အပိုင်း(11)

4.1K 359 34
                                    

ဟီးဟီး

" ဒီမှာခင်ဗျား သူများကို လန့်အောင်လုပ်ပြီး တော်တော်သဘောကျနေတယ်ပေါ့လေ

တဟီးဟီးနဲ့ ရီနေတဲ့သူကို‌ ခွပ်ဒေါင်း ပိတ်ဟောက်လိုက်တယ် သူများလန့်သွားတာကို ရီစရာများမှတ်နေလားမသိ တကယ်အကြင်နာတရားမရှိတဲ့သူ လူမှာတော့ မသေတာတစ်မယ်ဘဲ

"မဟုတ်ရပါဘူး ဖင်ပြောင်လေးရယ် ဒီတိုင်းသဘောကျလို့ပါ

နွေဦး အစွယ်တွေပေါ်အောင်ပြုံးပြပြီပြောလိုက်ပေမဲ့တစ်ကယ်လူဂွစာပြန်ပြောပုံကရိုက်သတ်ချင်စရာ

"ဘောကိုသဘောကျတာလား

" မင်းမမိုက်ရိုင်းနဲ့နော်

"ခင်ဗျားဘာလို့လူကို လန့်အောင်လုပ်လဲ

" ငါဘာသာအိမ်ပြန်လာတာလေ မင်းကိုသက်သက်ခြောက်တာမှမဟုတ်တာ

"ခင်ဗျားက ဘာလို့ ညကြီးကျမှာကိုယ်အိမ်ကိုမနေဘဲဘာလို့လျောက်သွားနေတာလဲ

"တောင်ပိုင်းက ကလေးနေမကောင်းလို့ သတင်းသွားမေးရင်  စကားကောင်းနေတာနဲ့ နောက်ကျသွားတာ

" ဖြစ်ရမယ် မိန်းမလဲမဟုတ်ဘဲနဲ့ တော်တော်စကားများတယ်

"များတော့ဘာဖြစ်လဲ ကိုယ်ပါးစပ်နဲ့ကိုပြောတာလေ

ရှေ့ကလူကဒေါသထွက်နေပြီမလို့ ခွပ်ဒေါင်းလဲ ဘာမပြောလဲငြိမ်နေလိုက်တော့တယ် ကိုယ်က စေတနာနဲ့ ပြောတာကို လူကို ကျေးဇူးမတင်ဖင်လှန်ပြနေတာ

"အိပ်တော့မယ်

"အဲ့တော့

"ပြန်တော့

ဟုတ်သားဘဲဒါခွပ်ဒေါင်းအိမ်မှာမဟုတ်တာ

"ဘာလို့အတင်းနှင်ထုတ်နေတာလဲပြန်မှပေါ့

"အခုပြန်တော့ မနက်ကျကျောင်းသွားရအုံးမှာ  မင်းလို အားယား‌ နေတဲ့သူမဟုတ်ဘူး

" ဘယ်သူကရော အားယားနေလို့လဲ ရွာထဲမှာ သူခိုးတွေရောက်နေတယ်လို့ပြောသံကြားလို့   ခင်ဗျားတစ်ယောက်ထဲမအိပ်ရဲမှဆိုးလို့လာစောင့်ပေးတာ

"အိပ်ရဲတယ်

နွေဦး နှစ်ခါမစဉ်းစားဘဲပြန်ဖြေလိုက်တယ် သူအကြောင်းမသိတာဆိုတော့

ဒေါင်းWhere stories live. Discover now