17

248 57 14
                                    

UNI....

ဟန်နီက ကျွန်တော်ရဲ့ဒိုင်ယာရီ စာအုပ်ဖတ်ပြီးနောက်ပိုင်း ကျွန်တော့်အနား အမြဲကပ်ချွဲလာတတ်သည်။တစ်ခါတစ်လေ စာအုပ်ထဲမှာ ကျွန်တော့်ရေးထားသည့်စာကြောင်းတချို့ကို ကျွန်တော် အရှက်ရသည့်အထိ ရွတ်ပြပြီး ကျီစားတတ်ပြန်သည်။သို့သော် မရေးသားဘဲ ချန်လှန်ထားသည့် အဖြူရောင်စာရွက်အလွတ်တွေအကြောင်းကို‌တော့ ယောင်လို့ပင် မမေးလာဘူး။ကျွန်တော်ကို ဘာသံသယမှ မဝင်ဘဲ အကြွင်းမဲ့ယုံကြည်နေသည့်ဟန်နီ့စိတ်ကလေးကို သိရတော့ အဆတိုးလို့ အချစ်ပိုရသည်။ဟန်နီက ငတုံးကောင်လေးတစ်ယောက်မဟုတ်သောလည်း ကျွန်တော်အတွက်ဆို ငတုံးလေးတစ်ယောက်လိုမျိုး နေပေးသည်။သူသိလည်း မသိသလိုပဲ။ကျွန်တော့်စိတ်ချမ်းသားအတွက် သူသိသမျှ  အကုန် လစ်လျူရှုထားတတ်သည်။

ဟန်နီ့စိတ်ထဲ အဖြူရောင်စာရွတ်လွတ်တွေအကြောင်း သိချင်စိတ် ပြင်းပြနေမှာ ကျွန်တော်သိတယ်။ဒါပေမယ့် ထိုကိစ္စကို ဟန်နီဘက်က ဒီတစ်သက်လုံး ကျွန်တော်ကို မေးလာမှမဟုတ်ဘူး။ဟန်နီ့စိတ်ထဲမှာ ထိုအကြောင်းအရာတွေက ကျွန်တော့်နာကျင်ရမဲ့ကိစ္စဆိုတာ တွက်ချက်ပြီးသားမို့ ဖြစ်၏။

*အတိတ်ကို ပြန်မှတ်မိချင်တယ် *ခဏ ခဏပြောတဲ့ဟန်နီက အခုနောက်ပိုင်း ထိုကိစ္စတွေကို ခေါင်းထဲက ထုတ်ပစ်ပုံရသည်။ဘာအကြောင်းမှ မဟဘဲ နှုတ်ပိတ်နေသည်။သူ့ကိုယ်သူ အတိတ်မေ့နေတဲ့သူတစ်ယောက်ဆိုတာ မေ့သွား‌နေသည့်အထိ အခုလက်ရှိမှာ ကောင်းကောင်းရှင်သန်နေထိုင်နေသည်။

အတိတ်ကို မှတ်မိရင် ထားသွားမလား၊ ဒီလို အတွေးဖြင့် တစ်ဖက်သက်တွေးကြောက်နေတဲ့ကျွန်တော်အဖို့ ဟန်နီရဲ့အချစ်တွေ၊ဟန်နီရဲ့အပြုံးတွေက ငြိမ်းချမ်းရာဖြစ်နေသည်။ထို့အပြင် အမှတ်မရှိတဲ့ဟန်နီက ကျွန်တော်လုပ်ခဲ့သမျှကို ခွင့်လွှတ်ဖို့ ကြိုးစားနေမဲ့သူလည်း ဖြစ်၏။

ကျွန်တော်အပေါ် ထားတဲ့ဟန်နီအချစ်က ကမ္ဘာပေါ်မှာ ရှိတဲ့  ရှိရှိသမျှ အရာတွေထက် တန်ဖိုးကြီးသည်။

“ဒါလင်”

ဟန်နီက တကယ်ကို မလွယ်တဲ့ကောင်လေးပါ။ရေချိုးပြီးသည့်နှင့် ကျွန်တော့်အနား ချက်ချင်းရောက်လာပြီး အလုပ်လုပ်နေတဲ့သူကို လာကပ်ချွဲ၏။

LOST MY MEMORIES Where stories live. Discover now