ရှီးချန် - ကြိုဆိုပါတယ် Dr.၀မ်ချုန်းလင်!
ဝမ်းနင် - ကျေးဇူးပါ Dr.လန်ရှီးချန်။ ကျွန်တော့်ကို ကူညီပေးပါဉီး
ရှီးချန် - ကောင်းပါပြီ
- ဆရာရှီးချန်! Dr.ကျန်းဝမ်ရင် သတိရလာပြီ
ရှီးချန် - ဟုတ်လား။
၂ရက်လောက်အဖျားပိုးဝင်ပြီး သတိလစ်သွားသော Crush လေး သတိပြန်ရလာပြီ ဆိုတော့ ရှီးချန် ၀မ်းနင် ကို ဒီအတိုင်းထားခဲ့ပြီး ကျန်းချန် ရှိရာကို အပြေးသွားလေသည်။
ဝမ်းနင် - ကျန်းဝမ်ရင်! ကျန်းချန် အဟွန်း
ဝမ်းနင် နှုတ်ခမ်းကိုမဲ့ချလိုက်ပြီး ဘေးက ဖိုင်ကို ကောက်ယူကာ လူနာတွေကို လိုက်လံစစ်ဆေးတော့သည်။
ရှီးချန် ကျန်းချန် အခန်းရှေ့ရောက်တော့ အပြင်မှာ ရပ်နေကြတဲ့ လူတွေကြောင့်
ရှီးချန် - အထဲ မ၀င်ကြဘူးလား။
- Dr.ရှီးချန် !
- ဆရာက သတိရလာပြီးကတည်းက အခန်းထဲ ဘယ်သူ့ကိုမှ မ၀င်ခိုင်းဘူး။ ခနက အခန်းထဲက ပစ္စည်းတွေ ရိုက်ခွဲသံတွေကို ကြားလိုက်ရတယ်။
ရှီးချန် - ဟင်း! သူ့အတွက်က ထိချက်ပြင်းသွားတာကို! ကိုယ် ၀င်သွားပြီး ဖြောင်းဖျ လိုက်မယ်။ ဆရာတို့ သွားကြတော့လေ
- ဟုတ်ကဲ့။ ဒါဆို ခွင့်ပြုပါအုံး
ဝမ်ရင် ရဲ့ တပည့်တွေ အားလုံး ထွက်သွားမှ တံခါးကို အသာအယာဖွင့်ကာ အခန်းထဲ ၀င်လာခဲ့လိုက်သည်။
ကျွန်တော် သတိပြန်ရရခြင်း သတိရမိတာက စာမေးပွဲ! မားကို မေးကြည့်တော့ ဖျားပြီး သတိလစ်သွားတာ ၃ရက်လောက် ရှိပြီတဲ့။
ကျွန်တော်ရဲ့ ရည်မှန်းချက်ကြီး ပျက်စီးသွားတာမို့ ရင်ကွဲမတတ်ခံစားရသည်။ ဘာလို့ အခုလိုချိန်ကျမှ နေမကောင်းထဖြစ်ရတာလဲ။
သူနဲ့ နီးစပ်ဖို့ အခွင့်အရေးတကယ်မရှိတာလား။ မားတို့က ကျွန်တော် တစ်ယောက်တည်းနေချင်တယ်ဆိုတာကြောင့် ပြန်သွားခဲ့ကြသည်။
ကျွန်တော် သတိရလာပြီမို့ သတင်းလာမေးကြသော တပည့်တွေကိုလည်း မတွေ့ချင်ကြောင်းငြင်းလွှတ်လိုက်သည်။
VOUS LISEZ
ကျွန်တော် ရဲ့ ဒေါက်တာလေး / ကျွန်တော် ရဲ့ ဒေါက်တာလေး { Z & U } ## Completed##
FanfictionMy Love
