330

363 37 0
                                    

အခန်း ၃၃၀
သူမ ပိုပြီးခံစားရမှာ ဘယ်လောက်ဆိုးနိုင်လဲ
တွေးမိတာနဲ့ သူ့ကိုယ်သူ ပိုအပြစ်တင်လာမိသည်။
သူတို့ပြောတာမှန်တယ် ဒါ သူ့အမှားပဲ သူမကို နှစ်ပေါင်းများစွာချစ်လာတာ ပြီးတာ့ သူတို့ လုပ်တိုင်း အိမ်မက်လိုပဲ တားဆေးလည်း မသောက်ခဲ့သလို အကာအကွယ်လည်း မလုပ်ခဲ့လို့ ဒီနေ့လိုဖြစ်လာရတာ
သူတို့ကျောင်းတုန်းက သူ့အဆောင်က ကောင်လေးတွေက လိင်ဆက်ဆံပေမယ့် အသက်တချောင်းကိုတော့ မသတ်ခဲ့ကြဘူး
သူမှတ်မိသလောက် မိန်းကလေးတစ်ယောက်က ကိုယ်ဝန်ရှိတာ သတိမထားမိဘဲ မာရသွန်အပြေးဝင်ပြိုင်ခဲ့တာ နောက်ဆုံးအကြိမ်ကျမှ သွေးတွေ တအားထွက်ပြီး ကိုယ်ဝန်ပျက်ကျမှန်းသိခဲ့ရတာ
အထက်တန်းကျောင်းတုန်းက အဲ့ဖြစ်ရပ်က သူတို့ကျောင်း ဂုဏ်ကို တော်တော်ထိခိုက်ခဲ့တာ အဆုံးကျ ထိုမိန်းကလေးက ကျောင်းထွက်ခဲ့ရတာ သူမထွက်သွားတော့ မျက်လုံးတွေက နီပြီးဖောင်းအစ်လို့ ဒါမဲ့ သူ့ကောင်လေးကတော့ သိပ်မကြာဘူး အချစ်သစ်တွေ့သွားတာပဲ အချိန်တိုင်း အဲ့ဖြစ်ရပ်အကြောင်း လူတွေပြောတိုင်း မိန်းကလေးက သူမရဲ့ လုပ်ရပ်အတွက် အပြစ်တင်ခံခဲ့ရတယ်
ကောလိပ်တုန်းကလည်း ကောင်လေးတစ်ယောက်က နောက်ခံကောင်းတာကြောင့် တရုတ် ဌာနက နာမည်ကြီးမိန်းကလေးတွေနဲ့ တွဲခဲ့တာ အဲံက ကောင်မလေး တစ်ယောက်က သူ့ကြောင့် သုံးကြိမ်တောင် ကိုယ်ဝန်ဖျက်ချခဲ့ရတယ် ဒါမဲ့ လုံးဝ ဂရုမစိုက်ခဲ့ဘူး မူးလာတိုင်း တခြားသူတွေကိုတောင် ကြွားနေသေးတာ သူဘွဲ့ရတော့ အဲ့ကောင်မလေးက သူ့ကို စွန့်ပစ်ခဲ့တယ် ဒါမဲ့ အဲ့ကောင်မလေးက နောက်ထပ်ဘယ်တော့မှကိုယ်ဝန်မဆောင်နိုင်တော့ဘူး
အဲ့တုန်းက သူအဲ့လို အတင်းအဖျင်းတွေကိုတခါမှ အာရုံမစိုက်ခဲ့ဘူး ဒါမဲ့ဒီနေ့ ချင်းအန်းဟောင် ကိုယ်ဝန်ဖျက်ချတော့ သူ့စိတ်ထဲ အဲ့ဒါတွေ အကုန်ပြန်ဝင်လာတာ
အဲ့တုန်းက သူခံစားရတာက ကောင်မလေးက သနားစရာပဲလိုပဲ ချင်းအန်းဟောင်နဲ့တွဲရင်သူမကို ဘယ်တော့မှ အဲ့လိုမခံစားစေရဘူးလို့တောင်ကျိန်ခဲ့တာ သူတတ်နိုင်သမျှ အကောင်းဆုံးတွေပဲပေးမှာလို့
ဒါပေမယ့်လည်း အခုတော့ သူမကို ဒီလို ဖြစ်ရပ်ထဲ ဆွဲခေါ်လာမိတာပဲ
သူမကိုသာ မထိခဲ့ရင် သူ့ကိုယ်သူသာ ထိန်းနိုင်ခဲ့ရင် အကာအကွယ်သုံးခဲ့ရင်
လုကျင်းနန် လက်သီးဆုတ်ကာ လည်ချောင်းထဲ တစ်စို့လို့
ကာကွယ်ဖို့ နည်းလမ်းမျိုးစုံရှိနေတာတောင် သူမလုပ်နိုင်ခဲ့ဘူး
သူမကို လက်လျှော့ခဲ့ရတယ်
သူ ကတိပေးထားတဲ့ ပြည့်စုံတဲ့ ဘဝ လည်းမပေးနိုင်ခဲ့ဘူး
လုကျင်းနန် တညလုံး ချင်းအန်းဟောင်ဘေးမှာ စောင့်ပြီးနေခဲ့သည်။
ဆရာဝန်ပြောသလိုပဲ သူမ အိပ်နေတာ တော်တော်ကိုကြာသည် ညလယ်လောက်ကျ ဆရာဝန်က ထပ်လာကြည့်ပေမယ့် သူမ အိပ်နေတာ မြင်တော့ ဘာမှမပြောဘဲ ပြန်သွားလိုက်သည်။
နောက်နေ့ ၇ နာရီ လုကျင်းနန် သူ့လက်‌ထောက်ကိုဖုန်းဆက်ကာ ချင်းအန်းဟောင်ကို မိန်ရှု ဥယျာဉ်ကို ပြန်ခေါ်သွားလိုက်သည်။
မဒမ်ချန်က နိုးနေပြီပင် သူမ ကားကိုမြင်တော့ သူတို့ကို အပြေးလာနှုတ်ဆက်ခဲ့သည် လုကျင်းနန်က ချင်းအန်းဟောင်ကိုပွေ့ထားကာ သူတို့အခန်းထဲ တက်သွားတော့သည်။
စိုးရိမ်တကြီးနဲ့ မဒမ်ချန်က " Mr.လု Mrs.လု ဘာဖြစ်တာလဲ"

တိတ်တခိုးချစ်ရသူ (186-500)Donde viven las historias. Descúbrelo ahora