281-285

288 22 0
                                    

အခန်း ၂၈၁
၁၅ မိနစ်လောက်စောင့်ပြီးတော့မှ လုကျင်းနန် ကားကိုတွေ့လိုက်ရသည်။
တိုက်ဆိုင်စွာနဲ့နေရောင်က စံအိမ်တစ်ခုလုံးကို အနီရောင်သမ်းနေစေသည် နေရောင်က မိန်ရှုဥယျာဉ်ရဲ့ အဖြူရောင်နံရံတွေကိုအလင်းပြန်ပြီး ကမ္ဘာတစ်ခုဖြစ်နေသလိုပင်
လုကျင်းနန် ဝင်လာတော့ ချင်းအန်းဟောင် ခြံစည်းရိုးအပြင်မှာ ရပ်နေတာမြင်လိုက်ရသည်။ နေရောင်အောက်မှာ သူမက မက်မွန်ရောင် ဂါဝန်ရှည်နဲ့ အသားကလည်းနှင်းလိုဖြူပြီး ဆံပင်ရှည်တွေကလည်း ခါးထိဖြာကျလို့နေသည်။ သူမက သိပ်လှသည်။
ထိုမြင်ကွင်းက မမေ့နိုင်လောက်တဲ့ မြင်ကွင်းမျိုးပင်
လုကျင်းနန် ချင်းအန်းဟောင်ကို ငေးနေမိသည် သူမကလက်ပြမှ လက်တွေ့ကိုပြန်ရောက်လာတော့သည် ထို့နောက် ဘရိတ်ကို အမြန်နင်းလိုက်ပေမယ့် ကားက ချင်းအန်းဟောင်ရဲ့ ၃ မီတာအကျော်လောက်မှ ရပ်သွားသည်။
လုကျင်းနန်က ကားကိုနောက်ဆုတ်ပေးမလိုလုပ်တုန်းမှာပဲ ချင်းအန်းဟောင်က လျှောက်လာခဲ့သည်။ သူမက ငုံ့ကာ လုကျင်းနန်ကို ကားပြတင်းပေါက်နေ ကြည့်လိုက်ပြီးမှ တံခါးဖွင့်ပြီး ဝင်လိုက်သည်။
ချင်းအန်းဟောင်ကို လာမကြိုခင် လုကျင်းနန်က ရှုကျင့်မု ဆံပင်စတိုင်လ်ကို သွားပြင်ခဲ့ပြီးပြီပင် သူ့မျက်နှာမှာလည်း အမာရွတ်အတုတွေတပ်ထားပြီးတော့ ရှုကျင့်မု မျက်ခုံးမွှေးလည်းဆွဲလာခဲ့သည်။ သူသေချာပြင်ဆင်လာခဲ့တာပင်
ရှုကျင့်မုက အလိုလိုက်ခံထားရတဲ့ သခင်လေးပင် ပြီးတော့ လုကျင်းနန်ကျ အေးစက်ပြီး ဖော်ရွေမှုမရှိတဲ့သူ ပုံစံကတူပေမယ့် သူတို့က လုံးဝ ကွဲပြားတဲ့လူတွေပင်
ချင်းအန်းဟောင်ကသာ လုကျင်းနန်ကသူမနဲ့တူတူကြီးပြင်းလာတဲ့ ရှုကျင့်မု ယောင်ဆောင်ထားတယ်ဆိုတာ မသိရင် သူမရှေ့ကလူက ရှုကျင့်မုယောင်ဆောင်ထားတဲ့သူလို့ပဲ ထင်မှာပင်
ရှုကျင့်မု မွေးနေ့ပွဲက ရှုမိသားစု စံအိမ်မှာပဲ ကျင်းပတာပင် မိန်ရှုဥယျာဉ်နဲ့လည်းသိပ်မဝေးဘူး ဒါမဲ့လည်း အလုပ်ဆင်းချိန် ဖြစ်တာရယ် ကားလမ်းနည်းနည်းပိတ်တာကြောင့်ရယ်နဲ့ ရှုမိသားစုစံအိမ်ရောက်ဖို့ မိနစ် လေးဆယ်လောက်တော့မောင်းလိုက်ရသည်။
မွေးနေ့ပါတီက ည ၈ နာရီစမှာပင် ခုမှ ၇ နာရီဆိုတော့ ၁ နာရီလောက်လိုနေသေးသည်။ ဧည့်သည်တွေလည်းမရောက်သေးတာကြောင့် ကြီးမားတဲ့ခြံဝင်းကြီးက ရှင်းလင်းလို့
လုကျင်းနန်က နေရာလွတ်တစ်ခုတွေ့ပြီး သူ့ကားကို ထိုးလိုက်သည်။ ထို့နောက် သူနဲ့ချင်းအန်းဟောင်နဲ့ တံခါးစီလျှောက်သွားလိုက်သည်။ လူကြီးလူကောင်းတစ်ယောက်လို လုကျင်းနန် တံခါးဘဲလ်ကိုနှိပ်လိုက်သည် ဆယ်စက္ကန့်လောက်နေတော့ တံခါးဖွင့်သံကြားလိုက်ရသည် တံခါးကပွင့်လာပြီး ရှုမိသားစု ကိုနှစ်ပေါင်းများစွာ အလုပ်အကျွေးပြုလာတဲ့အိမ်ထိန်းက ရပ်လို့နေသည် သူက ဟန်မိသားစုက လာတာပင် ဟန်ယုချု ဒီမိသားစုနဲ့လက်ထပ်ကတည်းက ပါလာတာဆိုပါတော့
အိမ်ထိန်းက ဘေးကိုဖယ်ပေးလိုက်ပြီး ချင်းအန်းဟောင်နဲ့ လုကျင်းနန်ကို ဝင်ခိုင်းလိုက်သည် ထို့နောက် အိမ်ထဲကို "သခင်ကြီး မဒမ် မမလေး အန်းဟောင် ရောက်လာပြီ"
သိသိသာသာကြီး ချင်းအန်းဟောင်နဲ့လုကျင်းနန် ရပ်နေတာကို ချင်းအန်းဟောင်ကိုပဲခေါ်သွားတာပင်
သူတို့ ဝင်ပေါက်ရောက်တော့ ဟန်ယုချုက ချင်းအန်းဟောင်ကိုနှုတ်ဆက်လိုက်သည်။
ဟန်ယုချုက ပုခုံးပေါ်ဝတ်စုံနဲ့ ပတ္တမြားလည်ဆွဲကိုဆွဲလို့ထားသည် ကြည့်ရတာ ကျက်သရေရှိလို့ (မျက်ခွက်မပါဘူး) အိမ်ထိန်းလိုပဲ သူမက ချင်းအန်းဟောင်ကိုပဲ စကားပြောသည်။ "ချင်းချင်းရောက်ပြီပဲ"
ချင်းအန်းဟောင်လက်ကိုဆွဲကာ စိတ်အားထက်သန်စွာအိမ်ထဲခေါ်သွားလိုက်သည် လုကျင်းနန်ကို စလာကတည်းက ကြည့်တောင် မကြည့် လေလိုပဲ

အခန်း ၂၈၂
ဟန်ယုချုက ချင်းအန်းဟောင်ကိုထိုင်ဖို့ခေါ်သွားပြီးတော့ အိမ်ထိန်းကိုလည်း လက်ဖက်ရည်ဖျော်ခိုင်းလိုက်သည် လုကျင်းနန်ကိုတောင် ထိုင်ဖို့တောင်မပြော သူမလှည့်ကာ ချင်းအန်းဟောင်ကိုကြည့်လိုက်ပြီးတော့ ဂရုတစိုက်မေးလိုက်သည်။ "ချင်းချင်း ခုတလော ဘာတွေလုပ်နေလဲ ရိုက်ကူးရေးလုပ်ရတာ ပင်ပန်းလား"
"မပင်ပန်းပါဘူး" ချင်းအန်းဟောင်က ယဉ်ကျေးစွာ ပြန်ဖြေလိုက်သည်။
"ကောင်းတာပေါ့ ပင်ပန်းရင် ရိုက်ကူးရေးလုပ်မနေနဲ့ ချင်းမိသားစုမှာ အလုပ်မလုပ်ချင်ဘူးလို့ပြောတယ်ဆို ရှုမိသားစုကိုဝင်ဖို့ စီစဉ်ပေးလို့ရ...." ဟန်ယုချူပြောနေတုန်းမှာပဲ အိမ်ထိန်းက လက်ဖက်ရည် သုံးခွက် ယူလာခဲ့သည်။
အိမ်ထိန်းက တခွက်ကို ဟန်ယုချူရှေ့ တခွက်ကို ချင်းအန်းဟောင်ရှေ့ချပြီးတော့ နောက်ဆုံးခွက်ကိုတော့ စားပွဲပေါ်ဒီတိုင်းတင်ထားခဲ့သည် လုကျင်းနန်ကို အအေးတခွက်တောင် မသဒ္ဒါ ရှိုးသက်သက်ပဲ ခွက်က
ချင်းအန်းဟောင်က အိမ်ထိန်းကိုကျေးဇူးတင်လိုက်ပြီးမှ ဟန်ယုချူကို "ရိုက်ကူးရေးလုပ်ရတာ သဘောကျပါတယ် သမီးနဲ့ပက်သက်ပြီး စိတ်ပူစရာမလိုပါဘူး"
"သမီးသဘောကျမှတော့ မတားတော့ပါဘူး" ဟန်ယုချူက ပြုံးကာ သူမရှေ့ကခွက်ကိုယူလိုက်သည်။
ချင်းအန်းဟောင်က နွေးထွေးစွာပြန်ပြုံးပြလိုက်ပြီး သူမမျက်လုံးထောင့်ကနေ လုကျင်းနန်က ပြတင်းပေါက်ရှေ့မှာ ရပ်နေတာကို မြင်လိုက်ရသည် သူက ပြတင်းပေါက် အပြင်ကိုငေးနေကာ မလှုပ်မယှက်ပင် သူဘာတွေးနေလဲဆိုတာတော့ ဘယ်သူသိမှာလဲ
အိမ်ထဲမှာ အပြင်လူမရှိတာကြောင့် လူတိုင်းက လုကျင်းနန်က ရှုကျင့်မု ဟန်ဆောင်နေမှန်းသိကြသည်။ ဟန်ယုချူက လည်း ချင်းအန်းဟောင်ကိုပဲ အာရုံစိုက်နေကာ လုကျင်းနန်ကို ဂရုတောင်မစိုက် အိမ်ထဲ က အစေခံတွေကတောင် သူ့ကိုခုံမှာထိုင်ဖို့မပြောကြဘူး
ချင်းအန်းဟောင်က သူ့နာမည်ကို လှမ်းခေါ်လိုက်သည်။ "လုကျင်းနန်?"
ပြတင်းပေါက် အပြင်ကိုငေးနေတဲ့လုကျင်းနန်က ချင်းအန်းဟောင် အသံကိုကြားတော့ ခေါင်းလှည့်လာကာဘာတခွန်းမှမပြောဘဲ သူမကိုကြည့်နေလိုက်သည်။
ချင်းအန်းဟောင်က သူ့ကိုလက်ပြကာ သူမဘေးက ခုံကိုပုတ်ပြပြီးတော့ "ဘာလို့အဲ့မှာ ရပ်နေတာလဲ လာထိုင်လေ"
ခွက်ကိုလက်ထဲမှာ ကိုင်ထားတဲ့ဟန်ယုချူက ချင်းအန်းဟောင် ပြောတာကြားတော့ အမူအရာအေးခဲသွားတော့သည်။ မျက်လုံးထဲမှာ ရွံရှာမှုတချို့ဖြတ်ပြေးသွားသည်။ ထို့နောက်မှ သာမန်အတိုင်းပြန်နေကာ လက်ဖက်ရည်တငုံသောက်လိုက်သည်။
လုကျင်းနန်ကတော့ ထိုအမူအရာကိုမြင်လိုက်သည်။
သူ ငယ်ငယ်တုန်းက သူ့ကို ဟန်ယုချူ စစမြင်တုန်းကလည်း အဲ့လို အမူအရာပဲ အမုန်းတွေ ရွံရှာမှုတွေနဲ့ပြည့်နေတာ
ဒီနှစ်တွေမှာ မပြောင်းလဲလာဘူးပဲ
လုကျင်းနန် အမူအရာလည်းမပြောင်းလဲပေ သူက ကျင့်သားရနေပြီ ဟန်ယုချူကို ကြည့်နေရာကနေ ချင်းအန်းဟောင်ပြောတာကို နားလည်သလို ဖြင့် "မလိုပါဘူး"
ချင်းအန်းဟောင်‌ ပြောမှာကိုမစောင့်တော့ဘဲ လှည့်ကာ ပြတင်းပေါက် အပြင်ကို ဆက်ကြည့်နေတော့သည်။
ဟန်ယုချုက လုကျင်းနန်စကားကိုကြားတော့ ကျေနပ်စွာပြုံးလိုက်သည်။ လက်ဖက်ရည်ဆက်သောက်ကာ ချင်းအန်းဟောင်နဲ့ ရောက်တတ်ရာရာပြောနေလိုက်သည်။
လေးစားရိုသေမှုနဲ့ အပြုအမူကောင်းကြောင့် ချင်းအန်းဟောင် ဟန်ယုချုနဲ့ စကားဆက်ပြောနေပေမယ့် အချိန်တိုင်းလိုလို မျက်လုံးထောင့်ကနေ လုကျင်းနန် ကိုကြည့်နေခဲ့တာပင
သူက အရမ်းကို တိတ်ဆိတ်လွန်းလှသည် သူမသာ သူ့ကိုခိုးမကြည့်နေရင် ပြတင်းပေါက်မှာ လူရှိတယ်ဆိုတာတောင် သူမသိမှာ မဟုတ်ဘူး

အခန်း ၂၈၃

သူတို့ပြောနေတုန်းမှာပဲ အစေခံတစ်ယောက်က လာပြီးတော့ ပါတီနဲ့ပက်သက်ပြီး ဟန်ယုချူကို လိုအပ်တာ လာမေးသည် ဟန်ယုချူက ချငိးအန်းဟောင်ကို တောင်းပန်သလို ပြုံးပြပြီး ခေါင်းလှည့်ကာ ညွှန်ကြားလိုက်သည်

ချင်းအန်းဟောင် ခနတုံ့ဆိုင်းနေပြီးမှ ခွက်ကိုချပြီး လုကျင်းနန် နားလျှောက်သွားလိုက်သည် သူ့နားရောက်ဖို့ ၂ မီတာလောက်ပဲ လိုတော့တဲ့အချိန်မှာ ရှုဝမ်လိ က လှေကားကနေဆင်းလာပြီး ချင်းအန်းဟောင်ကို မြင်တော့ "ချင်းချင်း" လို့လှမ်းခေါ်လိုက်သည်

ချင်းအန်းဟောင် ရပ်လိုက်ပြီး ရှုဝမ်လိကို ကြည့်ကာ "ဦးလေး ရှု " လို့ပြန်နှုတ်ဆက်လိုက်သည်

ရှုဝမ်လိက တောက်ပစွာ ပြုံးပြီး ခေါင်းငြိမ့်ပြသည် နက်ခ်တိုင်ကို ပြင်နေရင်း သူမရှေ့လျှောက်လာကာ "ယုချူ ငါ ချင်းချင်းကို နောက်ဆုံးတွေ့ခဲ့တာတောင် တော်တော်ကြာပြီ ပိုတောင်လှလာသေး"

ဟန်ယုချူက အကုန်လုံးပြင်ဆင်ထားပြီးသားပင် ရှုဝမ်လိ စကားကိုကြားတော့ ကျော့ရှင်းစွာ ထရပ်ပြီး သူ့စီလျှောက်လာကာ ရှုဝမ်လိ နက်တိုင်ကို ပြင်ပေးလိုက်ပြီး "ချင်းချင်းက အမြဲတမ်းလှနေတာပဲလေ"

ရှုဝမ်လိက ခပ်ဖွဖွရယ်လိုက်သည် သူခေါင်းလှည့်လိုက်တော့ ရှုဝမ်လိအသံကိုကြားပြီး လှည့်လာတဲ့ လုကျင်းနန်နဲ့ အကြည့်ချင်းဆုံကာ အမူအရာ အေးခဲ သွားတော့သည်

အမြန်လှည့်ကာ ဟန်ယုချူ ပုခုံးကို ဖက်ပြီး ဆိုဖာဆီ သွားလိုက်တော့သည်

လုကျင်းနန် သူ့အဖေနောက်ကျောကို ငေးနေကာ သူ့မျက်လုံးထဲမှာ နာကြင်မှုတွေနဲ့

ရှုဝမ်လိက ဟန်ယုချုနဲ့တူတူထိုင်လိုက်ကာ ရှုကျင့်မု မွေးနေ့ပွဲ အစီအစဉ်အကြောင်း မေးလိုက်သည် ဟန်ယုချုကလည်း နွေးထွေးစွာ ဖြေလို့ သူတို့နှစ်ယောက်က နှစ်ပေါင်းများစွာ ချစ်လာတဲ့ လက်ထပ်ပြီးခါစ အတွဲလိုပင်

ထိုပုံစံကို မြင်တော့ လုကျင်းနန် ပိုနာကြင်ရသည် သူ့မွေးဖွားမှုကြောင့် သူ့အမေရင်းက စိတ်သောက ရောက်ပြီး လူမသိသူမသိ နေထိုင်သွားရတာ

ရှုဝမ်လိ မျက်နှာပေးက သဘာဝ ကျပေမယ့် လုကျင်းနန်ကို မြင်တော့ ဖြစ်သွားတဲ့ အမူအရာကို ချင်းအန်းဟောင် မြင်လိုက်ရဆဲပင်

ရှုဝမ်လိနဲ့ ဟန်ယုချူ ရှေ့မှာ နှစ်ယောက်တူတူ ဒီလို ဟန်မဆောင်ဖူးဘူးလေ ပြန်တွေးကြည့်ရင် ပါတီတော်တော်များများမှာ သရုပ်ဆောင်နေကြတာ သီးသန့် ဒီလိုမတွေ့ဖူးဘူး အဲ့ဒါကြောင့်လည်း သူမ အရင်က ဒီလိုပုံစံမျိုးတစ်ခါမှ မမြင်ဖူးခဲ့တာ

တကယ်တန်း ဟန်ယုချူက လုကျင်းနန်ကို လျစ်လျုရှုတာကိုတော့ ချင်းအန်းဟောင် နားလည်ပေးလို့ရပါတယ် ဘာလို့လဲဆိုတော့ ဘယ်မိန်းမကမှ ကိုယ်ယောကျာ်းရဲ့ တရားမဝင် ကလေးကို ကောင်းကောင်းမွန်မွန်ပြောဆို ပြီး မနွေးထွေးပေးနိုင်ဘူးလေ

ဒါမဲ့လည်း ရှုဝမ်လိကထိ လုကျင်းနန်ကို အေးစက်နေမယ်လို့တော့ မထင်ထားမိဘူး လုကျင်းနန်ဆိုတဲ့ သားကိုမကြိုက်ရင်တော့ အဲ့လောက်ထိတော့ဖြစ်မနေသင့်ဘူးလေ ဒါသူသားပဲကို

ချင်းအန်းဟောင်စိတ်ထဲ တွေးမိလေ နာကြင်လာရသည် လုကျင်းနန်ကို ကြည့်လိုက်ပြီး စကားပြောမလို့ရှိသေး လုကျင်းနန်က အေးစက်စက်အသံနဲ့ ရုတ်တရက်ပြောလာသည် "ဆေးလိပ်သွားသောက်လိုက်ဦးမယ်"

ချင်းအန်းဟောင် ပြန်ဖြေတာ မစောင့်ဘဲ လှည့်ပြီး အိမ်ထဲက ထွက်သွားတော့သည်

"ချင်းချင်း လာ..." လုကျင်းနန်နောက်ကို လိုက်မလို လုပ်နေတဲ့ ချင်းအန်းဟောင်က ဟန်ယုချူ အသံကိုကြားလိုက်ရသည် သူမ ပြတင်းပေါက်ကနေ သူ့ကားဘေးမှာ ရပ်နေတဲ့ လုကျင်းနန်ကို ကြည့်လိုက်ကာ သူက ဆေးလိပ်မီးညှိနေပြီပင် သူမလည်းလှည့်ပြီး ဆိုဖာစီပြန်လျှောက်လာခဲ့သည်

အခန်း ၂၈၄

၇ နာရီ လေးဆယ်လောက် ရောက်တော့ ဧည့်သည်တွေရောက်လာတော့သည် လုကျင်းနန် ဘယ်သွားမှန်း ဘယ်သူမှမသိ ဟန်ယုချူရယ် ရှုဝမ်လိရယ် ချင်းအန်းဟောင်ရယ်က တံခါးမှာ ရပ်ကာ ဧည့်သည်တွေကို ပြုံးပြီး ကြိုဆိုနေကြသည်

ဟန်ယုချူက အိမ်ထိန်းကို ခေါ်ကာ လုကျင်းနန်ကို သွားရှာဖို့ ကပ်ပြောလိုက်သည်

၇ နာရီ ၅၀ ထိ လုကျင်းနန် ပေါ်မလာသေး ဟန်ယုချူမျက်နှာမှာ စိတ်ပျက်တဲ့အမူအရာနဲ့ ရှုမိသားစုရဲ့ ရင်းနှီးမြုပ်နှံသူတွေကို ပြုံးပြနေဆဲပင် ထို့နောက် တိတ်တိတ်လေးထွက်လာကာ စံအိမ်တံခါးကနေ ဖြတ်ဝင်လာတဲ့အိမ်ထိန်းနားသွားလိုက်ပြီး အေးစက်စက်လေသံဖြင့် "သူဘယ်မှာလဲ"

အိမ်ထိန်းမပြောရသေးခင်မှာပဲ လုကျင်းနန်က နောက်ကလိုက်လာပြီး အိမ်ထဲ ခြေချလိုက်သည်

ဟန်ယုချူက အိမ်ထိန်းကို တချက်ကြည့်လိုက်တော့ အိမ်ထိန်းက ဧည့်သည်တွေကို ကြည့်ဖို့ ဟောထဲ အမြန်လျှောက်သွားတော့သည်

ဟန်ယုချူက ဒေါက်ဖိနပ်နဲ့ လုကျင်းနန်နား လျှောက်လာပြီး သူမ အသံမထွက်ရသေးခင်မှာပဲ ဧည့်သည်နှစ်ယောက် ဝင်လာခဲ့သည် ချက်ချင်း ပြုံးလိုက်ကာ လုကျင်းနန် လက်မောင်းကို ကိုင်လိုက်ပြီး နားရွက်ထိ တက်ချိတ်တော့မယ့် အပြုံးနဲ့ "ဆရာကျောင်း မဒမ်ကျောင်း" လို့နှုတ်ဆက်လိုက်သည်

လုကျင်းနန်ကို နွေးထွေးစွာကြည့်ကာ "ကျင့်မု မြန်မြန် ဆရာကျောင်းနဲ့ မဒမ် ကျောင်းကို နှုတ်ဆက်လိုက်ပါဦး"

လုကျင်းနန်က သူ့အေးတိအေးစက် ပုံစံပဲဆိုပေမယ့် ရှုကျင့်မုနဲ့တူအောင် ဟန်ယုချူနဲ့ လိုက်လျောညီထွေနေပြီး "ဦးလေး ကျောင်း အန်တီကျောင်း ကြိုဆိုပါတယ်" လို့ ကြင်နာစွာပြောလိုက်သည်

သူပြောပြီးတော့ ဟောခန်းထဲကို လက်တစ်ဖက် ညွှန်ပြလိုက်သည် ကြွပါပေါ့

ကျောင်း တွေ ဟောထဲ အရင်လျှောက်ခိုင်းကာ သူနဲ့ ဟန်ယုချူက နောက်ကလိုက်လျှောက်လာသည် ဘယ်သူမှ သူတို့ကို အာရုံစိုက်မနေတာ မြင်တော့မှ ဟန်ယုချူက ခေါင်းလှည့်ကာ လုကျင်းနန်ကို "ဒီညက ကျင့်မုမွေးနေ့ အာရုံစိုက်ထားစမ်း ငါဘာမှ လွဲချော်တာ မလိုချင်ဘူး"

ထိုသို့ပြောနေရင်း ဧည့်သည်တစ်ယောက်က မမျှော်လင့်ဘဲ သူမစီလျှောက်လာတော့ ချက်ချင်း စကားရပ်ကာ တောက်ပတဲ့အပြုံးတစ်ခုနဲ့ ဖြစ်သွားသည် ဧည့်သည်က နှုတ်ဆက်ပြီး ဆက်လျှောက်သွားတော့ လုကျင်းနန်ကို ရက်စက်တဲ့ အသံနဲ့ "နင့်ကို အစကတည်းက ဘယ်သူမှ အကူအညီမတောင်းဘူး နင် လိုလိုချင်ချင်နဲ့ သဘောတူခဲ့တာ ပြီးတော့ မမေ့နဲ့ နင့်ဘဝက ကျင့်မု ပိုင်တယ်ဆိုတာ"

ထိုစကားတွေကို လုကျင်းနန် သေချာကြားလိုက်ရသည် သိပ်မလှမ်းမကမ်းကနေ ချင်းအန်းဟောင်ကို တွေ့လိုက်ရသည် သူခေါင်းလှည့်ပြီး ဟန်ယုချူကို ပြုံးပြလိုက်သည် သူတို့နှစ်ယောက်ပုံစံက အရမ်းချစ်ကြတဲ့ အမေနဲ့ သားလိုပင် ထို့နောက် ဟန်ယုချူချိတ်ထားတဲ့လက်ကို ရုတ်ကာ ချင်းအန်းဟောင်စီ လျှောက်လာခဲ့သည်

ဟန်ယုချူ ပြောတာမှန်တယ် ရှုမိသားစုက သူ့ကို ဒီလိုလုပ်ဖို့ ဖိအားပေးခဲ့တာ မဟုတ်ဘူး

ရှုဝမ်လိနဲ့ ဟန်ယုချူက သူ့ကို ဒီအကြောင်းကိုတောင် မပြောပြခဲ့ဘူး သူ့ကိုလာရှာခဲ့တာ ရှုမိသားစုအိမ်ထိန်းပင်

အိမ်ထိန်းကလည်း သူ့ကို ဘာအကျိုးအမြတ်မှမကမ်းလှမ်းသလို တောင်းပန်တာလည်း မလုပ်ခဲ့ဘူး သူက ရိုးရိုးလေးပဲ ပြောတာ ရှုမိသားစု ဒုက္ခရောက်နေတယ် ဖြစ်လာမယ့် ပြသာနာတွေအတွက် ချင်းအန်းဟောင်ကို ဟန်ဆောင် လက်ထပ်စေချင်တယ်တဲ့


အခန်း ၂၈၅

ထိုစကားတွေထဲမှာ သူအာရုံရတာက ချင်းအန်းဟောင် ဆိုတဲ့ စကားကိုသာ

ပြန်တွေးရရင် အဲ့တုန်းက သူမကို မတွေ့ရတာ တော်တော်ကြာနေပြီ ပြီးတော့ အဲ့နာမည်က သူ့စိတ်ထဲမှာ ခနခနဝင်လာနေတာ ရုတ်တရက် တစ်စုံတစ်ယောက်က သူမနာမည်ပြောလိုက်တော့ သူ့စိတ်ထဲမှာ ကြောင်နေခဲ့တာ တော်တော်ကြာတော့မှ သူ့ဦးနှောက်က အလုပ်လုပ်လာပြီးတော့ တွေးနေမိတာက "ဟန်ဆောင်ပြီး ချင်းအန်းဟောင်နဲ့ လက်ထပ်ဖို့ပဲ"

ရှုဝမ်လိနဲ့ ဟန်ယုချူက သူ့ကိုမုန်းမှန်း သူသိပါသည် ဒါမဲ့ တော်တော်ကြာ တိတ်နေပြီးမှ သူသဘောတူခဲ့သည်

ဘာမှ မတောင်းဆိုသလို ဘာအခြေအနေကိုမှလည်း မပြောခဲ့ဘူး

ဘာမှ မဟုတ်ဘူး ချင်းအန်းဟောင် ဆိုတဲ့ နာမည်တစ်ခုကြောင့်ပဲ

ပြီးတော့ အဲ့ဒါကို ဘယ်သူမှလည်း မသိခဲ့ကြဘူး သူအရမ်းစိတ်လှုပ်ရှားနေခဲ့တာ ကောင်းကင်ဘုံက သူ့ကို အံဩဖွယ်ရာ အခွင့်အရေးတစ်ခု ပေးလိုက်သလိုပဲ သူမဘေးမှာ ထပ်နေခွင့်ရဖို့ အကြောင်းပြချက်တစ်ခုပေါ့

-

"ကျင့်မု!" ချင်းအန်းရှက လုကျင်းနန်ကို အရင်မြင်လိုက်ပြီးတော့ လက်ရမ်းပြကာ ပြုံးပြလိုက်သည်

ချင်းအန်းဟောင်က လုကျင်းနန်ကို ကျောပေးထားရာကနေ ချက်ချင်းလှည့်လာကာ လုကျင်းနန်နား ကပ်လျှောက်လာပြီးတော့မှ ချိုသာစွာပြုံးကာ "အကို ကျင့်မု"

အကိုကျင့်မု..... ထိုအမျိုးသမီး အသံလေးက နူးညံ့ပြီး ညင်သာလိုက်တာ ခံစားချက် အစစ်အမှန်တွေလိုပဲ (ဖက် ယူ)

သူ့ကို ခေါ်တဲ့ပုံနဲ့လည်း မတူပေ သူမက အမြဲတမ်း ဝေးကွားပြီးတော့ သူ့ကိုဆို ယဉ်ယဉ်ကျေးကျေးနဲ့ "Mr.လု" လို့ခေါ်နေကျ ဒါမဲ့ ခုတလောတော့ သူမကြောင့် သူအရမ်းကိုစိတ်ကျေနပ်ပျော်နေခဲ့ရပါတယ်

လုကျင်းနန် သူ့နှလုံးသားထဲက ချဉ်နေတဲ့ ခံစားချက်တွေကို ဘေးဖယ်ပြီး ချင်းအန်းဟောင်ကို နွေးထွေးမှု တချို့နဲ့ကြည့်ကာ သူမကိုဆွဲပြီး တင်ပါးထက်ကို ဖက်လိုက်သည်

လုကျင်းနန်က ရှုကျင့်မု လို ဝတ်စားထားပေမယ့် သူ့ကိုယ်က မပြောင်းလဲဘူးလေ ချင်းအန်းဟောင် သူ့ခါးကိုဖက်လိုက်တော့ သူမနှလုံးသားက ထိန်းချုပ်လို့မရအောင် ခုန်နေခဲ့တာ သူ့စီကနေနေ အနံ့ဖျော့ဖျော့လေးလည်းရတယ် သူမမျက်လုံးထဲ ရှက်ရွံမှုတချို့နဲ့

လက်ထပ်ပြီးကာစ စုံတွဲက တစ်ယောက်ကိုတစ်ယောက် ကြင်နာလိုက်ကြတာ

လူတစ်ယောက်ရဲ့ သွင်ပြင်က ပြောင်းလဲကောင်းပြောင်းလဲနိုင်တယ် ဒါမဲ့ အသံတော့ မပြောင်းလဲနိုင်ဘူး အဲ့တော့ ချင်းအန်းရှလိုမျိုး လုကျင်းနန်အကြောင်း သိနေတဲ့သူနဲ့ကျ အတတ်နိုင်ဆုံး စကားမပြောတာ ပိုကောင်းတယ်

အချိန်တွေ ကုန်လာတာနဲ့ အမျှ လူတိုင်းက ရှုကျင့်မု မျက်နှာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတာက ကားအက်စီးဒန့်ကြောင့် ပြီးတော့ အဲ့ဒါကြောင့်လည်း သူက စကားနည်းသွးတာ ဆိုပြီးတော့ပေါ့

အဲ့ဒါကြောင့် ချင်းအန်းရှက စိတ်အားထက်သန်စွာ သူ့ကိုနှုတ်ဆက်တာကို ခေါင်းပဲ ငြိမ့်ပြလိုက်သည်

ကားအက်စီးဒန့်ကြောင့် ချင်းအန်းရှက "ရှုကျင့်မု" တိတ်ဆိတ်နေတာကို ဘာမှမပြောတော့ သူမဘေးက ချန်ရန်ကို ညွှန်ပြပြီးတော့ မိတ်ဆက်ပေးလိုက်သည် "ကျင့်မု ဒါငါ့ကောင်လေး ချန်ရန်"

ချန်ရန်က လက်ဆန့်ကာ "ဟဲလို" လို့ ပြောလိုက်သည်

ပုံမှန်တိုင်း လုကျင်းနန်က ဘာမှမပြောဘဲ လက်ဆွဲ ပြန်နှုတ်ဆက်လိုက်သည်

သူတို့ ကြာကြာဆက်ပြောရင် တစ်ခုခုမှတ်မိသွားမှာကို ချင်းအန်းဟောင်တွေးပူနေမိသည် အဲ့ဒါနဲ့ချက်ချင်း အကြောင်းပြချက်တစ်ခုရှာကာ "အကိုကျင့်မုနဲ့ ငါ တခြား ဧည့်သည်တွေကို သွားနှုတ်ဆက်လိုက်ဦးမယ်"

ချင်းအန်းရှနဲ့ ချန်ရန် ခေါင်းငြိမ့်ပြတာကို စောင့်ပြီးတော့ လုကျင်းနန် လက်ကို ချိတ်ကာ ထွက်သွားတော့သည်

-

ရှုကျင့်မု မွေးနေ့ပါတီက ည ၈ နာရီမှာ စတာပင် ရှုဝမ်လိနဲ့ ဟန်ယုချုက တစ်ယောက်ယောက် သိသွားမှာ ကြောက်နေတာကြောင့် အစီအစဉ်တွေကို မြန်မြန်လုပ်ကြသည် ဟန်ယုချုက စင်ပေါ်ကို တက်ကာ စကားပြောလိုက်သည်
လုကျင်းနန်က စင်ပေါ်မှာပဲ ရပ်နေကာ ဟန်ယုချူ ပြောပြီးတဲ့အထိ စောင့်နေလိုက်သည် ထို့နောက် ခွက်တခွက်ကို မြှောက်ကာ  လူတိုင်းနဲ့ သောက်လိုက်သည်

-

တိတ်တခိုးချစ်ရသူ (186-500)Where stories live. Discover now