291-295

307 26 0
                                    

အခန်း ၂၉၁
စိတ်ပျက်တယ်?
ချင်းအန်းဟောင် လုကျင်းနန်ဆိုလိုချင်တာကို နားမလည် "အမ်?" လို့ သူ့ကိုကြည့်ကာပြောလိုက်သည်။
သူ့လက်ကောက်ဝတ်ကိုဆွဲထားတာကြောင့် သူမမျက်နှာက သူနဲ့ကပ်လို့နေသည်။ သူမ ပုံစံက သန့်ရှင်းပြီးဆွဲဆောင်မှုရှိနေသလိုပင်
ရှုကျင့်မု မွေးနေ့မှာ သူ့နှုတ်ခမ်းကိုနမ်းတဲ့ ပုံရိပ်တွေ လုကျင်းနန် စိတ်ထဲပေါ်လာတော့သည်။ အဲ့ဒါက ချိုမြိန်တဲ့ သစ်သီးရနံ့လိုပင် ပြီးတော့ ရှက်ရွံမှုတချို့ ပြီးတော့ သူမခေါ်လိုက်တဲ့ "အကိုကျင့်မု မွေးနေ့မှာပျော်ရွှင်ပါစေ" ဆိုတဲ့စကားကော
လုကျင်းနန်မျက်လုံးထဲ အန္တာရယ်ရှိတဲ့ အငွေ့အသက်တွေ ပြည့်လာတော့သည် ဒီနေ့လည်က ချင်းအန်းဟောင်ပြောတဲ့ အသံဖမ်းစက်ထဲကစကားတွေကြောင့်ကော အဲ့တုန်းက ဒေါသထွက်နေတဲ့ စိတ်တွေကော ဘာကိုမှ ထပ်သည်းမခံနိုင်တော့ဘူး ရုတ်တရက် ချင်းအန်းဟောင် ကိုင်ထားတဲ့သူ့လက်ကောက်ဝတ်ကို ခါချလိုက်ကာ တွေဝေမှုမရှိဘဲ သူ့မျက်နှာက အမာရွတ်တွေကို အသက်တရှိုက်စာ အတွင်းမှာပဲ ဆွဲဖြဲလိုက်တော့သည်။ (ဒီ စာစဉ်နဲ့ပက်သက်ပြီး .....မှ မလောင်တော့ဘူး အီးစားလိုက်ကြတော့)
စတီယာရင်ကို ထိန်းနေတဲ့ တဖက်လက်က ကားကို ကွေ့လိုက်ပြီး မြစ်ကမ်းဘက်ကို သွားလိုက်သည်။
သေချာတာကတော့ ဒါ အိမ်ပြန်တဲ့လမ်းမဟုတ်ဘူး ချင်းအန်းဟောင်လုကျင်းနန်ကို သံသဃတွေနဲ့ကြည့်ကာ ဘယ်သွားနေတာလဲ မေးမလို့ရှိသေး ရုတ်တရက် ကားက မြစ်ကမ်းဘေးမှာရပ်သွားတော့သည်။
အရေးပေါ် ဘရိတ်ဆောင့်အုပ်လိုက်တာကြောင့် ချင်းအန်းဟောင်ကိုယ်လေးရှေ့ကို ထိုးကျတော့မလိုပင် ခါးပတ်ဖြုတ်တဲ့ အသံကိုကြားလိုက်ရပြီး သိပ်မကြာလိုက် လုကျင်းနန်က သူမပုခုံးကိုနောက်ကိုတွန်းလိုက်သည်။ သူမကိုယ်လေးက ရှေ့ကို ကျတော့မလိုရှိသေး နောက်ကိုတွန်းချခံလိုက်ရတာပဲ ထို့နောက် လုကျင်းနန်ပြောတာကို ကြားလိုက်ရသည်။ "အိမ်မက်လေး ပျက်စီးသွားလို့ စိတ်ပျက်သွားပြီလား"
ထပ်ပြီးတော့ စိတ်ပျက်သွားတာလားတဲ့လား?
ချင်းအန်းဟောင် မျက်မှောင်ကြုတ်ကာ လုကျင်းနန်ကို စိုက်ကြည့်လိုက်သည်။ "လုကျင်းနန် ဘာပြောတာလဲ ဘာအိမ်မက်လဲ"
လုကျင်းနန် မျက်လုံးထဲ ရှုပ်ထွေးနေတဲ့ခံစားချက်တွေနဲ့ သူကိုယ်သူပြောနေသလိုလိုကြီး "ဒီနေ့ ပျော်နေခဲ့တာမလား မင်းသူ့ကိုအကောင်းတိုင်း မြင်ရလို့လေ အိပ်ရာပေါ်မှာလှဲနေတဲ့သူမဟုတ်ဘူး  စကားမပြောနိုင် မင်းလှတာကို မကြည့်နိုင်တဲ့သူမဟုတ်ဘူး ဒါမဲ့ ငါက သူမဟုတ်ဘူး...."
ထိုသို့ပြောရင်းလုကျင်းနန် ဒေါသထွက်လာသလို ဝမ်းနည်းလာသလိုပင် ချင်းအန်းဟောင် ပုခုံးကိုပိုဖိလိုက်ပြီးတော့ အမုန်းတွေနဲ့ ပြည့်နေသလိုပင် အံကြိတ်ကာ "ငါက သူမဟုတ်ဘူး ငါက သူမဟုတ်ဘူး မင်းမျက်လုံးထဲမှာ ဘာလို့သူ့ကိုပဲ မြင်နေရတာလဲ ဘာလို့ ငါမဟုတ်တာလဲ ဘာလို့လဲ?"
လုကျင်းနန် အသံက အရမ်းတိုးတာကြောင့် ချင်းအန်းဟောင် သေချာမကြားရ သူမ တချို့စကားတွေ 'သူမဟုတ်ဘူး' နဲ့ 'ဘာလို့ ငါ့ကို မမြင်တာလဲ' ဆိုတာပဲ ကြားလိုက်တာ
ဘယ်လိုတွေးတွေး သူပြောတာ နားမလည်နိုင်တာကြောင့် မျက်မှောင်ပိုကြုတ်လိုက်ပြီးတော့ " သူမဟုတ်ဘူး ဆိုတာ ဘာကိုဆိုလိုတာလဲ ပြီးတော့ မမြင်နိုင်ဘူး ဆိုတာကကော လုကျင်းနန် ရှင်ဘာတွေပြောနေတာလဲ"
ချင်းအန်းဟောင် စကားတွေက လုကျင်းနန်ကို လှုံ့ဆော်လိုက်သလိုပင် သူ့စကားတွေ ချက်ချင်းရပ်သွားတော့သည်။


အခန်း ၂၉၂
ချင်းအန်းဟောင် စကားတွေက လုကျင်းနန်ကို ကြောင်သွားစေသည်။ သူဘာဆက်ပြောရမှန်းမသိတော့ သူမကို ၂ စက္ကန့် လောက် ငေးနေပြီးတော့ ချက်ချင်း ခေါင်းပြန်ငုံ့လိုက်သည်။
သတိပေးမှုမရှိဘဲ ရုတ်တရက် သူမကိုနမ်းလိုက်တော့သည် ချင်းအန်းဟောင် အသိဝင်လာတော့ အသက်တောင် ဝဝ မရှုနိုင်တော့
သူ့ အနမ်းတွေက ကြမ်းတမ်းလှသည် ကြည့်ရတာ သူ့ဒေါသတွေကို ပုံချနေသလိုပင် အားကိုလည်းမထိန်းတာကြောင့် သူမနှုတ်ခမ်းတွေ ပါနာလာတော့သည်။
သူမကိုယ်လေးကို ဖိထားကာ လှုပ်ဖို့တောင် အခွင့်အရေးမပေး သူမကိုယ်ထဲကို ကြမ်းတမ်းစွာ ဝင်လာပြီးတော့ ညင်သာမှုလည်းမရှိ သူမ နာသွားမယ်ဆိုတာ ကို သိသိလျက်သားနဲ့တောင်မှပေါ့ သူမ သူ့ကိုပေးလိုက်တဲ့ နာကြင်မှုကို ပြန်တုံ့ပြန်တဲ့သဘောမျိုးပေါ့ သူမကို ဂရုမစိုက်ဘဲ ဆက်ပြီး ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံလို့နေသည်။ အဆုံးမှာတော့ ချင်းအန်းဟောင် နာကြင်မှုကို ဆက်သည်းမခံနိုင်တော့ဘဲ ရုန်းကန်ရင်း ညည်းလိုက်သည်။ "နာတယ်"
သူမပြောတာကြားတော့ လုကျင်းနန် ခနရပ်သွားပေမယ့် အရှိန်ဆက်မြင့်လိုက်သည် ချင်းအန်းဟောင် နာကြင်မှုကြောင့် မျက်ရည်တွေကျလာတော့သည်။ သူမမျက်ရည်တွေကို မြင်လိုက်တော့ လုကျင်းနန် ငုံ့ပြီး သူမနှုတ်ခမ်းတွေကို နမ်းလိုက်တော့သည်။
ဒီလို နှိပ်စက်မှုမျိုး မခံရတာ တော်တော်ကြာနေပြီပင် အချိန်တွေက ရပ်တန့်နေသလိုပင် ဝင်လိုက်ထွက်လိုက်နဲ့ (ငါလည်းမသိဘူး ဇွတ် အင်နိုးစန့်မယ်) မသိလိုက်ပဲ တော်တော်ကြာတော့ အကုန်လုံးပြီးဆုံးသွားတော့သည်။
ချင်းအန်းဟောင် နာကြင်မှုကြောင့် ဘောလုံးလိုကွေးနေတော့သည် လုကျင်းနန် သူမ အမူအရာကြောင့် ကြောင်သွားကာ သူမမေးကိုပင့်ပြီး သူမမျက်လုံးထဲကို ကြည့်လိုက်သည်။ သူ့မျက်လုံးတွေက နီရဲ နာကြင်မှုတွေ ရူးသွပ်မှုတွေနဲ့ နှုတ်ခမ်းကလည်းတုန်ယင်နေကာ "ငါဘယ်သူလဲ ဆိုတာ သေချာကြည့်"
ထို့နောက် ခနရပ်ပြီးတော့ "ရှင်းလား?" သူ အသံက ဒေါသတွေ အပြည့် သူမကို စစ်မေးနေသလိုပင်
ချင်းအန်းဟောင် သူ့အသံအေးစက်မှုကြောင့်တုန်ယင်နေတော့သည်။
လုကျင်းနန် သူမ တုန်ယင်နေတာကို မြင်သွားသလိုပင် နှုတ်ခမ်းလှောင်သလိုမဲ့လိုက်သည် သူမမေးကိုကိုင်ထားတာကိုလွှတ်ပြီးတော့ နောက်ကို ပြန်ဆုတ်လိုက်သည်။ သူမကိုကြည့်ကာ ထပ်ပြီးလေသံတိုးတိုးနဲ့ "မေ့လိုက်တော့ ငါ ငါ့ကိုယ်ငါ အရမ်းကိုမြင့်မြင့်မားမားတွေးနေမိတာပဲ မင်းက ငါ့ကိုဘယ်လိုလုပ်မြင်နိုင်မှာလဲ (အီးစားလိုက်တော့)"
သူအသံက အေးစက်နေသလို ဝမ်းနည်းနေမှုတွေပါပါဝင်နေသည် ချင်းအန်းဟောင်က လည်းတိတ်နေပြီး စိတ်ရှုပ်လို့နေသည်။
တိတ်ဆိတ်မှုက ကားထဲ တိုးဝင်လာတော့သည် အနီးနားက မြစ်ရေစီးသံကိုလည်း ကြားနေရသည်။
ခနကြာတော့ လုကျင်းနန်ရဲ့နဂို အေးတိအေးစက် အမူအရာပေါ်လာတော့သည် သူ တစ်ရှုးတစ်ရွက်ယူပြီး သူ့ အဝတ်တွေကို သပ်ရပ်အောင်လုပ်ကာ သန့်ရှင်းလိုက်သည် သူထိုင်ခုံမှာ ပြန်ထိုင်ပြီးတော့  သူ့ဖုန်းကို ထုတ်ကာ ကားတံခါးကိုဖွင့်လိုက်ပြီး ချင်းအန်းဟောင်ကို ကြည့်လိုက်သည်။


အခန်း ၂၉၃
ချင်းအန်းဟောင် တံခါးလော့ဖွင့်သံကိုကြားတော့ ခနတုံ့ဆိုင်းနေပြီးမှ မျက်လုံးဖွင့်ပြီး ပြတင်းပေါက် အပြင်က မှန်ထဲ ကြည့်လိုက်သည်။ ထိုမှသာ လုကျင်းနန်နောက်ကျောကို မြင်လိုက်ရသည် မိန်ရှုဥယျာဉ်မှာ သူ့ကို စပရိုက်လုပ်ပေးဖို့ ရှိတာကို သတိရလိုက်ပေမယ့် ဘာသံမှထွက်မလာခဲ့
လုကျင်းနန်မှာ တံခါးမှာ ရပ်ကာ နွယ်ပင်ကိုငေးလို့နေသည် ပြီးမှ ကားတံခါးကိုဆောင့်ပိတ်လိုက်ပြီး ခြေလှမ်းကျဲတွေနဲ့ထွက်သွားတော့သည်။
ကားကရုတ်တရက် ငြိမ်ကျသွားတော့သည် ချင်းအန်းဟောင် နောက်ခုံမှာပဲထိုင်နေခဲ့ပြီးတာ့ မလှုပ်ခဲ့ တော်တော်ကြီးကြာမှ မျက်တောင်ခတ်ပြီး ဖြူဖျော့နေတဲ့ မျက်နှာနဲ့ထထိုင်လိုက်သည် သူမ အဝတ်အစားတွေ ပြန်ပြင် ရှုပ်ပွနေတဲ့ဆံပင်ကိုပြန်စီးလိုက်သည် ကားနောက်မှာထိုင်ရင်း တော်တော်ကြာတဲ့ထိ ငိုင်နေပြီးမှ မိန်ရှုဥယျာဉ်ကို ပြန်သွားလိုက်သည်။
လုကျင်းနန်က တက်စီငှားပြီးတော့ ဟွမ်ရင်းကို ပြန်လာခဲ့သည်။
ပိုက်ဆံရှင်းပြီး အဆောက်အဦးဆီလျှောက်လာတော့ ညစောင့်က အနည်းငယ်ငိုက်နေတာပင်  တစ်စုံတစ်ယောက်ဝင်လာတာမြင်တော့ သူခေါင်းခါပြီး အနီးကပ်ကြည့်လိုက်သည် လုကျင်းနန်ဆိုတာ သိတော့ ချက်ချင်း နိုးသွားပြီးတော့ "လု လူကြီးမင်း" လို့နှုတ်ဆက်လိုက်သည်။
လုကျင်းနန်က ပြန်မဖြေပဲ ဓာတ်လှေကားစီပဲ ခြေလှမ်းကျဲတွေနဲ့လျှောက်သွားလိုက်သည်။
၁၁ နာရီထိုးတော့မည်ဖြစ်တာကြောင့် အဆောက်အဦးတစ်ခုလုံးကတိတ်ဆိတ်လို့ လုကျင်းနန် ဓာတ်လှေကားက ထွက်ပြီး သူ့ရုံးခန်းစီလျှောက်သွားလိုက်သည် ဒါမဲ့ စုန့်ရှောင်စီ အခန်းရှေ့ကဖြတ်တော့ မီးတွေလင်းနေသေးတာကို သတိထားလိုက်မိသည်။ သူမရုံးခန်းထဲကနေ အသံတချို့လည်းကြားရသည်။
လုကျင်းနန် မျက်မှောင်ကြုတ်ကာ တံခါးခေါက်လိုက်သည်။ ၃ စက္ကန့်လောက်နေတော့ အထဲက စုန့်ရှောင်စီရဲ့တည်ငြိမ်ပြီး ဩဇာရှိတဲ့အသံက ပေါ်လာတော့သည်။ "ဘယ်သူလဲ"
လုကျင်းနန် ပြန်မဖြေဘဲ တံခါးကိုတွန်းကာ ဝင်သွားလိုက်သည်။
ရုံးခန်းထဲမှာ စုန့်ရှောင်စီတစ်ယောက်တည်းပင် ဆိုဖာပေါ်မှာ  ပျော့ခွေစွာလှဲနေကာ သူမရှေ့က ကော်ဖီစားပွဲပေါ်မှာ ၁၂ လက်မ ကိတ်တစ်လုံးရှိသည်။ ကိတ်ပေါ်က ဖယောင်းတိုင်တွေက မီးမရှိတော့ ဘေးမှာလည်း ဝိုင်တပုလင်းနဲ့ဝိုင်ခွက်တခွက်ရှိသည်။
သောက်ထားပုံရသည် လုကျင်းနန်ကို မြင်တော့ ပြုံးလိုက်ပြီး "လု လူကြီးမင်း? ဒီလောက်နောက်ကျနေတာကို ဒီမှာ ဘာလုပ်နေတာလဲ"
လုကျင်းနန်က ကိတ်ကို တချက်ကြည့်လိုက်ပြီးမှ ကော်ဖီစားပွဲကိုလျှောက်သွားကာ အေးတိအေးစက်မေးလိုက်သည်။ "ဒီနေ့ မင်းမွေးနေ့လား"
စုန့်ရှောင်စီ အပြုံးက ပိုပေါ်လာသလိုပင် ခေါင်းခါပြကာ ဝိုင်ကိုသောက်လိုက်ပြီး ခွက်ကိုစားပွဲပေါ်ပြန်တင်ကာ "သူငယ်ချင်းတစ်ယောက်မွေးနေ့ပါ"
စုန့်ရှောင်စီ ကော်ဖီစားပွဲအောက်က ဝိုင်ခွက်တစ်ခွက်ကိုယူကာ လုကျင်းနန်ကိုပေးလိုက်ပြီး "သောက်ဦးမလား"


အခန်း ၂၉၄
လုကျင်းနန်ခွက်ကို တချက်ကြည့်လိုက်ပြီးတော့ စကားတခွန်းမှ မပြောဘဲ တခြားတစ်ယောက်ထိုင် ဆိုဖာ ခုံမှာ သွားထိုင်လိုက်သည်။
စုန့်ရှောင်စီက သူထိုင်တာမြင်တော့ သူမနဲ့သောက်ဖို့ သဘောတူတာ သိပြီး ဝိုင်ခွက်ကို ချပေးလိုက်သည် ထို့နောက် ဝိုင် ပုလင်းကိုယူကာ သူမခွက်ထဲအရင်ဖြည့်လိုက်ပြီးတော့ သူ့ခွက်ထဲကိုထည့်ပေးလိုက်သည်။
လုကျင်းနန်က ခွက်ကိုကိုင်ကာ တငုံသောက်လိုက်သည် စကားလည်းမပြော ပြောချင်တဲ့ပုံလည်းမပေါ်
စုန့်ရှောင်စီက လုကျင်းနန်ရဲ့တိတ်ဆိတ်မှုကိုကျင့်သားရနေပြီပင် အဲ့ဒါနဲ့သူမဘာသာ စကားစပြောတော့သည် သောက်ထားတဲ့အရှိန်ကြောင့်ထွေနေတာလည်းပါမည်လုကျင်းနန်ကို ကြည့်လိုက်တော့ သူသေချာဝတ်စားထားတာကို မြင်ပြီးမေးလိုက်သည်။ "ကပွဲသွားထားတာလား?"
"အင်း" လုကျင်းနန်က သာမန်ကာ လျှံကာပဲဖြေပြီး နောက်တစ်ငုံသောက်လိုက်သည်။ စုန့်ရှောင်စီ သတိထားမိတာက သူတို့ ညီအကို ဖြစ်ကတည်းက လုကျင်းနန်က ရှုကျင့်မုမွေးနေ့ပွဲကိုတက်လေ့ရှိတယ်ဆိုတာပဲ သူအဆင်ပြေရဲ့လားလို့မေးချင်ပေမယ့် ခပ်ဖွဖွသာပြုံးလိုက်ပြီး သူမဝိုင်ခွက်ကိုထပ်ဖြည့်လိုက်သည်။ ဒါမဲ့ သူမ မဖြည့်နိုင်သေးခင်မှာပဲ ပုလင်းက ကုန်နေပြီ
စုန့်ရှောင်စီ မျက်မှောင်ကြုတ်ကာ ကြမ်းပြင်ကို ဝိုင်ပုလင်းကိုပစ်ချလိုက်သည် ဝိုင်ခွက်ကိုကိုင်ပြီး ဒယိမ်းဒယိုင်လျှောက်ရင်း သန့်စင်ခန်းထဲ သွားလိုက်သည် သူမ ပြန်ထွက်လာတော့ ထူထဲနေတဲ့ မိတ်ကပ်ကိုဖျက်လာာပြီးတော့ သူမရဲ့ နဂို နို့လို ကြည်လင်နေတဲ့မျက်နှာလေးပဲကျန်တော့သည်။
ရေအေးတွေက သူမစိတ်ကို ပါ ဆေးလိုက်သလိုပင် ဆိုဖာပေါ်မှာ ဝိုင်သောက်နေဆဲ လုကျင်းနန်ကို စိုက်ကြည့်နေပြီးတော့မှ သူ့စီလျှောက်သွားလိုက်သည်။ သူ့နားကို ရောက်သွားတော့ ခေါင်းငုံ့ပြီး သူ့ပုခုံးကို အနံ့ခံလိုက်သည်။
လုကျင်းနန်က ချက်ချင်း မျက်မှောင်ကြုတ်ကာ သူမကိုတွန်းထုတ်လိုက်သည်။
စုန့်ရှောင်စီက နောက်ပြန်ကျပြီး ဆိုဖာပေါ်ကို ကျသွားတော့သည်။  ကိုယ်ကို ပြန်ဆန့်ပြီး လုကျင်းနန်ကို ကြည့်ကာ မျက်နှာက စသလိုနဲ့ "လု လူကြီးမင်း အဲ့ အနံ့က တစ်ခုခုပြောနေတယ် ဘယ်သူလဲ?"
သူမ ထရပ်ဖို့ အားယူလိုက်ပြီးမှ မျက်နှာမှာ စသလိုပြုံးရင်းမေးလိုက်သည်။ "ချင်းအန်းဟောင်လား ရှင်သူနဲ့ အိပ်လာတာလား"
လုကျင်းနန် အမူအရာ ချက်ချင်း မဲသွားကာ နှုတ်ခမ်းတင်းတင်းစေ့ထားလိုက်သည် စုန့်ရှောင်စီ ရုံးခန်းထဲက ထထွက်လိုက်တော့သည်။
စုန့်ရှောင်စီက သူ့နောက်ကို ကပ်လိုက်ကာ "ကျွန်မ မြင်လိုက်တာက ရှက်နေတာလား ဒေါသထွက်နေတာကိုလား သူမ ကရှင်နဲ့အိပ်ခဲ့တာမလား"
လုကျင်းနန် မျက်နှာမဲသွားပြီး ချက်ချင်းရပ်ကာ သူမကိုစိုက်ကြည့်လိုက်သည်။ "ပါးစပ်ပိတ်ထား"
ပျာယာခတ်ပြီးတော့ သူ့အိတ်ကပ်ထဲက ဆေးလိပ်တစ်လိပ်ကိုယူလိုက်သည်။ မီးညှိလိုက်ပြီးတော့ အားရပါးရရှိုက်လိုက်ကာ ပြန်တည်ငြိမ်လာသည်။
စုန့်ရှောင်စီက သူဆေးလိပ်သောက်တာမြင်ကတည်းက ဆက်မစတော့ သူမလည်း ဆေးလိပ်သောက်လိုက်ကာ နီကိုတင်း က သူမတကိုယ်လုံးကို ပျံနှံ့သွားတော့သည် ဆေးလိပ်သောက်နေရင်းနဲ့တစ်ခုသတိရသွားတာက နောက်ဆုံး သူမဆေးလိပ်သောက်ခဲ့တာ နှစ်တော်တော်ကြာသွားပြီ ဆိုတာပင်

အခန်း ၂၉၅
၇နှစ် အလွန်တုန်းက ဆေးလိပ်သောက်ခဲ့ပေမယ့် အဲ့ဒီလူက တားခဲ့တာ အခုတော့ သူမ ထိုသူထပ်ပေါ်လာစေဖို့ ဆုတောင်းသည်။ သူမကို ဒေါသတကြီး အမူအရာနဲ့ကြည့်ပြီးတော့ သူမစီက ဆေးလိပ်ကိုဆွဲလုသွားဖို့ကောပေါ့ သူမကို ဆူရင်သိပ်ကောင်းမည် ဒါမဲ့ ဒါတွေ အကုန်လုံးက အိမ်မက်တစ်ခုပဲ သူက သူမရှေ့ကိုနောက် ဘယ်တော့မှပေါ်လာတော့မှာ မဟုတ်ဘူး
စုန့်ရှောင်စီခေါင်းခါလိုက်ကာ သူမ မေ့ဖို့ ကြိုးစားခဲ့တဲ့ အမှတ်တရတွေကို ပြန်သတိရနေမိသည် နောက်တစ်ခါထပ်ရှိုက်လိုက်ပြီးတော့ ဆေးလိပ်ငွေ့တွေထဲကနေ လုကျင်းနန်ကို စိုက်ကြည့်နေမိသည်။ကွဲအက်နေတဲ့ အသံနဲ့ သူမမေးလိုက်သည်။ "ဘာြဖစ်လို့လဲ စိတ်အခြေအနေမကောင်းဘူးလား" သူမ ဆက်ကာ "ချင်းအန်းဟောင်ကြောင့်လား"
အင်း ချင်းအန်းဟောင်ကြောင့်
တစ်နည်းနည်းနဲ့ သူစိတ်ဆိုးတိုင်း အဲ့ဒါက အမြဲချင်းအန်းဟောင်နဲ့ ပက်သက်နေတာကြည့်ပဲ
လုကျင်းနန် လည်ချောင်းထဲ တစ်စို့လာသလိုပင် သူနောက်ထပ် ရှိုက်လိုက်ပြီးတော့ ခေါင်းစဉ်ပြောင်းလိုက်သည်။ "မင်းက ဘာလို့ ဒီမှာ တစ်ယောက်တည်း သူငယ်ချင်းမွေးနေ့ကျင်းပနေတာလဲ မင်းချစ်သူလား?"
"ဟဟဟ..." စုန့်ရှောင်စီ ဟာသ ကြားလိုက်ရသလို ရယ်လိုက်သည် မျက်ရည်တွေကျလာတဲ့ထိ ရယ်ပြီးတော့မှ လုကျင်းနန်ကို လေးနက်စွာကြည့်ကာ "သူသေပြီ"
သူမ စိတ်ထဲမှာတော့ သူကသေသွားပြီ
ဘာကိုမှ ဂရုမစိုက်တတ်ဘူး လို့ ထင်ရတဲ့ သူတစ်ယောက်စီမှာ ရင်နာစရာဇာတ်လမ်းတစ်ခုရှိနေတတ်တယ်
အမျိုးသားတွေက အမျိုးသမီးတွေလောက် အတင်းမပြောတတ်ကြဘူး အဲ့ဒါကြောင့် လုကျင်းနန်လည်း မမေးတော့
စုန့်ရှောင်စီလည်း ဘာမှ ဆက်မပြောတော့ သူတို့ နှစ်ယောက်ကြားတိတ်ဆိတ်မှုက ပြန်ကြီးစိုးသွားပြီးတော့ ဆေးလိပ်ဆက်သောက်နေလိုက်ကြသည်။ တော်တော်ကြာသွားမှ စုန့်ရှောင်စီက ရုတ်တရက် ထကာ အသံတိုးတိုးနဲ့ "ငါ ဒီကို စဝင်တုန်းက ထွက်လာတဲ့ကောလဟာလတွေက အမှန်ပဲ ငါ သူများထောက်ပံ့တာနဲ့တက်လာတာ"
လုကျင်းနန် ရုတ်တရက်အေးခဲသွားပြီးတော့ သူမ နာမည်စကြီးလာတုန်းက ကောလဟာလတွေကို ပြန်သတိရလိုက်သည်။
ဒါမဲ့ စုန့်ရှောင်စီက သရုပ်ဆောင်ဖို့မွေးဖွားလာတဲ့သူဖြစ်တာကြောင့် အမြန်နာမည်ကြီးလာပြီးတော့ထိုကောလဟာလတွေ အကုန်လုံးကို ရိုက်ချပစ်ခဲ့တာ
စုန့်ရှောင်စီက လုကျင်းနန်နားကို ကပ်ကာ "ဒါမဲ့ ငါက လူတစ်ယောက်တည်းကိုပဲရောင်းစားခဲ့တာ ယွမ် ၅ သောင်းအတွက်နဲ့"
သူမလက်ကိုမြှောက်ပြီး ငါးချောင်းထောင်ပြလိုက်သည်။ "ငါ ၇ နှစ်စာငါ့ကိုယ်ငါရောင်းစားခဲ့တာလေ မတန်ဘူးလား ဟမ်?"
စုန့်ရှောင်စီက သူမလက်ထဲက ဆေးလိပ်ကိုလွှင့်ပစ်လိုက်ပြီးတော့ သူဘာမှ မပြောခဲ့သလိုပင် "နောက်ကျနေပြီ ငါအခု ပြန်တော့မယ် လုကျင်းနန် ဘိုင့်ဘိုင်"
လုကျင်းနန် ပြန်တုံ့ပြန်တာ မစောင့်ဘဲ သူမလှည့်ကာ ထွက်သွားတော့သည်။
သူမ ထွက်သွားပြီးတော့ ရုံးခန်းကတဖန်သေလောက်အောင် တိတ်ဆိတ်သွားပြန်သည် လုကျင်းနန်က ညလယ် နာရီမြည်တဲ့ချိန်ထိ ရပ်နေဆဲ မှန်ပြတင်းကနေ သူ့မွေးနေ့ပြီးဆုံးသွားတာကိုကြည့်နေခဲ့သည်။
တော်တော်ကြာကြည့်နေပြီးတော့ လွန်ခဲ့တဲ့ ၅ နှစ်က သူဘယ်တော့မှ မမေ့နိုင်မယ့်.........."

တိတ်တခိုးချစ်ရသူ (186-500)Where stories live. Discover now