အပိုင်း(16)Un Zaw

3.5K 329 28
                                    

လေဒီယိုက‌လာနေတဲ့ သီချင်းသံချိုချိုလေးကိုနားထောင်ရင်း  နှင်းသွေး စာရင်းတွေစစ်နေရသည်။ အခုချိန်က ပဲတို့နှမ်းတို့ပေါ်ချိန်ဖြစ်တာကြောင့် စောစောစီးစီးစိုက်ထားတဲ့သူတွေက သီးနှံပေါ်ကုန်ပြီး ပေါ်တဲ့ သီးလေးတွေကို မျိူးပြန်ချဖို့ နည်းနည်းချန်ပြီး  ကျန်တာအကုန် ရောင်း ကြသည်။

နှင်းသွေးတို့ရွာက ပဲ နှမ်း ပဲနှောက်စေ့  အာလူး သခွားသီး ကြက်သွန် အဓိကစိုက်သည်။ အာလူးသခွား ကြက်သွန်တို့ကတော့ ရေကျချိန်မှ ကိုင်းထဲသွားစိုက်ကြသည်

အခုချိန်ကရေတက်ချိန်ဖြစ်နေတာကြောင့် စိုက်လို့ကမရ ရေတက်တော့ ငါးကလဲဖမ်းမရရေကျချိန်လောက်မှသာ ငါးကဖမ်းလို့သည်။

အခုချိန်သာ စာရင်းတွေကနှင်းသွေးတစ်ယောက်ထဲနိုင်ပေမဲ့ ရေကျချိန်နဲ့ ပဲတွေနှမ်းတွေ လှိုင်လှိုင်ပေါ်ချိန်ဆို နှင်းသွေးရောအဖေရော နှစ်ယောက်ထဲမနိုင်တော့ပါ ။  နှင်းသွေးတို့ရဲ့ ကိုင်းတွေယာတွေကိုတော့စာရင်းငှားတွေနဲ့သာအပ်ထားရတယ်

ဟိုးအရင်တကည်းကလုပ်တဲ့သူတွေဆိုတော့ အစစအရာရာစိတ်ချရလို့တော်သေးမဟုတ်ရင် မလွယ်ပါ

" နှင်းသွေး ညည်းမောင်အိမ်ပြန်လာဖို့အစီအစဉ်ရောရှိသေးလား လို့ သွားမေးလိုက်စမ်းပါအုံး

အဖေပြောရင်လဲပြောချင်စရာ ဒေါ်မြင့်ဆုံးလို့ အိမ်မှာမအိပ်ရဲလို့ဆိုပြီး ဆရာလေးအိမ်သွားအိပ်တာနေတာ ဒေါ်မြင့်တောင်ရက်လည်ပြီးပြီး အလိမ္မာဆုံးမောင်လေးကအခုထိ အိမ်ပြန်မအိပ်သေးပါ

တစ်ရက်လေး ဆရာလေးအိမ်သွားအိပ်ပြီးနောက်နေ့ ဆရာလေးနဲ့ရန်ဖြစ်ပြီးကျော်ကြီးအိမ်သွားအိပ်တယ်တဲ့ ကိုယ်အိမ်မရှိတဲ့အတိုင်းသူများအိမ်ကိုသွားအိပ်တယ် သရဲကြောက်တက်တာကလဲလွန်ပါရော

"  သမီးညနေကျ ကျောက်ခဲကို အခေါ်လွှတ်လိုက်ပါမယ်အဖေ

" ပြန်မလာရင်လဲတစ်ခါထဲမလာနဲ့တော့လို့ပြောလိုက်

" အဖေကလဲ

" အဖေကလဲ လုပ်မနေနဲ့  ဖိုးသားလေး ထမင်းစားပြန်လာတော့မယ် ထမင်းသေချာ ကြည့်ကျပ်ကျွေးနော်

ဒေါင်းWhere stories live. Discover now