315

324 28 1
                                    

အခန်း ၃၁၅
လုကျင်းနန် သတိပေးခဲ့တာကိုကောပေါ့ သူမအခုကျ ဘာမှမဖြစ်တော့ သလိုပင်ပြီးတော့ အစာအိမ်နာတာကလည်း ခနခန ဖြစ်ဖူးတာဆိုတော့ ဆေး‌သောက်လိုက်ရင် အဆင်ပြေသွားမှာါလေ
ဟန်ယုချူက ချင်းအန်းဟောင် တနေကုန်ရိုက်ကွင်းရှိတာကို နောက်ဆုတ်ခိုင်းလိုက်သည် ဖုန်းတချက်ဆက်ပြီးတော့ပေါ့ ကားပေါ်ရောက်တာနဲ့ ဟန်ယုချူ‌ေမးလိုက်သည် "ချင်းချင်း ဘယ်သွားချင်လဲ"
ချင်းအန်းဟောင် ခနတွေးနေပြီးတော့မှ သူမ ဘယ်မှ သွားစရာမရှိတာကို သတိရလိုက်ပြီးတော့ "မိန်ရှုဥယျာဉ်"
ကားစက်နှိုးတော့ ဟန်ယုချူက အချိန်လှမ်းကြည့်လိုက်ကာ နေ့လည် ရောက်နေပြီဆိုတာ သိတော့ "နေ့လည်စာစားချိန်တောင်ရောက်နေပြီ အိမ်လိုက်စားပါလား အိမ်မလာတာလည်း ကြာနေပြီကို တိုက်တိုက်ဆိုင်ဆိုင် သမီး ဦးလေးရှုကလည်း အိမ်မှာရှိနေတာ တူတူလိုက်ခဲ့လေ ပြီးမှ ဒါရိုက်ဘာကို ပြန်ပို့ခိုင်းပေးမယ်"
လုကျင်းနန် အတွက် စပရိုက်လုပ်ပေးဖို့ကျရှုံးသွားတဲ့နေရာကို ရှောင်ချင်တာနဲ့ သူမလည်း ခေါင်းငြိမ့်ကာ "ကောင်းပါပြီ"
ထိုချိန်မှာပဲ ချင်းမိသားစုစံအိမ်ကို သတိရပြီးတော့ "နေ့လည်စာစားပြီးရင် ချင်းအိမ်ကို ခနသွားလည်လိုက်ဦးမယ် သူတို့စီသွားမလည်တာလည်းကြာလှပြီ"
ဟန်ယုချူက ပြုံးကာ ရှုမိသားစုစံအိမ်ကို မောင်းသွားလိုက်သည် လမ်းမှာ စကားပြောရင်းပေါ့
ရှုမိသားစု စံအိမ်ကလူတွေက ချင်းအန်းဟောင်ကို မြင်တော့ စိတ်အားထက်သန်စွာ နှုတ်ဆက်လိုက်ကြသည်။ သူမကို ထိုင်ခိုင်းလိုက်ပြီး လက်ဖက်ရည်ယူပေးလိုက်ကြသည် ချင်းအန်းဟောင် အကြိုက်ဆုံးဟင်းတွေတောင်လှမ်းချက်ခိုင်းလိုက်သေးသည်။
ချင်းအန်းဟောင်ချင်းစံအိမ်မှာနေတုန်းက သူမနဲ့ချင်းအန်းရှ ရှုမိသားစုစံအိမ်ကို မကြာခန လာလည်ဖူးသည် အဲ့ဒါကြောင့် ရှုမိသားစု အလုပ်သမားတွေနဲ့ ဟန်ယုချူကောပါသူတို့ကို ရင်းနှီးကြသည် ဟင်းတွေချလာတာနဲ့ ဟန်ယုချူ ကြက်သားတဖတ်ကိုယူကာ ချင်းအန်း‌ေဟာင် ပန်းကန်လုံးထဲထည့်ပေးလိုက်သည်။
"ချင်းချင်း သမီး အကြိုက်ဆုံးဟင်းလေ အန်တီ ယွင် ကိုယ်တိုင်ချက်ထားတာ"
အန်တီယွင်က ရှုမိသားစုကို ဟန်ယုချူ လက်ထပ်လိုက်ကတည်းက တူတူပါလာတဲ့ သူပင်
ဒီကြက်သားဟင်းက ချင်းအန်းဟောင် အကြိုက်ဆုံးဟင်းပင် ပြန်တွေးကြည့်ရင် သူမမစားဖြစ်တာတောင်ကြာာလှပြီ ပျော်ရွှင်စွာပြုံးကာ မစားခင် ဟန်ယုချူကို အရင်ကျေးဇူးတင်လိုက်သည်။
ရင်းနှီးတဲ့ အရသာက သူမကို ပျော်သွားစေသည် အန်တီယွင်ကို ချီးကျုးလိုက်သည်။
အန်တီယွင်ကလည်း သူမ ကိုယ်တိုင်လုပ်ထားတဲ့ငါးကို ချင်းအန်းဟောင်ပန်းကန်ထဲ ထည့်ပေးလိုက်သည်။
ငါးဟင်းနံ့က မွှေးကြိုင်လို့ ချင်းအန်းဟောင် စိတ်အားထက်သန်စွာယူစားလိုက်ပြီးတော့ ဗိုက်ထဲ က ရစ်လာပြန်သည် လက်နဲ့ ပါးစပ်ကို ကာကာ ပျို့လိုက်သည်။ (ကိုယ်ဝန်သည်တွေ ပျို့သလိုမျိုး)
"ချင်းချင်း ဘာဖြစ်တာလဲ"
" Miss အန်းဟောင် ဘာဖြစ်တာလဲ?"
ချင်းအန်းဟောင်လက်ရမ်းပြကာ သန့်စင်ခန်းကိုပြေးဝင်ပြီးထိုးအန်တော့သည်။
ဟန်ယုချူက သူမနောက်က လိုက်လာခဲ့သည် ချင်းအန်းဟောင်က တံခါးကို‌လော့ချထားတာကြောင့် ဟန်ယုချူ ဖွင့်မရတာနဲ့ အပြင်မှာရပ်ပြီး သူမအန်နေတာကို နား‌ထောင်လိုက်သည်။
-

တိတ်တခိုးချစ်ရသူ (186-500)Where stories live. Discover now