16

281 42 2
                                    

UNI....

ဒီနေ့  စာမေးပွဲနောက်ဆုံးနေ့ ဖြစ်တာကြောင့် စိတ်တွေ ထိုင်းမှိုင်းနေသည်။မနက်ဖြန်ဆို ကိုရီးယားကိုပြန်ရမှာမို့ လူက အလိုလိုနေရင်း ဝမ်းနည်းလာသည်။တွေးရင်း တွေးရင်း ငိုချင်လာတာကြောင့် စာမေးပွဲခန်းထဲမှာ အမြန်ထွက်လာခဲ့သည်။
မင်ဟျောင်းအခန်းကို ဦးတည်နေတဲ့ကျွန်တော့်ခြေလှမ်းတွေက တတ်ကြွနေပေမယ့် စိတ်ထဲမှာတော့ ငိုချင်နေသည်။မင်ဟျောင်းမျက်နှာလေးကို မြင်ရင် ငိုချမိမလား မသိဘူး။

မင်ဟျောင်းနဲ့ ခွဲရမှာ  ထင်တာထက် ပိုပြီး ခက်ခဲနေသည်။မင်ဟျောင်း ဘွဲ့ယူမည့်အချိန် အနားမှာ
မရှိပေးနိုင်တာကိုလည်း တွေးရင်း ဝမ်းနည်းလာသည်။ဒယ်ဒီနဲ့သာ အပေးအယူမလုပ်ခဲ့ရင် ကျွန်တော်ဆိုတဲ့ကောင်က ကိုရီးယားပြန်ဖို့ စိတ်ကူး မရှိဘူး။မင်ဟျောင်းအနားမှာ တဖွာမှ
မခွာဘဲ နေချင်တယ်။ကနေဒါကိုရော ကနေဒါမှမွေးဖွားလာတဲ့ကောင်လေးကိုရော သိပ်ချစ်တာကြောင့် ဒီအရပ်၊ဒီဒေသကို စွန့်ခွာဖို့ အတွေးထဲမှတောင် မရှိခဲ့ဖူးဘူး။

စာဂျပိုးလေး  အခန်းထဲမှာ ထွက်လာမဲ့အချိန်ကို စောင့်ရင်း စိတ်ကို အသင့်ပြင်ထားလိုက်သည်။
ကျွန်တော်သာ ငိုမိလိုက်ရင် မင်ဟျောင်းက ငိုလို့ပြီးတော့မှ မဟုတ်ဘူး။

«ဟယ်ချန်းနီး~»

ဘာမှမသိသေးတဲ့မင်ဟျောင်းက ကျွန်တော်ကို  မြင်သည့်နှင့် ပြုံးပြလာသည်။

«ဖြေနိုင်လား»

အတတ်နိုင်ဆုံး မင်ဟျောင်းကို ပြုံးပြရင်း မေးလိုက် သည်။

«ကိုယ်က ဘယ်သူမို့လဲ»

«ကျွန်တော့်ကောင်လေးလေ»

«အဖြေမှန်တယ်။ကိုယ်ဆီက အနမ်းယူ»

ပြောရင်း ပါးလေးကို လာနမ်းသည်။အခုတလောမင်ဟျောင်း  စကားတွေတတ်လာတယ်။

«ကျွန်တော်တို့ ဒီည အသားကင်စားကြမလား»

«ကောင်းသားပဲ။အစ်ကို ,ကို စောစောပြန်လာဖို့ ဖုန်းဆက်လိုက်မယ်»

«အင်း»

နှစ်ယောက်သား ကားဂိတ်ကို စကားတပြောပြောနှင့် လျှောက်လိုက်ခဲ့သည်။မင်ဟျောင်းကတော့
ညကျ စားဖို့၊သောက်ဖို့ တိုင်ပင်ရင်း တတ်ကြွနေသည်။မင်ဟျောင်းက ကောင်းလိုက်တာ။ မနက်ဖြန် ဘာဖြစ်မလဲဆိုတာ မသိဘူး။

LOST MY MEMORIES Where stories live. Discover now