08

243 53 9
                                    

UNI....


ရင်းနှီးတဲ့ရင်ခွင်ကျယ်ဆီမှာ အပ်နေတဲ့မျက်နှာကို ခွာပြီး မျက်နှာချောချောလေးကို မော့ကြည့်လိုက်သည်။ နှုတ်ခမ်းမွှေးရေးရေးလေးတွေကို မြင်တော့ *ရိတ်ပေးရဦးမယ်*လို့ တွေးလိုက်မိသည်။
ပန်းဆီရောင်နှုတ်ခမ်းဖူးဖူးလေးကို မြင်တော့ မနေနိုင်စွာ အနမ်းခြွေမိသည်။ကျွန်တော့်ဒါလင်က အိပ်နေတဲ့အချိန်မှာလည်း ချောနေတုန်းပဲ။ဘယ်ဘဝက ဆုတောင်းတွေကြောင့် ဒါလင်က အရမ်းချော၊အရမ်းမိုက်နေရတာလဲ။ဒါလင်ကို ကြည့်ရင်း,ကြည့်ရင်းနှင့် ချစ်စိတ်က တဖြည်းဖြည်း တိုးလာသည်။ဒါလင်က တကယ်ချောတာပဲ။အဲ့ဒါကြောင့် ကျွန်တော်က ကြွေသွားတာနေမယ်။ဒါလင်နဲ့စတွေ့တုန်းက မှတ်ဉာဏ်တွေ ပြန်ရချင်လိုက်တာ။ကျွန်တော် ဒါလင်ကို ဘယ်လောက်ထိ ကြွေဆင်းသွားတာလဲဆိုတာ သိချင်သည်။

ဒါလင့်မျက်နှာလေးကို ငေးကြည့်ရင်း မနေ့က အဖြစ်အပျက်တွေကို တွေးလျက် ပြုံးမိပြီးမှ ဒါလင့်မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီကို လက်ဖြင့် တို့ထိနေမိသည်။ဒါလင် ဒီအတောင်အတွင်း အရမ်းပင်ပန်းနေခဲ့တယ် မဟုတ်လား ။ကျွန်တော်ကို မနမ်းမိအောင်ထိန်းချုပ်ခဲ့လို့လေ။

ခက်ခဲ၊ပင်ပန်းစွာ ထိန်းချုပ်ထားပြီးမှ ပွင့်အ ,လာတဲ့ဒါလင့်အနမ်းကို အမှီလိုက်သိမ်းဆည်ရင်း ကျွန်တော့်အားအင်တွေကုန်ခမ်းသွားသလို ခံစားရသည်။ဘာလို့ဆို‌တော့ ဒါလင်က ကျွန်တော်ကို နာရီပေါင်းများစွာ နမ်းခဲ့တာကြောင့်ဖြစ်သည်။ပြီးတော့ ကျွန်တော်ဆုတောင်းတွေလည်း ပြည့်ခဲ့သည်။အတိတ်က နာကျင်စရာမှတ်ဉာဏ်တွေကို နည်းနည်းမျှ ပြန်သတိမရခဲ့ဘူး။ဒါလင်အနမ်းတွေမှ အာရုံအပြည့်စိုက်ခဲ့ရတာကို ကျွန်တော် သဘောကျသည် ။ပြီးတော့ ကျွန်တော်ကို ဝါးစားမတတ်နမ်းခြိုက်လာတဲ့ဒါလင့်ပုံစံကိုလည်း သဘောကျသည်။နောက်ပိုင်း ဒါလင်နဲ့ပွေ့ဖတ်တိုင်း နာကျင်စရာမှတ်ဉာဏ်တွေ လုံးဝ ပြန်မပေါ်လာရင် ကောင်းမယ်။

“အသည်းယားလိုက်တာကွာ”

ဒါလင်က မျက်လုံးတွေ ဖျတ်ခနဲ့ဖွင့်လာပြီး ကျွန်တော့်နှုတ်ခမ်းကို သူ့လက်ဖြင့် ဖျစ်ညစ်ကာဆိုလာလေသည်။မနာပေမယ့်  ဒါလင်ကို မျက်စောင်းထိုး၍ စိတ်ကောက်လိုက်သည်။ကျွန်တော်ရဲ့ထိုအပြုအမှုကို  အသည်းတွေယားသွားတဲ့ဒါလင်က ကျွန်တော့်ကိုယ်လုံးကို ပိုတိုးလို့ ဖက်လာသည်။ပြီးတော့ ခြေထောက်တွေကလည်း ဘေးတ‌စောင်းဖြစ်နေတဲ့ကျွန်တော့်ကိုယ်ပေါ် အတင်းခွ၍ ဖိလာသည်။

LOST MY MEMORIES Where stories live. Discover now