391~400 (Zawgyi)

220 8 0
                                    

အခန်း ၃၉၁
ချင်းအန်း‌ဟောင် အပြုံးတစ်ခုနဲ့ ဆရာဝန်ကိုခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက် သူမ ဆေးစစ်ချက်တွေကိုယူကာ ထရပ်ပြီး နှုတ်ဆက်လိုက်သည်။
သူမ ဆရာဝန် ရုံးခန်းကထွက်လာတော့ အမျိုးသမီးငယ်လေးတစ်ဦးက သူမကိုဖြတ်လျှောက်သွားသည် လက်ထဲမှာလည်း ဖုန်းနဲ့ သူမခင်ပွန်းကိုခေါ်နေတာ ဖြစ်နိုင်သည်။ ပြောနေတာက ကိုယ်ဝန်နှစ်လ ရှိနေပြီလို့ ကိုယ်ဝန်ဆောင်သည်တွေက အလိုလိုက်ပေးရမယ်ဆိုပြီး သူမ အသံက ချွဲနေသလိုပင်
ချင်းအန်းဟောင် ထို အမျိုးသမီးဗိုက်လေးကို လှမ်းကြည့်လိုက်တော့ ဗိုက်က ချပ်နေဆဲ သူမကတော့ သူမဗိုက်ကိုပွတ်လို့ သူမ ကလေး ဖျက်ချ ခံလိုက်ရတုန်းကလည်း သူမမှာလည်း ကိုယ်ဝန်နှစ်လရှိခဲ့တာတဲ့ သူမ ဗိုက်လေးကလည်း အဲ့အမျိုးသမီးလိုပဲ ကိုယ်ဝန်ရှိမှန်းတောင် မသိသာဘူး
ခန တကယ်လို့ သူမ ကိုယ်ဝန်ရှိတာကို သူမတောင် မသိရင် လုကျင်းနန်က ဘယ်လိုသိမှာလဲ
အဲ့ညက သူမ မိန်ရှုဥယျာဉ်မှာ အိပ်ပျော်နေခဲ့တာ နောက်နေ့ နိုးလာတော့လည်း မိန်ရှုဥယျာဉ်မှာပဲ ၁၀ နာရီ ဝန်းကျင်လောက်ပဲ ရှိတယ် အချိန်ပေါင်းက အဲ့ချိန်တွင်းမှာ သူမကလေးကို ဆုံးရှုံးလိုက်ရတာပေါ့
လုကျင်းနန် ကိုယ်ဝန်ဖျက်ချတဲ့ စာရွက်မှာ လက်မှတ်ထိုးထားတာ သူနာပြုဖုန်းထဲက ဘဏ်မှတ်တမ်းတွေ လုကျင်းနန် ပိုက်ဆံအိတ်ထဲမှာ စစ်‌ဆေးချက်တွေ အခု သူမလက်ထဲက ဘီ စကန်တွေ ပထမတစ်ခုက တိုက်ဆိုင်တာ ဒုတိယ တစ်ခုကလည်း တိုက်ဆိုင်တာဆို တတိယတစ်ခုနဲ့ စတုတ္ထကကော အကုန်လုံးက တိုက်ဆိုင်နေတာပဲလား
လုကျင်းနန် သူမ ကိုယ်ဝန် ရှိမှန်း သေချာသိနေခဲ့တာပဲ နောက်နေ့ မဒမ်ချန်က သူမ ရာသီလာတယ်ပြောတော့ လုကျင်းနန်က တစ်ခုခုကို သေချာသိနေခဲ့သလိုဖြစ်နေခဲ့တာ အကုန်လုံး အမှန်တိုင်းသိနေခဲ့တာပဲ သူမကလွဲပြီးတော့လေ
ချင်းအန်းဟောင် မျက်လုံးထဲ မျက်ရည်တွေ ပြည့်လာတော့သည်။ ဆေးရုံဝင်းထဲက နေ ပြေးထွက်လာပြီး သူမနားမှာ ဘယ်သူမှ မရှိတော့တဲ့အထိ
မနေ့က မနက်ကတည်းက ကိုယ်ဝန်ဖျက်ချတဲ့ စာရွက်မှာ သူ့လက်မှတ်ကို မြင်တာကနေ အခု ဆရာဝန်က သူမ ကိုယ်ဝန်ပျက်ကျတယ်ဆိုတာကို အတည်ပြုပေးလိုက်တဲ့ထိ သူမခံစားးချက်တွေ လွန်ဆွဲနေခဲ့တာ အခုတော့ လက်လွှတ်ပေးလိုက်တော့မယ်
သူမ အရမ်းမုန်းနေမိပြီ လုကျင်းနန် ဒီလောက် အကြင်နာတရားကင်းမဲ့ရလား ဆိုပြီး သူမကိုယ်ဝန်ရှိတာကို ချက်ချင်း မသိခဲ့လို့လည်းမုန်းတယ် ဒါမဲ့ တကယ်လို့ သူမ ချက်ချင်းသိခဲ့ရင်တော့ လုကျင်းနန်က ကလေးကိုလိုချင်မှာတဲ့လား
အခု အန်တီရှုတောင်ပြောနေပြီ လုကျင်းနန်က ရှုကျင့်မု ဘယ်တော့နေကောင်းမှာလဲ ဖုန်းဆက်မေးတယ်လို့ ဘယ်လောက်မြန်မြန် နေကောင်းမှာလဲလို့
ဘယ်လိုလုပ်မေ့နိုင်မှာလဲ သူတို့ ကြားမှာ ဒါက သဘော တူညီမှု သက်သက်ပဲဆိုတာ အစက သူတို့နှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက် မနှောင့်ယှက်ဖို့ သဘောတူထားခဲ့ကြတာ အခု သူမဗိုက်ထဲကအသက်တစ်ချောင်း တကယ်လို့ ရှုကျင့်မု နာမည်အောက်မှာပဲ ထားလိုက်မယ်ဆိုရင်တောင် ပြသာနာတွေအများကြီးရှိလာမှာ
ကလေးကို မလိုချင်တာ ပုံမှန်ပါပဲ သူမက အရမ်းအတွေးလွန်နေမိတာ အကုန်လုံးက အတုအယောင်တွေပဲ ဆိုတာကိုမေ့နေခဲ့တာ ရှုကျင့်မု အခုနိုးလာတော့ သူတို့ လမ်းခွဲရမှာလည်း ပုံမှန်ပဲ
ချင်းအန်းဟောင် ဘယ်လောက်ကြာအောင် ငိုနေမိလဲ မသိတော့ နောက်ထပ်ကျစရာမျက်ရည်မရှိတော့သလိုပဲ တည်ငြိမ်အောင် လုပ်ပြီး ပတ်လည်ကို ကြည့်လိုက်တော့မှ သူမဆေးရုံက လူသေရုံဝင်ပေါက်ရှေ့ရောက်နေမှန်း သတိထားမိတော့သည် ဘယ်သူမှ ဒီနား မရှိတာ မထူးဆန်းတော့ပါဘူး

အခန်း ၃၉၂
ချင်းအန်းဟောင် အိတ်ထဲကနေ တစ်ရှုး နဲ့ မှန်အဖြစ်သုံးဖို့ သူမ ဖုန်းကိုယူလိုက်သည် မျက်နှာက မျက်ရည်တွေသုတ်ပြီး ဖုန်းကို အိတ်ထဲ ပြန်ထည့်မလို့ လုပ်တုန်းမှာပဲ ဖုန်းဝင်လာတော့သည်။
-
လုကျင်းနန် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားပြီးတော့ ပြတင်းပေါက်က နေရောင်ဝင်လာမှ နိုးလာခဲ့သည် အလင်းကို လက်နဲ့ကာပြီး ခေါင်းလှည့်လိုက်တော့ သူတဖက်မှာ ဘယ်သူမှ မရှိမှန်းသိပြီး မျက်မှောင်ကြုတ်လိုက်မိသည်။ဒါမဲ့လည်း စိတ်ထဲတော့ သိပ်မထားလိုက် ချင်းအန်းဟောင်နိုးပြီး အောက်ထပ်ရောက်နေတာလို့ပဲ ထင်လိုက်တာ အဲ့ဒါနဲ့ စောင်ဖယ်ပြီး ရေချိုးခန်းထဲဝင် ရေမြန်မြန်ချိုးပြီး သန့်ရှင်းတဲ့ အဝတ်အစားလဲပြိးမှ ပြန်ထွက်လာခဲ့တာ
အကျင့်တိုင်း အဝတ်လဲခန်းထဲကနေထွက်တော့ သူ့‌ဘောင်းဘီ အိတ်ကပ်ထဲ လက်နှိုက်လိုက်တာ လွတ်နေရော အဲ့ခါမှ သူသတိရတာ သူ့ပိုက်ဆံအိတ်က မနေ့က အဝတ်က အိပ်ကပ်ထဲမှာဆိုတာ အဝတ်လျှော်မယ့်ခြင်းထဲက ဘောင်းဘီတွေကို ပြန်ယူပြီး ပိုက်ဆံအိတ်ပြန်ရှာ ယူပြီးမှ အခန်းထဲကထွက်လာခဲ့တာ
ရုတ်တရက် မနေ့က စစ်ဆေးချက်ရလဒ်တွေကို သူ့ပိုက်ဆံအိတ်ထဲ ထည့်ထားတာ သတိရလိုက်ပြီးတော့ ရေချိုးခန်းထဲ ပြန်ဝင် ပိုက်ဆံအိတ်ထဲက စာရွက်စာတမ်းကို ထုတ် ဖြဲပြီး အမှိုက်ပုံးထဲထည့်လိုက်သည်။ ထိုခါမှပဲ စိတ်အေးပြီး အောက်ထပ်ကိုဆင်းလာခဲ့သည်။
မဒမ်ချန်က မနက်စာလုပ်ပြီးနေပြီ လုကျင်းနန် အောက်ထပ်ကိုဆင်းလာတာမြင်တော့ "Good Morning Mr. လု"
"Morning" လုကျင်းနန် ပျင်းရိစွာ ပြန်ဖြေကာ ထမင်းစားခန်းထဲ ဝင်လာခဲ့သည် အခန်းကလွတ်နေတာမြင်တော့ "Missus ကော?"
မဒမ်ချန်က သူ့ကို ကြောင်ကြည့်ကာ "မမလေး မနိုးသေးဘူးလား"
လုကျင်းနန် မျက်မှောင်ကြုတ်ကာ "ကျွန်တော်နိုးလာတော့ သူ ထသွားပြီ"
မဒမ်ချန် ကြောင်သွားကာ စံအိမ်တစ်ခုလုံး လိုက်ရှာပေမယ့် ချင်းအန်းဟောင်ကို မတွေ့ အဲ့ဒါနဲ့ အောက်ထပ်ကို ပြန်ဆင်းလာပြီ "ကြည့်ရတာ မမလေး အိမ်မှာ မရှိဘူးထင်တယ်" လုကျင်းနန်ကို ထိုသို့ပြောလိုက်တော့ လုကျင်းနန်လည်း ဖုန်းထုတ်ကာ သူမ နံပါတ်ကိုခေါ်လိုက်တော့သည်။
-
ချင်းအန်းဟောင် ခေါ်ဆိုသူကိုမြင်တော့ စိတ်ကို‌အေးအေးထားကာ တော်တော်ကြာမှ ကိုင်လိုက်သည်။ ကိုင်ပြီး သူမ ဘာမှ မပြောရသေးဘူး လုကျင်းနန်က "ချင်းချင်း ဘယ်သွားနေတာလဲ"
ချင်းအန်းဟောင် မျက်လွှာချကာ သာမန်အသံနဲ့ပဲ "အကိုကျင့်မုကို လာတွေ့တာ"
လုကျင်းနန် ထိုစကားလုံးကိုကြားတော့ နှုတ်ခမ်းတင်းတင်းစေ့ကာ ခနကြာမှ "ကျင့်မု ဘယ်လိုနေလဲ"
"အများကြီး ပိုကောင်းလာပါပြီ" ချင်းအန်းဟောင် ဟန်ယုချူပြောတာကို တွေးမိတာနဲ့ ဆက်ပြီး "နောက် တစ်ပတ်လောက်ဆို ပြန်ကောင်းပြီတဲ့"
လုကျင်းနန် ရှုကျင့်မု အကြောင်း ဆက်နားမထောင်ချင်တာနဲ့ "အင်း" ဟု သာ ပြန်ပြောပြီးခေါင်းစဉ်ပြောင်းလိုက်သည် "အိမ်ပြန်လာတော့မှာလား"
"ဟင့်အင်း ကျောင်မုန် ရိုက်ကွင်းကို သွားဖို့ လာကြိုလိမ့်မယ်"
"အင်း" လုကျင်းနန်က ဆက်ကာ "အဲ့ဒါဆို ဂရုစိုက်"
"အင်းပါ" ချင်းအန်းဟောင် နာခံစွာ ပြန်ဖြေကာ သူမ အသံက ငြင်သာလွန်းတာကြောင့် တဖက်လူ ဘာမှ သတိမထားမိ "ဖုန်းချလိုက်တော့မယ် ဘိုင့်"
"ဘိုင့်" လုကျင်းနန် ပြန်ဖြေပြီး ဖုန်းချမလို့ရှိသေး ချင်းအန်းဟောင်က "လုကျင်းနန်" လို့ထခေါ်လိုက်သည်။
သူ ပြန်မပြောပေမယ့် ဖုန်းတော့ နားထောင်နေဆဲ ခနလောက်ကြာမှ သူမက "ဒီသောကြာ ဟောလိဝုဒ် ဇာတ်ကားအသစ် ရုံတင်မှာတဲ့ တူတူသွားကြည့်ကြမလား?"

အခန်း ၃၉၃
သူမ ငယ်ငယ်တုန်းက ချင်းအန်းဟောင် သူမ အတန်းဖော်တွေ ဒိတ်လုပ်တာ မြင်ဖူးသည်။ သူတို့က ဆရာမ မိမှာ စိုးတာကြောင့် ကျောင်းထဲမှာဆို သူစိမ်းလိုနေပြီးတော့ ကျောင်းဆင်းရင် လက်ကိုင်ပြီး တူတူလမ်းလျှောက်ကြတယ်
ပိတ်ရက်တွေဆို မိန်းကလေးတွေကကျောင်းဝတ်စုံကနေ လှပတဲ့ ဝတ်စုံလေးတွေဝတ်ပြီးတာ့ သူတို့ မိဘတွေကို သူတို့ သူငယ်ချင်းနဲ့တွေ့မှာ ဆိုပြီး လိမ်ပြောကြ ပြီးရင် သူတို့ ကြိုက်တဲ့ကောင်လေးတွေနဲ့ အပြင်သွား ဇာတ်ကား ကြည့် ပေါက်ပေါက်ဆုတ်ဘူးကြီး ရယ် ကိုလာ နှစ်ဘူးရယ်ဝယ်ပြီး စားကြတာ ရိုးရှင်းသလို လှလည်းလှပသည်။
အဲ့တုန်းက သူမတွေးနေမိတာက သူမသာ လုကျင်းနန်နဲ့ တူတူ ရုပ်ရှင်ကြည့်ခွင့်ရရင်ဆိုပြီး
သူမရဲ့ ဆယ်ကျော်သက် အိမ်မက်တစ်ခုပဲ ၁၃ နှစ်အရွယ် အိမ်မက်ဟောင်းတစ်ခုက ဘယ်တော့မှ အမှန်ဖြစ်မလာခဲ့ဘူး
သူတို့သာ တူတူမရှိနိုင်ရင် ငိုခဲ့ ရယ်ခဲ့ ပျော်ရွှင်ခဲ့ နာကြင်ခဲ့ရတဲ့ အချိန်တွေကို လှပတဲ့ အမှတ်တရ အဖြစ်ပဲ ချန်ထားကြရအောင်
ချင်းအန်းဟောင် အကြံပေးချက်က လုကျင်းနန်ကိုကြောင်သွားစေပြီးတော့ တစ်မိနစ်လောက်လွတ်သွားသလိုပင် သူစိတ်ထဲမှာလည်းပျော်ရွှင်မှုတွေ အပြည့်နဲ့ ဒါမဲ့လည်း သာမန်အသံနဲ့ပဲ "ကောင်းပြီ ကိုယ် လက်မှတ်ကြိုဖြတ်ထားလိုက်မယ်"
သူက သူမ ၁၃ နှစ်လုံး ချစ်လာခဲ့ရတဲ့သူလေ တစ်ခါက ကိုယ့်ကိုကိုယ်ကျိန်ဆိုဖူးတာက ဒီဘဝမှာသူ့ကိုပဲ ချစ်မယ်လို့
"ငါ့ ဘဝတလျှောက်လုံး မင်းကိုပဲ ချစ်သွားမှာ" အလှပဆုံး အရိုဆုံး သူ့အတွက် ရေးပေးခဲ့တဲ့စကား
ဒါမဲ့ သူမချစ်တဲ့ အမျိုးသားက သူမကို နက်နက်ရှိုင်းရှိုင်း နာကြင်စေခဲ့တယ်
တစ်ခုချင်း စီ မျက်မြင်ကိုယ်တွေ့မြင်လာရတော့ သူ့ကိုမေးဖို့ အခွင့်အရေးမရှိတော့သလို အခု မေးလည်းမမေးရဲတော့ဘူး "လုကျင်းနန် ရှင်ကျွန်မ ကလေးကိုဖျက်ချခဲ့တာလားလို့" မေးလိုက်လို့ သူမက "အင်း" လို့ ပြန်ဖြေလိုက်ရင် ဘယ်လောက်တောင် ဆိုးဝါးလိမ့်မလဲ
ချင်းအန်းဟောင် မျက်လုံး တော်တ်ာကြာမှိတ်ထားကာ ခနနေမှ မနေ့က ကိုယ်ဝန်ပျက်ကျတဲ့ စာရွက်တွေရယ် ဒီနေ့ စစ်‌ဆေးချက်တွေရယ်ကို တခုချင်းစီ ဆုတ်ဖြဲလိုက်ပြီးတော့ သူမ‌‌ဘေးက အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်တော့သည်။
-
ဒီနေ့ ပိတ်ရက်ဖြစ်တာကြောင့် သောကြာနေ့ရောက်ဖို့ ၆ ရက်လိုသေးသည် လုကျင်းနန် ချင်းအန်းဟောင်နဲ့ဖုန်းပြောပြီးတာ့ သူ့လက်ထောက်ကိုတန်းဖုန်းဆက်ပြီး ဗွီအိုင်ပီ လက်မှတ်နှစ်စောင်ဖြတ်ခိုင်းလိုက်သည်။
"သောကြာနေ့ည ချင်းချင်းနဲ့ငါနဲ့ နောက်ဆုံး ရိုက်ကွင်းရိုက်ကူးရမှာ အဲ့ဒါကြောင့် အဲ့နေ့လည် နောက်ကျမှ ဘိုကင်လုပ်လိုက် သူ ခနလောက်တော့နားချင်မှာပဲ အဲ့ဒါကြောင့် ၃နာရီ ဘိုကင်လုပ်လိုက် အို ခုံတွေကို ဆေးလိပ်မသောက်ရ နေရာမှာ မှာဖို့ မမေ့နဲ့ ချင်းချင်းက ဆေးလိပ်နံ့ မကြိုက်ဘူး ပြီးတော့ သူတို့မှာ အလယ်ခုံရှိတယ် အဲ့ဒါက ဘေးက‌နေ ကြည့်ဖို့ အဆင်မပြေဘူး ကားထဲမှာလည်း လိုရမယ်ရ စောင်တစ်ထည် ဆောင်ထား ဇာတ်ကားက ၂ နာရီကြာမှာ အရမ်းအေးရင် သူမ‌ အအေးမိ...."
"အို ဟုတ်တယ် ကူရှင် နှစ်ခုလည်း ပြင်ထား တကယ်လို့ ထိုင်ရတာ အဆင်မပြေရင် နောက်ကိုမှီလို့ရအောင်လို့"
'ဇာတ်ကား တစ်ကား ကြည့်တာကို Mr.လုက လွန်လွန်းတယ်' လက်‌ထောက် ခေါင်းထဲမှာ တွေးနေမိတာပင် သေချာတာပေါ့ အပြင်မှာတော့ ဘယ်ပြောမှာလဲ သူက အကုန်လုံး သေချာနားထောင်ပြီးမှ မေးလိုက်သည်။ "Mr. လု တခြား တောင်းဆို စရာများ ရှိသေးလားဗျ"
အခန်း ၃၉၄
လုကျင်းနန် အသေးစိတ်တွေးပြီးဘာမှ ထပ်မှာ စရာမရှိတော့ဘူးဆိုမှ ဖုန်းချတော့မလို့ လုပ်တုန်းမှာပဲ စိုးရိမ်ပြီး ထပ်တလဲလဲ လက်‌ထောက်ကို ထပ်မှာတော့တာပဲ
လုက်ျးနန်က သူ့ကို ၃ နာရီ လက်မှတ်မှာဖို့ ထပ်ပြောတော့ လက်ထောက်က "Mr.လု ကျွန်တော်သိပါပြီ ၃ နာရီလက်မှတ် ဆေးလိပ်မသောက်တဲ့နေရာ စောင်တထည်နဲ့ခေါင်းအုံးတစ်လုံး Miss ချင်း..."
လုကျင်းနန် သူ့လက်ထောက်ပြန်ပြောတာကိုမစောင့်တော့ဘဲ ဖုန်းချလိုက်တော့သည်။
-
'လှည့်စားခဲ့သောအချိန်များ' ဇာတ်လမ်းတွဲက တဖြည်းဖြည်းနဲ့အဆုံးကိုရောက်တော့မည် နေ့တိုင်း သရုပ်ဆောင်တွေက သူတို့ နောက်ဆုံးအခန်းကိုရိုက်ပြီးရင် ပြန်သွားကြသည်။
ဗီလာမှာလည်း လူတွေ တဖြည်းဖြည်းနည်းလာပြီ လူမရှိတော့ သလောက်ပင် အရင်က ဟိုတယ်စားသောက်ဆိုင်မှာ လူအပြည့် အခုတော့ ခုံတဝက်လောက်တာင်လွတ်လို့
ချင်းအန်းဟောင်က သူမကိုယ်ဝန်ရှိပြီး ကလေးဆုံးရှုံးလိုက်ရတာကို မသိသလိုပဲ ဆက်ဟန်ဆောင်နေခဲ့သည်။ အရင်ကနဲ့ ဘာမှမထူးခြားသလိုပင် ရိုက်ကူးရေးလုပ်တော့လည်း စိတ်ရောကိုယ်ပါနှစ်ပြီး ရိုက်သည် ရိုက်စရာမရှိရင် ‌ဘေးမှာထိုင်ပြီး သူများရိုက်တာကိုထိုင်ကြည့်သည် တခြားသရုပ်ဆောင်တွေလည်းဝန်ထမ်းတွေနဲ့လည်း စကား‌တွေပြောပြီး ရယ်ရယ်မောမောပဲ
အစကတည်းက သူမ ကာရိုက်တာက လုကျင်းနန်ကို နှစ်သက်သွားရမှာမို့လို့ သူနဲ့အကြည့်ချင်းဆုံလိုက်တိုင်း သူ့ကို ချိုသာစွာ ပြုံးပြတတ်သည်။ မျက်နှာလွှဲလိုက်တာနဲ့ နာကြင် ဝမ်းနည်းမှုတွေပေါ်လာတတ်ပေမယ့်ပေါ့
နေ့ခင်းဆို အကောင်း ညဘက်ဆို သူမ အိပ်မရတော့ အိပ်ပျော်လိုက်တိုင်းလည်း အိမ်မက်ဆိုးတွေက သူမကို ခြောက်လှန့်နေတတ်သည် အိမ်မက်ထဲမှာ အမြဲတမ်း ချစ်ဖို့ကောင်းပြီး ပြည့်ဖောင်းနေတဲ့ ကလေးလေးက သူမကို ကြည့်ပြီး မားမားလို့ခေါ်နေတတ်သည် ထိဖို့ လုပ်လိုက်ရင် ကလေးက ပျောက်သွားသည် အဲ့ခါ သူမ နိုးလာပြီး ဗိုက်လေးကိုပွတ်ကာ မျက်ရည်တွေ ကျလာတော့သည်။
-
သောကြာနေ့ ပေကျင်း ရာသီဥတုက ကြည်လင်လို့နေသည်။
နေ့လည်ခင်းအစောပိုင်းလောက် ချင်းအန်းဟောင် မိန်ရှုဥယျာဉ်ကို ကားပြန်မောင်းလာပြီး နေ့လည်စာစား ရေချိုးပြီး အဝတ်ဗီရိုထဲ‌ မွှေနှောက်ပြီး ဝတ်စုံတွေ စမ်းဝတ်ကြည့်လိုက်သည်။ အဆုံးမှာတော့ ကြယ်သီးမှာ ဇာပါတဲ့ အဖြူရောင် ဂါဝန်လေးကို ဝတ်ဆင်လိုက်သည်။ ငယ်ရွယ်ပြီးဖြူစင်တဲ့ပုံစံလေး
ချင်းအန်းဟောင် ဆံပင်ရှည်တွေကို နွေတုန်းက လှိုင်းတွန့်ပုံကောက်ထားခဲ့တာ အခု နည်းနည်းရှည်လာပြီဆိုပေမယ့် လှနေဆဲပင် မဒမ်ချန်ကို ဆံပင်ဖြောင့်ဖို့တောင် ကူညီခိုင်းလိုက်သေးတယ် နောက်ဆုံးကျပေါ့ပေါ့ပါးပါးမိတ်ကပ်လေး လိမ်းခြယ်လိုက်သည်။
အကုန်ပြင်ဆင်ပြီး နာရီကို ကြည့်လိုက်တော့ နှစ်နာရီတောင်ကျော်လို့နေပြီ အိတ်ကိုယူကာ အောက်ထပ်ကို ဆင်းလာခဲ့သည်။
လုကျင်းနန်က ဟွမ်ရင်းက နေ အိမ်ကို ခုမှရောက်တာ ဧည့်ခန်းထဲမှာ ထိုင်ပြီးရေတောင်ကုန်အောင်မသောက်ရသေးဘူး ချင်းအန်းဟောင် ဆင်းလာတာကို မြင်လိုက်တာပဲရေသောက်နေရင်း ရပ်သွားသည်။
အချိန်ခရီးသွားနေသလိုမျိုး သူငယ်ငယ်တုန်းက အချိန်တွေက အဖြူရောင်ဂါဝန်နဲ့ ချင်းအန်းဟောင်ကို ပြန်မြင်လိုက်ရသလိုပင်
သူ့စီကို သူမက လျှောက်လာကာ သိမ်မွေ့စွာ ပြုံးပြပြီး "သွားကြမလား?"
ချင်းအန်းဟောင် အပြုံးကနေ အကြည့်မခွာနိုင် လုကျင်းနန် သူမကို ကြည့်နေရင်း အထက်တန်းတုန်းက အမှတ်တရတွေကို ပြန်မြင်နေရသလိုပင်
ခနကြာမှ မျက်တောင်ခတ်ပြီး ထရပ်ကာ ရေခွက်ကိုပြန်ချပြီး သာယာတဲ့ အသံနဲ့ "သွားရ‌အောင်"

အခန်း ၃၉၅
သူတို့တံခါးကိုရောက်တော့ လုကျင်းနန်က ချင်းအန်းဟောင် ဝတ်စုံကိုကြည့်ပြီး သူ့ဝတ်စုံသူပြန်ကြည့်ကာ ရပ်လိုက်ပြီး "အပေါ်တက်ပြီး သွားလဲလိုက်ဦးမယ်"
ချင်းအန်းဟောင်က ခေါင်းတချက်ငြိမ့်ပြပြီး ဝင်ပေါက်ကို သူမဘာသာသွားလိုက်သည် အစက သူမ ခုတလောမှ ဝယ်ထားတဲ့ အဖြူရောင်ဒေါက်မြင့်ကြိုးသိုင်းလေး စီးမလို့ဒါမဲ့ ညာဘက်မှာ စီးနေတုန်းရှိသေးရပ်လိုက်ပြီး အဆုံးကျ ပြန်ချွတ်လိုက်သည်။ ဖိနပ်စင်ကို ဖွင့်ကာ တော်တော်ကြာကြည့်လိုက်ပြီး အဆုံးကျ ဘွတ်ဖိနပ် အမြင့်ကိုပဲ စီးလိုက်သည်။
ဒီနွေမှာ ဝယ်ထားတဲ့ဖိနပ်တွေဖြစ်ပြီး‌တော့ ချင်းအန်းရှနဲ့ တောင်တက်သွားရင် ဝတ်မလို့လုပ်ထားခဲ့တာ ဒါမဲ့လည်း တစ်ခုခုဖြစ်သွားပြီး တောင်မတက်ဖြစ်လိုက်ဘူး အဲ့ဒါနဲ့ဖိနပ်တွေကို ဖိနပ်စင်ထဲမှာပဲ ထားထားလိုက်တာ ထပ်လည်း မထိဖြစ်ဘူး
ချင်းအန်းဟောင် ဘွတ်ဖိနပ် အမြင့်ကို စီးလိုက်ပြီးတော့ မှန်ရှေ့မှာ ရပ်ကာ သူမရဲ့ ဆံပင်ရှည်တွေကို ကြည့်လိုက်သည် ထို့နောက် မဒမ်ချန်ကို ခေါင်းစီးကွင်းတစ်ခုတောင်းလိုက်ပြီးတော့ ဆံပင်ကို မြင့်မြင့်စီးလိုက်သည် ကျေနပ်သွားကာ အိတ်ကိုယူလိုက်ပြီး လုကျင်းနန်ကို တံခါးမှာ စောင့်နေလိုက်သည်။
ချင်းအန်းဟောင် တံခါးမှာ ရပ်နေတာ မြင်တော့ အဝတ်လဲလို့ပြီးနေပြီပင် သူမ ရဲ့ ဆံပင်ရှည်တွေက စုစီးထားတော့ ငယ်ရွယ်ပြီး လှနေလိုက်တာ ခနလောက် ငေးနေမိပြီးမှ ကားသော့ကိုလိုက်ရှာလိုက်သည်။ ခလုတ်ကိုနှိပ်ကာ အောက်ထပ်ကိုဆင်းလာပြီး သူမ အတွက် ကားတံခါးဖွင့်ပေးလိုက်သည်။
နေ့ခင်း နှစ်နာရီကျော်နေပြီဖြစ်တာကြောင့် နေရောင်က အတောက်ပဆုံးဖြစ်နေကာ လုကျင်းနန်က Dior နေကာမျက်မှန်တစ်လက် ဝတ်ထားပြီးတော့ ရိုးရှင်းတဲ့ အဖြူရောင် ရှပ်တစ်ထည်ကို လက်ခေါက်ကာ ဝတ်ဆင်ထားသည်။ သူ့ကော်လံနားက ကြယ်သီးနှစ်လုံး ဖြုတ်ထားပြီးတော့ နေရောင်အောက်မှာ ဆွဲဆောင်မှု အပြည့်
ချင်းအန်းဟောင်သူ့ကို ၅ စက္ကန့်လောက်ငေးနေမိသည်။ သူ့ရင်ဘတ်ကို ဖြတ်ပြီး ကားထဲငုံ့ဝင်တော့  သူမ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတည်းက ရလာတဲ့ အနံ့ကို ရလိုက်သည် ဒီနှစ်တွေ တခါမှ မပြောင်းလဲခဲ့ဖူးဘူးပဲ
လုကျင်းနန် စက်နှိုးလိုက်သည်။ ကားက မိန်ရှုဥယျာဉ်ထဲကနေထွက်ပြီးတဖြည်းဖြည်း လမ်းမပေါ် ရောက်လာတော့သည်။
ပေကျင်း လမ်းမဘေးမှာ သစ်ပင်ရှည်တွေ အများကြီးပင် ကားထဲမှာ အင်းဂလိပ် သီချင်းတစ်ပုဒ်ကိုဖွင့်ထားပြီးတော့ တည်ငြိမ်အေးဆေးနေသလိုပင်
တော်တော်ကြာမောင်းလာပြီး မီးနီကျ လုကျင်းနန်က ခေါင်းလှည့်ကာ ချင်းအန်းဟောင် ဝတ်စုံကိုကြည့်ပြီး "ဒီနေ့လည် အစောပိုင်းက ဆံပင်လုပ်ဖို့ ပြန်သွားတာလား"
"မဟုတ်ပါဘူး" ချင်းအန်းဟောင် ခနရပ်ပြီးမှ ဆက်ကာ "မဒမ်ချန်ကို ဆံပင်ဖြောင့်ကူခိုင်းလိုက်တာခေါင်းလျှော်လိုက်ရင် အကောက်ပြန်ပေါ်လာမှာ"
"ဪ" လုကျင်းနန် ဆံပင်အမြင့် စုစည်းထားတဲ့ သူမရဲ့ လည်တိုင်ဖွေးဖွေးမှာ အကြည့်ရပ်သွားပြီး အကြည့်ပြန်လွှဲကာ မီးနီကို ပြန်ကြည့်ပြီး မီးစိမ်းသွားတော့ လီဗာ ပြန်နင်းပြီး ဆက်မောင်းလိုက်သည်။
ကားထဲမှာ တစ်မိနစ်လောက် ငြိမ်သွားပြီးတော့မှ ချင်းအန်းဟောင်က လုကျင်းနန်ကိုလှည့်ကြည့်ကာ "ကျွန်မ ပုံစံ ဘယ်လိုနေလဲ"
လုကျင်းနန်က လမ်းမကို အာရုံစိုက်နေရင်း သူမကိုတချက်လှည့်ကြည့်ကာ "ကောင်းပါတယ်"
ခနကြာတော့မှ ဆက်ကာ "မင်းကြည့်ရတာ အထက်တန်းတုန်းကလိုပဲ"
ချင်းအန်းဟောင် ပြုံးလိုက်ကာ စိတ်ထဲမှာလည်းပျော်သွားပြီး "နှစ်တွေ ဒီလောက်ကြာသွားတာတောင် ရှင်ကျွန်မ အထက်တန်းတုန်းက ဘယ်လိုပုံလဲ ဆိုတာမှတ်မိနေတုန်းပဲလား ကျွန်မတောင် မမှတ်မိတော့ဘူး"
လုကျင်းနန် ဘာမှ ပြန်မပြောပေမယ့် သူ့စိတ်ထဲမှာပြောလိုက်တာက 'အထက်တန်းတင်မဟုတ်ဘူး မျက်လုံးမှိတ်ထားရင်တောင် မင်းရဲ့ ပုံစံတိုင်းကို မှတ်မိနေဆဲပါ' လို့ပင်


အခန်း ၃၉၆
ချင်းအန်းဟောင် လုကျင်းနန်ကို ဘာမှမပြောဘဲ ကြည့်နေခဲ့သည်။ ကားထဲမှာ တိတ်ဆိတ်နေခဲ့ပြီးတာ့ ကားပါကင်ကိုမရောက်ခင်ထိပဲ
ရုပ်ရှင်ရုံ ဝန်ထမ်းက လုကျင်းနန် လက်မှတ်တွေကို ကြိုပေးထားပြီးသားပင် သူတို့ ကားပေါ်ကဆင်းတော့ လက်ထောက်ကို သူ့အတွက်ပြင်ခိုင်းထားတဲ့ စောင်နဲ့ခေါင်းအုံးထည့်ထားတဲ့အိတ်ပါ ယူလာခဲ့သည်။
ဇာတ်ကားစဖို့ ၁၀ မိနစ်လောက်ပဲ လိုတော့သည်။ သူတို့ လက်မှတ်စစ်တဲ့နေရာမရောက်ခင် ချင်းအန်းဟောင်က ပေါက်ပေါက်ဆုတ်ဘူးကြီးနှစ်ဘူးနဲ့ ကိုလာ နှစ်ဘူး အမြန်သွားဝယ်သည်။ သူတို့ ရုံထဲရောက်ပြီး ထိုင်ခုံရှာ ထိုင်တဲ့အချိန်မှာပဲ ဇာတ်ကားက စနေပြီပင် နဂို ရုတ်ရင်းဆန်ခတ် နေရာက ချက်ချင်း ငြိမ်ကျသွားသည်။
ချင်းအန်းဟောင် သူမနဲ့ လုကျင်းနန်ကြား ပေါက်ပေါက်ဆုတ်ဘူးကို ထားလိုက်ပြီးတော့ စခရင်ကို ပဲ သေချာကြည့်လို့နေသည်။ ပေါက်ပေါက်ဆုတ်တစ်ခုယူယူ ပြီး စားဖို့လည်းမမေ့
ရုပ်ရှင်ရုံထဲက လေအေးပေးစက်က မြင့်တာကြောင့် ဇာတ်ကား စ ပြီး ၁၀ မိနစ်လောက်နေတော့ လုကျင်းနန်‌ အေးလာပြီပင် အိတ်ထဲက စောင်ကိုယူကာ  ချင်းအန်းဟောင်ကို ခြုံပေးလိုက်သည်။ု
ချင်းအန်းဟောင်က သူ့ကိုလှည့်ကြည့်တော့ သူ့ပါးနဲ့သူမ နှာခေါင်းနဲ့ထိလုနီးပါးပင် စောင်ခြုံပေးပြီးတဲ့ သူ့ခုံကို ပြန်သွားတဲ့အထိ စောင့်ပြိးတော့မှ ပေါက်ပေါက်ဆုတ်ကို လက်အပြည့်ယူကာ ပါးစပ်ထဲထိုးသွပ်လိုက်တော့သည်၊
သူမ ထိုခါမှ သဘောပေါက်မိတာက လုကျင်းနန်က ခုချိန်ထိ ပေါက်ပေါက်ဆုတ်ကို မထိရသေးဘူးဆိုတာပဲ အဲ့ဒါနဲ့ သူ့လက်မောင်းကို လှမ်းတွတ်ပြီး ဘူးကိုညွှန်ပြလိုက်သည်။
ပေါက်ပေါက်ဆုတ်ဘူးဘေးမှာ ကိုလာတစ်ဘူးရှိတာကြော့င် လုကျင်းနန်ထင်လိုက်တာက ချင်းအန်းဟောင်က သူ့ကို အဖုံးဖွင့်ခိုင်းတယ်ပေါ့ အဲ့ဒါနဲ့သူလည်း ကိုလာဘူးကိုယူ အဖုံးဖွင့်ပြီး ပိုက်တပ်ကာ သူ့မကိုပေးလိုက်သည်။
ချင်းအန်းဟောင်က ကိုလာဘူးကိုယူပြီး သူ့နားနားကပ်ကာ "ရှင် ပေါက်ပေါက်ဆုတ် စားချင်လား"
လုကျင်းနန်က သူနားလည်တယ် ဆိုပြီး သူမကိုခေါင်းငြိမ့်ပြကာ သူတို့နှစ်ယောက် ဇာတ်ကားဆက်ကြည့်လိုက်ကြသည်။ ဇာတ်ကားတဝက်လောက်ကျ ရမ္မက်ဆန်တဲ့ အခန်းတွေ ပါလို့လာသည်။ စုံတွဲအများစုက ရုပ်ရှင်ရုံကို ဒိတ်တစ်ခုလုပ်ဖို့ လာကြသလို အဲ့လိုအခန်းတွေက ရုံထဲကို ရိုမန့်ဆန်မှုတွေနဲ့ ပြည့်သွားစေတာမျိုး တချို့အတွဲတွေကို နမ်းတောင် နမ်းနေကြပြီ
ချင်းအန်းဟောင် သူမနောက်က အမျိုးသားနဲ့ အမျိုးသမီး ဖက်ပြီး နမ်းနေတာကိုပါ ကြားရသည် နည်းနည်းဆိုးဝါးတဲ့အသံတွေကော ဇာတ်ကားက အသံတွေနဲ့ဆို လေထုက ရင်တွေခုန်လာပြီး ရှက်သွေးးဖြာစေတဲ့အထိ
ချင်းအန်းဟောင် အိမ်မှာလည်းအဲ့အခန်းတွေကြည်ဖူးပေမယ့် အခုကျ နည်းနည်းနေရခက်နေသလိုပင် လုကျင်းနန်နဲ့တူတူကြည့်နေရလို့လည်းပါမည်။
လုကျင်းနန်ကတော့ဇာတ်ကားကိုအေးဆေးကြည့်ပြီး မျက်နှာမှာလည်း ဘာခံစားချက်မှမရှိသလိုပဲ
ချင်းအန်းဟောင် ပေါက်ပေါက်ဆုတ်ကိုယူမလို့လုပ်လိုက်ပေမယ့် တချိန်တည်းမှာပဲ လုကျင်းနန်ကလည်း လှမ်းယူလိုက်တာကြောင့် သူတို့ လက်တွေထိသွားကြသည်။
စခရင်ကို အာရုံစိုက်ကြည့်နေတဲ့ လုကျင်းနန်က ခေါင်းလှည့်ပြီး ချင်းအန်းဟောင်ကို ကြည့်လာသည်။ သူ့မျက်လုံးတွေက တောက်ပနေသလိုပင်

အခန်း ၃၉၇ ချင်းအန်းဟောင် လုကျင်းနန်နဲ့ အကြည့်ချင်းဆုံသွားတော့ ရုတ်တရက်ကြောင်သွားသည်။ ဇာတ်ကားထဲက အသံတွေကလည်း နားထဲ ပဲ့တင်ထပ်လို့ လုကျင်းနန် မျက်လုံးတွေကလည်း မီးတောက်နေသလိုပဲချင်းအန်းဟောင်ကို ကြည့်နေရင်းလေ လေအေးပေးစက်က အေးလွန်းတယ်ဆိုပေမယ့် ချင်းအန်းဟောင် ရင်ထဲ ပူနေသလိုပင်
စခရင်ပေါ်က အခန်းက ပြီးသွားပြီတော့ နးမ်နေတဲ့ အတွဲတွေလည်း နမ်းပြီးလို့ လူချင်းခွာလိုက်ကြပြီပင်
ချင်းအန်းဟောင်နဲ့ လုကျင်းနန်က တစ်ယောက်နဲ့တစ်ယောက်ငေးနေတုန်းမှာပဲ ကျယ်လောင်တဲ့ အသံကြားလိုက်ရသည် ဇာတ်ကားက ချတဲ့အခန်းကိုရောက်သွားပြီပင် ချင်းအန်းဟောင်နဲ့လုကျင်းနန်ကိုလည်း နှိုးလိုက်သလိုဖြစ်သွားပြီးတော့ ချင်းအန်းဟောင်ကပေါက်ပေါက် ဆုတ်ဘူးက နေ လက်အမြန်ရုတ်လိုက်ပေမယ့် လုကျင်းနန်က ပိုလျင်မြန်စွာ သူမလက်ကလေးကိုလှမ်းဖမ်းထားလိုက်သည်။
ချင်းအန်းဟောင်ကိုယ်လေးတောင့်သွားပေမယ့် ပြန်တော့ မရုန်း ခေါင်းလှည့်ပြီး စခရင်ကို ပဲ ဆက်ကြည့်နေလိုက်သည် လုကျင်းနန်က သူမ မျက်နှာဘေးခြမ်းကို ခနလောက်ငေးနေပြီးမှ စခရင်ကို ပြန်ကြည့်လိုက်သည်။
သူတို့ငေးနေတာ တော်တော်ကြာသွားတာကြောင့် ရုပ်ရှင် နည်းနည်း လွတ်သွားပေမယ့် ခနလောက်ကြာတော့ ပြန်စီးဝင်သွားကြသည်။ ဒါမဲ့ သူတို့ရင်တွေ ဘယ်လောက်ခုန်နေသလဲဆိုတာကိုတော့ သူတို့ပဲသိသည်။
ဇာတ်လမ်းပြီးသွားတော့ လူတိုင်း ဖြည်းဖြည်းစီ ပြန်သွားကြသည်။ လုကျင်းနန်နဲ့ ချင်းအန်းဟောင်ကတော့ တရုံလုံး လူမရှိတော့တဲ့ထိ လက်တွေကိုင်ထားတုန်း လက်လည်းမလွှတ်ချင်ကြသေး သန့်ရှင်းရေး ဝန်ထမ်းက အမှိုက်သိမ်းဖို့လာမှ ပြိုင်တူ ထရပ်ပြီး ခုံတွေကို သန့်ရှင်းရေးလုပ်ပြီး ရုံထဲကထွက်လာခဲ့ကြတော့သည်။
ဇာတ်လမ်းပြီးသွားတော့ ၅ နာရီထိုးလို့နေပြီ သူတို့ ရိုက်ရမယ့်နောက်ဆုံးအခန်းက ည ၈ နာရီ မြို့ထဲမှာ ညစာစားဖို့ အချိန်မရှိတာကြောင့် စူပါမားကတ်ကနေ ရိုးရှင်းတာ တစ်ခုခုဝယ်ပြီး ကားပေါ်မှာ စားကာ ပြန်လာခဲ့ကြသည်။ သူတို့ ပြန်လာတဲ့တလျှောက် စကားမပြောဖြစ်ကြ တည်ငြိမ်နေသလိုနဲ့ စိတ်တွေက တော့ ရုပ်ရှင်ရုံထဲမှာ ကျန်ခဲ့ပြီ မိနစ် ၄၀ လောက်လက်ကိုင်ထားတဲ့ ရလဒ်တွေပေါ့
သူတို့ ရိုက်ကွင်းကို ပြန်ရောက်တော့ ၇ နာရီထိုးလို့နေပြီ လုကျင်းနန်နဲ့ ချင်းအန်းဟောင် မိတ်ကပ်ပြင်တဲ့အခန်းတွေကိုတန်းသွားလိုက်ကြသည်။ တခြား သရုပ်ဆောင်တွေက မိတ်ကပ်လိမ်းပြီးလို့ သူတိုဇာတ်ကောင်ထဲ ဝင်အောင် လေ့ကျင့်နေကြပြီ
ချင်းအန်းဟောင်နဲ့ လုကျင်းနန် မှန်တင်ခုံရှေ့ မျက်နှာချင်းဆိုင်ထိုင်ပြီး မိတ်ကပ်လိမ်းတဲ့သူတွေက သူတို့မျက်နှာတွေကို လိမ်းဖို့မော့လိုက်ရင် အကြည့်ချင်းဆုံလို့ ဆုံလိုက်တိုင်းလည်း နေ့လည်က သူတို့ကိုင်ခဲ့တဲ့ လက်တွေရဲ့ နွေးထွေးမှုကို ပြန်သတိရနေမိကြသည်။
-
'လှည့်စားခဲ့သော အချိန်များ' ကြးထဲမှာ ချင်းအန်းဟောင်နဲ့ လုကျင်းနန်က ခနခွဲနေကြတဲ့ လက်ထပ်ပြီးသား အတွဲတွေပင် သူတို့ မိသားစုကိစ္စကြောင့် နောက်နေ့ သူတို့ ကွာရှင်းဖို့ လုပ်ကြမှာပင် အဲ့ချိန်မှာပဲ လုကျင်းနန် ကာရိုက်တာက ဒီအမျိုးသမီးကို သူချစ်နေမိပြီဆိုတာ သဘောပေါက်သွားတာ
တကယ်တန်း ချင်းအန်းဟောင်ကိုချစ်နေသားနဲ့ လက်ထပ်တဲ့ကိစ္စ‌ကြောင့် သူမကို အဝေးကိုတွန်းပို့နေမိတာ အခုကျ သူမစီက ခွင့်လွှတ်မှု ရဖို့ တောင်းပန်ပေမယ့် သူတို့ခွဲနေတာ ကြာသွားတာကြောင့် သူမက တခြား လူကောင်းတစ်ယောက်နဲ့ရင်းနှီးသွားခဲ့ပြီ
သူတို့ ဒီနေ့ ရိုက်ရမယ့်အခန်းက တခြားတစ်ယောက်က ချင်းအန်းဟောင်မွေးနေ့မှာ သူမကို လက်ထပ်ခွင့်တောင်းမှာပင် လုကျင်းနန်ကို တချိန်က ချစ်ခဲ့တဲ့ အမျိုးသမီး က ‌'အင်း' ဆိုပြီး လက်ခံလိုက်မှာ
လက်စွပ်ကို ဝတ်လိုက်တာ မြင်တော့လုကျင်းနန် ကာရိုက်တာက စိတ်ပျက်သွားပြီးတော့ သူမ သန့်စင်ခန်းကို တစ်ယောက်တည်းသွားတဲ့ချိန် စိတ်ခံစားချက်ကိုမထိန်းနိုင်တော့ဘဲ သူမကို ဆွဲခေါ်သွားပြီး ဝန်ခံလိုက်တာ

အခန်း ၃၉၈
လုကျင်းနန် မိတ်ကပ်က ချင်းအန်းဟောင်ထက် ပိုရိုးရှင်းတာကြောင့် သူပြီးသွားတော့ သူမက မိတ်ကပ်တဝက်ပဲလိမ်းရသေးတယ် သူထလိုက်ပြီး မိတ်ကပ်ဆရာက အလုပ်ကို စစ်ဆေးနေတုန်း ချင်းအန်းဟောင် ဖုန်းမြည်လာတော့သည်။
စားပွဲပေါ်မှာ ဖုန်းက ရှိနေတာကြောင့် လုကျင်းနန် ဖုန်းမြည်သံကြားတော့ အလိုလိုလှည့်ကြည့်မိလိုက်ရာ နာမည်ကိုမြင်လိုက်ရသည်။ "အန်တီရှု" လို့
ချင်းအန်းဟောင် မိတ်ကပ်ဆရာကို တောင်းပန်တဲ့ အမူအရာ ပြလိုက်ပြီးတော့ ဖုန်းကိုယူလိုက်ကာ  "အန်တီရှု"
မိတ်ကပ်ခန်းထဲမှာ လူ နည်းနည်းလောက်ပဲ ရှိတော့တာကြောင့် တော်တော်လေးကို ငြိမ်နေကာ ချင်းအန်းဟောင်နောက်က လုကျင်းနန်လည်း ဟန်ယုချူ အသံကို ကြားနေရသည်။
"ချင်းချင်း ဒီည နောက်ဆုံး ရိုက်ကွင်းရှိတာမလား မနက်ဖြန်ဆို အားပြီမလား"
ချင်းအန်းဟောင်က "အင်း" ဟုသာ ပြန်ဖြေလိုက်သည်။ ဟန်ယုချူက ဆက်ကာ "ချင်းချင်း မနက်ဖြန် ကျင့်မု ဆေးရုံက ဆင်းလာမှာ သူတို့က ကြိုခဲ့ဦး"
လုကျင်းနန် လက်သီး ဆုတ်ထားမိကာ နှုတ်ခမ်းကလည်း တင်းတင်း စေ့ပြီး တည်တည်ငြိမ်ငြိမ်နဲ့ပဲဆက်ရပ်နေကာ မိတ်ကပ်ဆရာက "အဆင်ပြေတယ်" လို့‌ပြောမှ လှည့်ထွက်လာခဲ့သည်။ တံခါးကိုတွန်းလိုက်တဲ့ အချိန်မှာ ချင်းအန်းဟောင် ပြောနေကျအသံအတိုင်း "သိပါပြီ အန်တီရှု မနက်ဖြန်သွားလိုက်ပါ့မယ် အခု ရိုက်ကွင်းစတော့မှာ မလို့ စကားပြောလို့မရတော့ဘူး အင်း ဘိုင့်"
လုကျင်းနန်က လှေကားကို မြန်မြန်လျှောက်သွားကာ ခြေလှမ်းမှားသွားပြီး လဲကျတော့မလို ဖြစ်တော့ သူ့နောက်က လက်ထောက် အမြန်ထိန်းပေးလိုက်ကာ "Mr.လု အဆင်ပြေရဲ့လား"
လုကျင်းနန် ဘာမှမပြောဘဲ တည်ငြိမ်အောင်ထိန်းကာ ရိုက်ကွင်းကို လျှောက်သွားလိုက်သည်။
မနက်ဖြန် ရှုကျင့်မု ဆေးရုံက ဆင်းပြီ သူတို့ ပြောတာက အမြန်ဆုံး တစ်လ အနှေးဆုံး ၂ လဆို အခုမှ လဝက်ပဲရှိသေးတာကို ရှုကျင့်မုက ဆေးရုံက ဆင်းတော့မယ်တဲ့လား ရှုကျင့်မု နေကောင်းသွားရင် သူ့အစားထိုးနေပေးရတဲ့ သူက ဘာမှ လုပ်စရာမလိုတော့ဘူးဆိုတဲ့သဘောလား
ဆိုလိုတာက သူတို့ လင်မယားလို့ ဆက်ဟန်မဆောင်ရတော့ဘူးဆိုတဲ့သဘောလား
ဒီနေ့လည် သူတို့ တူတူရုပ်ရှင်ကြည့်တုန်းက လေထုက အရမ်းကို ကောင်းမွန်နေခဲ့တာ အခုကျ သူတို့ခွဲရတော့မယ်တဲ့လား
-
ချင်းအန်းဟောင် မိတ်ကပ်ပြင်ပြီးတော့ ရိုက်ကွင်းကိုလျှောက်လာခဲ့သည်။ လုကျင်းနန် မရှိ ဒါရိုက်တာက သူမကို ရိုက်ကူးရေးမှာ ဘာတွေ အာရုံစိုက်ရမယ်ပြောနေရင်းနဲ့ လုကျင်းနန်က သစ်တောနောက်က သစ်သားတံတားကနေ လျှောက်လာတာကိုမြင်လိုက်ရသည်။
လုကျင်းနန် လျှောက်လာတာ မြင်‌တော့ ဒါရိုက်တာက ချက်ချင်း ဝန်ထမ်းတွေကို နေရာယူဖို့ပြောလိုက်သည် အလင်းနဲ့ ကင်မရာတွေချိန်ပြီးတော့ တရားဝင် ရိုက်ကူးရေးစတော့သည်။
ရိုက်ကွင်းက လူတစ်ခု အခန်းတစ်ခန်းထဲမှာ သောက်စား သီချင်းဆိုနေကြတာကနေ စသည်။ ချင်းအန်းဟောင်နဲ့ လုကျင်းနန်က ဘာမှ မပြော တစ်ချက်မှလည်း လှမ်းမကြည့်ကြ
ကင်မရာတွေက ထိုအခန်းတွေ ရိုက်လို့ဝသွားတော့ ချင်းအန်း‌ဟောင်နဲ့ အမျိုးသားသရုပ်ဆောင်တစ်ယောက်က တူတူ သီချင်း တစ်ပုဒ်ဆိုကြသည် လုကျင်းနန်က ဝိုင်အစားထိုးရေကိုပဲ ထပ်လဲလဲ သောက်နေကာ ခေါင်းငိုက်စိုက်ကြပြီး သီချင်းဆိုနေတဲ့ အတွဲကို တချက်လေးမှ မကြည့်
သီချင်းဆိုတာ ရပ်သွားတော့ လူတိုင်း လက်ခုပ်တီးလိုက်ကြသည်။ လူတိုင်း သီချင်းဆက်ဆိုကြတော့မယ့်အချိန်မှာပဲချင်းအန်းဟောင် နဲ့ သီချင်းတူတူဆိုနေတဲ့ အမျိုးသားကရုတ်တရက်ထပြီး လူတိုင်းရှေ့မှာ ဒူးထောက်ကာ သူမကို "ကိုယ့်ကို လက်ထပ်နိုင်မလား" လို့ကောက်မေးလိုက်သည်။

အခန်း ၃၉၉
သောက်ပဲသောက်နေတဲ့ လုကျင်းနန်က ထိုစကားတွေကို ကြားတော့ ခေါင်းမော့လာပြီး ချင်းအန်းဟောင်ကိုကြည့်လာသည်။
ရုတ်တရက် ဆန်သွားတာကြောင့် ချင်းအန်းဟောင် ကြောင်သွားကာ ဘယ်လိုတုံ့ပြန်ရမလဲမသိတော့
ထိုလူက စကားတိုင်းကို လေးနက်စွာပြောနေတာပင်
အခန်းထဲက လူတွေက လက်ခံလိုက်ဖို့ အားပေးနေကြသည်။
လက်ထဲမှာ ဝိုင်ခွက်ကိုင်ထားတဲ့ လုကျင်းနန်က ကျစ်ကျစ် ဆုတ်ထားမိကာ ချင်းအန်းဟောင်ခေါင်းငြိမ့်ပြတာ မြင်လိုက်တာနဲ့ ထထွက်သွားတော့သည်။
အစက သူ့ကိုတခါမှ မကြည့်ခဲ့တဲ့ ချင်းအန်းဟောင်က အခု သူ့နောက်ကျောကိုလှမ်းကြည့်ကာ တစ်ခုခုတုံ့ဆိုင်းနေသလိုပင် နောက်ဆုံးတော့ ဒူးတစ်ဖက်ထောက်ထားတဲ့ ထိုလူစီက လက်စွပ်ကိုလက်ခံလိုက်ပါသည်။
တခန်းလုံးကအားပေးသံတွေနဲ့ပြည့်လို့ အပြင်မှာ ရပ်နေတဲ့ လုကျင်းနန်က တော့ ဘာလုပ်ရမှန်းမသိတော့သလိုဖြစ်နေပေမယ့်လည်းပေါ့ တစ်ယောက်တည်းစိတ်ပျက်အားငယ်နေသလိုပင်
ဒါရိုက်တာရဲ့  အချက်ပြမှုအရ ချင်းအန်းဟောင် အခန်းထဲကနေ အကြောင်းပြချက်တစ်ခု‌ပေးပြီးထွက်လာခဲ့သည်။ သူမ အပြင်ထွက်လိုက်တာနဲ့ လုကျင်းနန်နဲ့ မျက်နှာချင်းဆိုင်ဖြစ်သွားပြီးတော့ စကားတော့ မပြောဖြစ်ကြ ထို့နောက်ချင်းအန်းဟောင်က သန့်စင်ခန်းထဲ သွားမလို့လုပ်လိုက်သည်။
သန့်စင်ခန်းထဲက ထွက်လာတော့ တံခါးမှာ ရပ်နေဆဲဖြစ်တဲ့ လုကျင်းနန်က နဂိုအတိုင်းဆက်နေနေပြီးတော့ အကြည့်ချင်း မဆုံသလို ချင်းအန်းဟောင်က သူမပြောရမယ့်စကားကို အရင်ပြောလိုက်သည်။ "ရှင် အရင်ဝင်"
ထို့နောက် လုကျင်းနန်ကို ခပ်ဖွဖွ ပြုံးပြကာ ထွက်သွားမလို့လုပ်လိုက်သည်။ လုကျင်းနန်က လက်သီး ကျစ်ကျစ်ဆုတ်ကာ ရုတ်တရက်လက်မြှောက်လိုက်ပြီး ချင်းအန်းဟောင် လက်မောင်းကို ဆွဲကာ နံရံမှာ ကပ်လိုက်သည် ခေါင်းငုံ့ကာ သူမနှုတ်ခမ်းတွေကို ဖိနမ်းလိုက်သည်။
ချင်းအန်းဟောင် ရုန်းပြီး တွန်းထုတ်မလို့လုပ်ပေမယ့် အနမ်းက နက်ရှိုင်းနေသလို တွန်းထုတ်လို့လည်းမရခဲ့
အဆုံးမှာတော့ သူမ အားကုန်သုံးပြီး သူ့ကိုတွန်းထုတ်လိုက်ကာ လက်မြှောက်ပြီး ဇာတ်ညွှန်းအတိုင်း သူ့ပါးကို ရိုက်လိုက်သည်။ သေချာတာပေါ့ သူတို့က ဇာတ်ညွှန်းအတိုင်းသွားနေတာဆိုတော့ တကယ်တော့ ဘယ်ရိုက်ပါ့မလဲ သူ့ကို ရိုက်ပြီးတော့ ချင်းအန်းဟောင်တကိုယ်လုံး တုန်နေကာ "ရှင် ဘာလိုချင်တာလဲ"လို့ပြောလိုက်သည်။
ပါးရိုက်ခံလိုက်ရတဲ့ လုကျင်းနန်က ချင်းအန်းဟောင်ကိုငေးကာ "ငါမင်းကို တစ်ခုပဲမေးချင်တာ" ထိုသို့ပြောပြီး ခနလောက်တိတ်သွားကာ "ငါ မင်းကို ချစ်မိနေပြီလို့ပြောရင် မင်းငါ့ကို နောက်တစ်ခါ ပြန်ချစ်မှာလား"
"လုံးဝပဲ" ချင်းအန်းဟောင် တုံ့ဆိုင်းနေမှု မရှိဘဲ ဖြေလိုက်သည်။ လုကျင်းနန်မျက်နှာပေါ်မှာ မျှော်လင့်ချက်မဲ့မှုတွေပေါ်လာပြီးတော့  သူမ ပုခုံးကို ကိုင်ထားတဲ့ သူ့လက်တွေပြေကျသွားတော့သည်။ သူမကိုတွန်းထုတ်တော့မယ့် အချိန်မှာပဲ သူမက "ဘာလို့လဲ ဆိုတော့ ကျွန်မ ရှင့်ကို အမြဲတမ်းချစ်နေခဲ့လို့ပဲ"
လုကျင်းနန်ကြောင်သွားကာ ရုတ်တရက်နောက်တစ်ခါ ထပ်ပြီး ချင်းအန်းဟောင်ကို နမ်းလိုက်တော့သည်။ ဒီတစ်ခါတော့ သူတို့ တကယ် အနမ်းထဲစီးမျောနေသလို သရုပ်ဆောင်ရပြီးတော့ ဒီ အနမ်းပြီးရင် သူတို့ ရိုက်ကူးရေးက တကယ်ပြီးသွားပြီ

အခန်း ၄၀၀
သူတို့ နှုတ်ခမ်းတွေ ထိတွေ့လိုက်တဲ့အချိန် နှစ်ယောက်လုံး သရုပ်ဆောင်တာလား တကယ်လားဆိုတာ မခွဲခြားနိုင်တော့ဘူး
သူတို့ ၈ လနီးပါးလောက် စုံတွဲ အဖြစ် သရုပ်ဆောင်ခဲ့ပြီးတော့ ဒီ လှည့်စားခဲ့သော အချိန်များထဲ ရိုက်ကူးရေးဝင်မှ ပိုရင်းနှီးလာခဲ့ကြတာ
ရိုက်ကူး‌ရေးက ၃ လပဲ ဆိုပေမယ့် ဒီအချိန်တိုလေးအတွင်းမှာ သူတို့ လွန်ခဲ့တဲ့ ၁၃ နှစ်က တူတူရှိခဲ့တဲ့ အချိန်တွေထက်ပိုပြီး ရင်းနှီးခဲ့ကြတာ ဒါမဲ့ အခု ရိုက်ကူးရေးပြီးတော့မှာ ဖြစ်သလို သူတို့ ရဲ့ သရုပ်ဆောင်တာတွေကလည်း အပြီးသတ်ရတော့မယ်
အနမ်းတွေက နက်ရှိုင်းသလို သူတို့ရဲ့တစ်ယောက်အပေါ်အချစ်တွေကလည်း နက်ရှိုင်းလွန်းလှသည်။
ဒါရိုက်တာ ကရိုက်ကူး‌ရေးကို ကြည့်နေပြီးတော့ လုံလောက်ပြီလို့ ယူဆ ရတဲ့ အချိန် စပီကာကို ယူကာ "ကဒ်" ဟုအော်တော့မလို့ရှိသေး  ချင်းအန်းဟောင်ရဲ့ မျက်လုံးထောင့်ကနေ မျက်ရည်တွေကျလာတာကိုလည်း သူရုတ်တရက် မြင်လိုက်ရသည်။
အကြိမ်များစွာ သရုပ်‌ဆောင်တွေက သူတို့ ဇာတ်ကောင်မှာ နစ်မြုပ်သွားရင် ခံစားချက်အတိုင်းစီးမျောသွားတတ်သည်။ ဒါရိုက်တာက စပီကာ ကို တိုးလိုက်ပြီး ချင်းအန်းဟောင် အခန်းထပ်ထည့်မယ်ဟု ထင်လိုက်တာပင် လှည့်ကာ ကျန်တဲ့သူတွေကို ဆက်ရိုက်ဖို့ အချက်ပြလိုက်ပြီး စခရင်ကို ဆက်ကြည့်နေကာ ဘာဖြစ်မလဲလို့ အကဲခတ်နေလိုက်သည်။
ချင်းအန်းဟောင် မျက်ရည်တွေက သူတို့ အနမ်းတွေထဲ ရောက်သွားတော့သည်။ လုကျင်းနန် စိုစွတ်မှုကိုခံစားမိကာ ခနလောက် တောင့်သွားပြီးတော့ လူချင်းခွဲလိုက်ကြသည်။
ချင်းအန်းဟောင် မျက်လုံးဖွင့်လိုက်တော့ မျက်ရည်တွေစကျလာကာ လုကျင်းနနန်လည်း မျက်ရည်ဝဲလာသလိုပင် သူတို့နှစ်ယောက်တစ်ယောက်ကိုတစ်ယောက် ငေးနေကာ အရင်ကလေ့ကျင့်ထားသလိုတူညီစွာ တချိန်တည်း "I love You" လို့ပြောလိုက်ကြသည်။
ဇာတ်ညွှန်းထဲမှာ မပါပေမယ့် ဒါရိုက်တာက ထိုအခန်းကိုမြင်တော့ စိတ်လှုပ်ရှားသွားကာ ၂ မိနစ်လောက် သူတို့ငေးနေပြီးတဲ့နောက်မှာတော့ စိတ်လှုပ်ရှားစွာ စပီကာကိုမြှောက်ပြီး "ကဒ်" ဟုအော်လိုက်တော့သည်။
ရိုက်ကူးရေးးက ပြီးပြည့်စုံစွာ ပြီးသွားခဲ့သည်။ အဖွဲသားတွေက အမြန်သိမ်းကာ ဒါရိုက်တာက လုကျင်းနန်နဲ့ချင်းအန်းဟောင်စီပြေးလာပြီး "လု လူကြီးမင်း ရှောင်ချင်း အရမ်းတော်တာပဲ ဒီလို လှပတဲ့ အခန်းကို ထပ်ထည့်လိုက်တာ တကယ်မိုက်တယ် လုံးဝ ပြည့်စုံတယ်ခံစားချက်လည်း အပြည့်ပဲ"
ဒါရိုက်တာက အကြာကြီး ချီးကျုးစကားပြောနေကာ လုကျင်းနန်နဲ့ချင်းအန်းဟောင်ကို လက်တွေ့ကို ပြန်ခေါ်လာလိုက်သလိုပင် သူတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် တော်တော်ကြာငေးနေပြီး နောက်ဆုံးမှ အကြည့်လွှဲလိုက်ကြသည်။
လုကျင်းနန်က သူ့ခံစားချက်တွေကို အမြန်ဖုံးလိုက်ကာ နဂို အမူအရာ ပြန်ဖြစ်သွားတော့သည်။
ချင်းအန်းဟောင် ကျောင်မုန်ယူလာပေးတဲ့ တစ်ရှုးကို သုံးကာ မျက်ရည်တွေ သုတ်လိုက်သည်။ လုကျင်းနန်နဲ့ ဒါရိုက်တာကို နှုတ်ဆက်စကားပြောကာ မိတ်ကပ်ဖျက်ဖို့ ထွက်သွားတော့သည်။
လုကျင်းနန် ရှင်သိလား ဒီနေ့ထိ အချိန်တိုင်း ကျွန်မတို့ ဇာတ်လမ်းကို နေ့လည်က ဒိတ်ကိုလည်းပျော်ရွှင်စရာ ဒိတ်အဖြစ် သတ်မှတ်ပြီးတော့ ဒီည ပြောလိုက်တဲ့ စကားတွေကလည်း ရှင့်ကို ဝန်ခံလိုက်တာပဲ
လုကျင်းနန် ရှင်သိလား ရှင့်အတွက် ကျွန်မဘယ်လောက်တောင် ငိုကြွေးခဲ့လဲ ဆိုတာ ရှင့်ကို ဘယ်လောက်ထိ ချစ်ခဲ့လဲ ဆိုတာ

-

ဒီ ဝတ္ထုလေးက အစအဆုံး ဘာသာပြန်ပြီးပါပြီ အပိုင်း 973 ပိုင်းရှိပြီး အပိုင်း ၁၀၀ ကို ၃၀၀၀ ပါ viber or telegram -09755992540 ကို လာပြောလို့ရပါတယ် 💜

တိတ်တခိုးချစ်ရသူ (186-500)Where stories live. Discover now