🍁23🍁 { Zawgyi }

300 35 1
                                        

ကျန်းအိမ်တော်မှာ ဒီနေ့ အလွန့်ကို စည်းကားနေသည်။ အကြောင်းမှာ လန်အိမ်တော်မှ ကျန်းအိမ်တော်ကို လာရောက်၍ သားတောင်းခြင်း

- ကျွန်တော်တို့ အရမ်းကို မျက်နှာပူလွန်းလို့ ဘယ်ကနေ ဘယ်လို စပြောရမလဲ မသိဘူး ဖြစ်နေတယ်။

- ဘယ်ကနေမှ မပြောပါနဲ့ အစ်ကိုကြီး။ မျက်နှာပူနေလို့လည်း ဘာမှ တတ်နိုင်တာ မဟုတ်ဘူး။ အစ်ကိုကြီး ရဲ့ သားကျပ်မပြည့်တဲ့ သူကြောင့် အခုလိုတွေ ဖြစ်နေရတာ

ရှီးချန် - ဦးဦး ကလည်း!!

- ဖြစ်ပြီးသမျှ တွေကို ဘာမှ ပြန်မပြောကြပါနဲ့တော့။ သခင်လေး ရှီးချန်

ရှီးချန် - ပါး ​ကျွန်တော့်ကို သခင်လေး လို့ မခေါ်ပါနဲ့။ ရှီးချန် လို့ပဲ ခေါ်ပါ။ ကျွန်တော်က အခုဆို ပါးတို့ရဲ့ သားဖြစ်တော့မှာလေ။

- ဟား ဟုတ်ပါပြီ။ ပါးတောင်းဆိုပါရစေ။ အားချန် က ခေါင်းကြောမာသလို ဆိုးလည်းဆိုးတယ်။ သူ့လူနာတွေကလွဲ သူ့ခေါင်းထဲမှာ ဘာမှ မရှိဘူး။ ရှီးချန် မကြိုက်တာတွေ အားချန်ဘက်က လုပ်မိရင် ပွင့်ပွင့်လင်းလင်းပြောပေးပါ။ အရင်တစ်ခါကလို ရန်ဖြစ်ကြပြီး စိတ်လိုက်မာန်ပါတွေ မလုပ်ပါနဲ့ လို့ ပါးတောင်းဆိုပါရစေ။

ရှီးချန် - စိတ်ချပါ ပါး အဲ့လိုမျိုး အလားတူ ကိစ္စနောက်ထပ် ရှိလာစရာ မရှိပါဘူး။ ဘာလို့ဆို ကျွန်တော်က ၀မ်ရင် မရှိရင် မနေနိုင်လို့လေ

ထိုစကားကိုတော့ ရှီးချန် က ကျန်းချန် ကို တည့်တည့်ကြည့်ပြီး ပြောလိုက်ခြင်း ဖြစ်သည်။ ကျန်းချန် ကလည်း ရှီးချန် စကားကို ကြားပြီး ယောင်ယောင်လေး ပြုံးလိုက်သည်။

နှစ်ဖက်မိဘ အသေအချာ စကားပြောပြီး နောက် ပြန်သွားကြသလို ရှီးချန် နဲ့ ကျန်းချန် ကလည်း Date ဖို့ ဆိုပြီး မြို့ထဲကို ထွက်လာကြသည်။

ကျန်းချန် - လန်၀မ့်ကျီး နဲ့ ဝေ့ရင်းက လိုက်ဖက်တယ်နော်။

ရှီးချန် - ဘာကို

ကားမီးပွိုင့် မိနေတုန်း ကျန်းချန် ပြောတဲ့ စကားကြောင့် ရှီးချန် လည်း ကျန်းချန် ကြည့်ရာကို လှမ်းကြည့်တော့ ကော်ဖီဆိုင်မှ ထွက်လာသော ညီငယ်နဲ့ မော့ရွှမ်းယွီ ကို တွေ့လိုက်သည်။

ကျွန်တော် ရဲ့ ဒေါက်တာလေး / ကျွန်တော် ရဲ့ ဒေါက်တာလေး { Z & U } ## Completed##Où les histoires vivent. Découvrez maintenant