329

284 29 0
                                    

အခန်း ၃၂၉
လုကျင်းနန် မျက်နှာဖြူဖျော့သွားတော့သည်။
"ပြီးတော့ သူသောက်တဲ့ အိပ်ဆေးမျိုးက သက်ရောက်မှုတော်တော်များတယ် ခုချိန်ထိ အိပ်နေတာပဲ ကြည့်လေ"
"ခွဲစိတ်နေတုန်းလည်း ကျွန်တော် မေ့ဆေးပေးထားတာကြောင့် တော်တော်ကြာအိပ်နေဦးမှာပဲ နိုးလာရင် အိပ်ပြန်လို့ရပါပြီ ဒါမဲ့ အားတော့နည်းနေဦးမှာ အဲ့ဒါကြောင့် များများ အနားယူပါစေ ခွဲစိတ်ပြီးတော့ တပတ်လောက်ကြာတဲ့ထိ သွေးထွက်နေလိမ့်မယ် သွေးမတိတ်ရင် စစ်ဆေးဖို့ ပြန်လာခဲ့ပါ"
ဆရာဝန်က အများကြီးပြောလိုက်ရတာကြောင့် ပင်ပန်းသွားတဲ့ပုံပင် ဒါမဲ့ လုကျင်းနန် အမူအရာကို မြင်တော့ ခနတုံ့ဆိုင်းနေပြီးမှ သူ့ကိုနှစ်သိမ့်လိုက်သည်။
"Mr.လု စိတ်တိုနေတောင် ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့ ကလေးဆုံးရှုံးရလို့ စိတ်မကောင်းဖြစ်နိုင်ပေမယ့် ကလေးက နောက်လည်း အများကြီးယူလို့ရပါတယ် ဒါမဲ့ ခင်ဗျားမိန်းမက ပိုပြီးတောင်ဝမ်းနည်းနေမှာ သူက မိခင်ကို"
"ပြီးတော့ ကလေးသေရတာက သူ့ကြောင့်ဆိုတာသာ သိရင် အပြစ်ရှိသလို ခံစားနေရမှာ အဲ့ဒါကြောင့် ကြိုပြောပြရတာပါ သူမ နိုးလာတဲ့ခါကျ သိပ်မလန့်တော့မှာလေ"
လုကျင်းနန် သူ့ရင်ထဲက နာကြင်မှုကို ရှင်းမပြနိုင်ဘူး နာကြင်မှုကော ဆုံးရှုံးမှုကိုပါ ခံစားနေရတာ ဒါမဲ့ သူ့မျက်လုံးတွေက ဆရာဝန်ကို တည်ငြိမ်စွာ ကြည့်နေခဲ့သည် တော်တော်ကြာ သတ္တိစုပြီးမှ "ကျွန်တော် နားလည်ပါပြီ" ခနကြာမှ ဆက်ကာ "ကျေးဇူးပါ"
ဆရာဝန်ကခေါင်းငြိမ့်ပြကာ တခြားသူတွေနဲ့တူတူထွက်သွားတော့သည်။
လူနာဆောင်ထဲက မီးအလင်းတွေက မှိန်ပြီး အဝါရောင်ပင် သူ့မြင်ကွင်းတွေလည်းဝေဝါးလို့တော်တော်ကြာရပ်နေပြီးမှ အိပ်ရာပေါ်မှာလှဲနေတဲ့ချင်းအန်းဟောင်ကို လှည့်ကြည့်လိုက်သည်။
သူမက ခုတင်ခွဲစိတ်မှုလုပ်ထားရတာမျက်နှာက ဖြူဖျော့နေပေမယ့် အေးချမ်းလို့ ဘာတွေဖြစ်ခဲ့သလဲဆိုတာ မသိသလိုပင်
သူမသာ အိမ်မက်ထဲမှာ ကလးဆုံးရှုံးပြီး အဲ့ကလေးက သူမသောက်တဲ့ အိပ်ဆေးတွေကြောင့်ဆိုတာ သာသိရင် ဘာများလုပ်မလဲ
စိတ်ဆိုးမလား နောင်တရနေမလား ကြေကွဲနေမလား
ထိုချိန်မှာပဲ လုကျင်းနန်စိတ်ထဲ ချင်းအန်းဟောင် ဝမ်းနည်းပက်လက်ငိုကြွေးနေတဲ့ပုံကို မြင်ယောင်လာသည်။ စိတ်ထဲ တင်းကြပ်လာပြီး သူနာပြုတွေဆရာဝန်တွေ ပြောတာကိုပဲ ခေါင်းထဲ မြည်လို့နေသည်။
"ကလေးပျက်ကျတာ သိရင် အမေ တစ်ယောက်အနေနဲ့ ဘယ်လောက်တောင်ရင်ကွဲလိမ့်မလဲ"
"ကလေးဆုံးရှုံးသွားလို့စိတ်တိုလို့ရပါတယ် ဒါမဲ့ ခင်ဗျားမိန်းမက ခင်ဗျားထက်တောင် ပိုပြီးနာကြင်ရမှာ"

တိတ်တခိုးချစ်ရသူ (186-500)Where stories live. Discover now