15

214 46 6
                                    

UNI....

{ကားတိုက်မှုကြောင့် အိပ်ရာထက် မေ့လျော့နေသည့်ဟန်နီ့မျက်နှာနုနုလေးကို ကြည့်ပြီး အကြိမ်ကြိမ် ငိုကြွေး‌နေရသည်။ဟန်နီက
တပ်ထားတဲ့စက်ကိရိယာအားကြိုးနှင့်သာ အသက်ရှုနိုင်သည်။ထိုကိရိယာတွေသာ ဖြုတ်ပစ်လိုက်ရင် သေလူလို့ ဖြစ်သွားမလား။ပြင်းပြင်းထန်ထန် ထိခိုက်ထားသည့်ခေါင်းက ဒဏ်ရာကို မြင်တိုင်း ဟန်နီအစား နာကျင်လွန်းလို့ ကျွန်တော်သာ ဖြစ်လိုက်ချင်သည်။

သတ်မှတ်ထားသည့် မင်္ဂလာဆောင်နေ့မှာ ဟန်နီသတိပြန်ရလာပါစေ ဆုတောင်းခဲ့ပေမယ့် မပြည့်ခဲ့ဘူး။ဟန်နီ အနားမှာ အချိန်ပြည့်ရှိနေ‌ခဲ့ပေမယ့် မျက်နှာနုနုလေးကို ကြည့်ပြီး အလွမ်းပိုရသည်။ပါးဖောင်းဖောင်းလေးတွေကို ငုံနမ်းမိတိုင်း စိတ်ဆိုးမာန်ဆိုးဖြင့် မျက်စောင်းခဲကာ ‌စိတ်ကောက်ချင်ယောင်ဆောင်တတ်သည့်ပုံရိပ်ဟောင်းလေးကို တမ်းတရင်း လွမ်းရပြန်သည်။

တစ်လရှိပြီ။ဟန်နီက ကျွန်တော်ကို မေ့ပြီး အိပ်ရာထက် လှဲလျောင်းနေတာ ကျွန်တော်အတွက် ငရဲကျနေသလိုပဲ။ပူလောင်ပြီး နာကျင်ရသည်။

ကျွန်တော့်နည်းတူ ငိုယိုနေတဲ့မင်ဟျောင်းက မျက်နှာလေးရဲလို့ သူ့အစ်ကိုအနား ဒီနေ့ နေချင်တယ် ဆိုကာ ခွင့်တောင်းလာသည်။ဟန်နီ အခုလို ဖြစ်တာကို မင်ဟျောင်းက သူ့ကိုယ်သူ အပြစ်တင်နေတာကြောင့် အမြဲတမ်း နှစ်သိမ့်ပေးနေရသည်။တကယ်ဆို မင်ဟျောင်းအမှားမဟုတ်ဘူး။
ကျွန်တော့်အမှား။ကျွန်တော် မကောင်းလို့ ဟန်နီအခုလို ဖြစ်တာ။မင်ဟျောင်း တောင်းဆိုသလို ချယ်ရီပန်းပွင့်တွေ သွားမကြည့်ခဲ့ရင်လည်း
ဆောယွန်းက ကျွန်တော်ဆီ ရောက်လာမှာ သေချာတယ်။

ကျွန်တော် အပြင်ရောက်ပြီး သိပ်မကြာခင်မှာ
မင်ဟျောင်းက ဖုန်းဆက်လာသည်။ဟန်နီ သတိရပြီတဲ့လေ။အပြေးအလွှားရောက်လာသည့်ကျွန်တော်ကို ဟန်နီက ခပ်စူးစူးစိုက်ကြည့်လာသည်။မင်ဟျောင်းကတော့ သူ့အစ်ကို သူကို
မမှတ်မိဘူးဆိုကာ ဟယ်ချန်းရင်ခွင်ထဲ တိုးဝင်ပြီး
ရှိုက်ကြီးတငင်ငိုနေသည်။ဟန်နီ ပုံစံလေးကို ကြည့်ပြီး အောက်နှုတ်ခမ်းကို ခပ်နာနာဖိကိုက်ပြီး အပြစ်ပေးမိတယ်။ကျွန်တော်က သေသင့်တဲ့အကောင်။

LOST MY MEMORIES Where stories live. Discover now