်။

‌မျက်လုံးဝိုင်းဝိုင်းလေးတွေက အရည် ကြည်တစ်ချို့လဲ့နေပြီး အဖြူရောင်ပွပွဖားဖားအဝတ်ကြား နီတာရဲလေးဖြစ်နေသည့်ဟန်နီက သိပ်အသည်းယားဖို့ကောင်းသည်။ကျွန်တော်ပေးထားသည့် နီရဲနေသည့်အမှတ်သားလေးတွေက ခန္ဓာကိုယ်အနှံ့နေရာယူထားပြီး ကိုက်ခဲထားသည့်ဒဏ်ရာတစ်ချိူ့ကလည်း သွေးခြေအုနေသည်။

« ကိုယ် ညက အရမ်းကြမ်းသွားသလား»

နီတာရဲလေးဟန်နီက ကျွန်တော်ကို ရေးရေးလေး ပြုံးပြလာသည်။

LOST MY MEMORIES Where stories live. Discover now