311

282 31 0
                                    

အခန်း ၃၁၁
လက်ထောက်က တံခါးမပိတ်ခင်ခနရပ်နေကာ လုကျင်းနန် အခန်းကနေ ထွက်သွားလိုက်သည်။
"ချင်းချင်း နင်နဲ့လုကျင်းနန် ဘာဖြစ်ထားတာလဲ?" နောက်ဆုံးတော့ ဓာတ်လှေကားထဲရောက်တော့ ကျောင်မုန် မေးလိုက်တော့သည်။
ချင်းအန်းဟောင် ဘာမှပြန်မဖြေ သူမ အကြည့်တွေက  ကျောင်မုန်ကိုင်ထားတဲ့ ဆေးအိတ်ကိုပဲရောက်လို့နေသည်။ နှုတ်ခမ်းပါးပါးလေးတွေကလည်း တင်းတင်းစေ့လို့
"ဒီတလော နင်အကုန်ကောင်းကောင်းလုပ်နေခဲ့တာပဲမလား သူက နင့်ကိုစိတ်တိုနေတာလား ချင်းချင်း ဘာတွေဖြစ်နေတာလဲ"
ကျောင်မုန်က ဆက်တိုက်မေးနေပေမယ့် ချင်းအန်းဟောင်ဘာမှ မပြော သူတို့ အခန်းထဲရောက်တော့လည်း ရေချိုးခန်းထဲဝင် ရေချိုးပြီးတော့ အိပ်ရာပေါ်တန်းတက်တော့သည်။
စောင်မခြုံရသေးခင်မှာပဲ ဘူးတစ်ဘူးက ပျံလာပြီး သူမရှေ့ကျလာတော့သည်။
"ချင်းချင်း အဲ့ဒါ လုကျင်းနန် စီက နင်သောက်ချင်ရင်သောက်လိုက် နင်မသောက်ချင်ရင် လွှင့်ပစ်လိုက် ငါနင့်ကို ဘာမှ မပြောဘူး" ကျောင်မုန် ထိုသို့ပြောပြီးတာနဲ့ ရေချိုးခန်းထဲ ဝင်သွားတော့သည်။
ချင်းအန်းဟောင် ဘူးကို တော်တော်ကြာကြည့်နေပြီးမှ ထိုဘူးကို အိပ်ရာဘေးက စားပွဲပေါ်တင်လိုက်‌တော့သည်။ အိပ်ရာပေါ်လှဲရင်း မျက်နှာကျက်ကိုငေးကာ စိတ်ကလည်းရှုပ်ထွေးလို့
ထို အစာအိမ်ဆေးကိုသောက်ချင်စိတ်တဝက် မသောက်ချင်စိတ် တဝက်နှင့်ပင် သူ သူမရှေ့မှာ ရှိနေသလိုပဲ ဆေးကိုသွားယူချင်ပေမယ့် အားတင်းပြိး မသွားဖို့ တားနေသလိုပေါ့
စိတ်ထဲမှာတာ သူကြောင့်ဖြစ်တဲ့ ဝမ်းနည်းမှုကို အလွယ်ကူဆုံးနည်းနဲ့ပြန်ဖြေနေခဲ့တာပါ
ချင်းအန်းဟောင် အစာအိမ်ကြောင့်လာတော့မသိ သူမဘေးက ဆေးအကြောင်းတွေးနေရင်းနဲ့ ချက်ချင်း အိပ်ပျော်သွားတော့သည်။
ထိုည သူမ နှစ်ခြိုက်စွာ အိပ်စက်ခဲ့ရလို့နေမည် နောက်နေ့ သူမနိုးလာတော့ အားအင်အပြည့်ဖြစ်နေသလိုပင်
တနေ ကုန် ရိုက်ကူးရေးရှိတာကြောင့် အရင် ပြင်ဆင်လိုက်ကာ မနက်စာစားဖို့ကျောင်မုန်နဲ့တူတူ ထွက်လာခဲ့သည်။
ပုံမှန်လိုပဲ မနက်စာတွေက အာဟာရ ရှိမယ့် အရာတွေကြည့်ပင် ချင်းအန်းဟောင် ရွှေဝါရောင် ဂျုံမှုန့်ကြော်ကို မြင်တော့ ၂ ခုယူလိုက်သည်။
ထိုင်ပြီးတော့ ရေ ၂ ငုံသောက်ပြီး ထို ဂျုံမှုန့်ကြော်ကို စားလိုက်သည် သူမစိတ်ထဲ ဂျုံမှုန့်ကြော်က ဆီများနေသလိုပင် အစာအိမ်တခုလုံးနေလို့မကောင်းတော့ ကျောင်မုန်မေးတာတောင် မစောင့်တော့ဘဲ တူကိုချကာ သန့်စင်ခန်းစီပြေးတော့သည်။
သန့်စင်ခန်းထဲ ဝင်ဖို့ တောင် အချိန်မရလိုက်ဘဲ အများသုံးဘေစင်မှာပဲ ထိုးအန်တော့သည်။ လုကျင်းနန် မနက်စာစားဖို့ ဆင်းလာတုန်းဓာတ်လှေကားတံခါးပွင့်ရှိသေး ချင်းအန်းဟောင် သန့်စင်ခန်းကို ပြေးသွားတာကို မြင်လိုက်ရသည်။
ထိုချိန်မှာပဲ သူ့လက်ထောက်က " Miss ချင်းကြည့်ရတာ နေမကောင်းသလိုပဲ"
လုကျင်းနန် မျက်မှောင်ကြုတ်ကာ သူ့လက်ထောက်ကို စားသောက်ဆိုင်မှာစောင့်ဖို့ ညွှန်ကြားလိုက်ပြီး ချင်းအန်းဟောင်နောက်လိုက်သွားလိုက်သည်။
သူ သန့်စင်ခန်းထဲ ဝင်တာနဲ့ အန်နေတဲ့ အသံကို ကြားလိုက်ရသည်။ သူ ဝင်လိုက်တော့ ချင်းအန်းဟောင်ကို မြင်လိုက်ရပြီး သူမက ဆက်တိုက် အန်နေတာပင်
လုကျင်းနန် ချက်ချင်း သူမစီပြေးသွားကာ သူမလက်မောင်းကို ကိုင်လိုက်ပြီး "ဘာဖြစ်တာလဲ မင်း အစာအိမ်နာနေတုန်းလား?"
ချင်းအန်းဟောင် သူ့အသံကို ကြားလိုက်တာနဲ့ သူမကိုယ်လေး တောင့်သွားတော့သည် ဘာမှ ပြန်မပြောနိုင်သေးခင်မှာပဲ ခေါင်းငုံ့ကာ ထပ်အန်တော့သည်။

တိတ်တခိုးချစ်ရသူ (186-500)Where stories live. Discover now