🍁24🍁{ Unicode }

135 6 1
                                        

- သခင်လေး

လန်ကျန့် - အင်း

- ဝေ့သခင်လေး စီးနှင်းလိုက်ပါလိုက်တဲ့ လေယာဉ်  ပျက်ကျတယ်လို့ သတင်းရပါတယ်

လန်ကျန့် - ဘာ!!!!

ထိုင်နေရာမှ ဝုန်းခနဲ ထရပ်ပြီး ကားသော့ကို ဆွဲယူကာ ရုံးခန်းအတွင်းမှ ထွက်လာခဲ့သည်။

🍁မဖြစ်ရဘူး ဝေ့ရင်း! မင်း ကိုယ့်ကို ထားခဲ့ပြီး အဲ့လို ထွက်သွားလို့ မရဘူး!!🍁

- အစ်ကို!

မော့ရွှမ်းယွီ မနက်စာ ဗူးလေးကိုင်ကာ ရောက်လာတော့ လန်ကျန့် က အလောတကြီး ပြေးထွက်သွားသည်။ ခေါ်လိုက်ပေမယ့် အကြည့်တို့က သူ့ဆီ ရောက်မလာခဲ့!!

- အစ်ကိုက ဘယ်သွားတာလဲ ဟင်!

ဘေးနားက အစ်ကို့ကို မေးတော့ ထိုအစ်ကိုက ပြုံးပြကာ

- အရမ်းအရေးကြီးတဲ့ ကိစ္စ ရှိလို့ သွားခဲ့တာ။

ထိုအစ်ကိုလည်း မျက်နှာ မကောင်းတာ သိသာလှသည်။ ဘာအ​ကြောင်းများလဲ။

🚑🚑🚑🚑

ဆေးရုံအရှေ့သို့ တစ်စီးပြီး တစ်စီး ရောက်လာသော လူနာတင်ကားများ အရေးပေါ်ဌာန တစ်ခုလုံးလည်း ရှုပ်ယှက်ခတ် လို့နေသည်။

- ခွဲစိတ်ခန်း အသင့်ပြင်ထား။

- လူနာ သေဆုံးချိန် ၉နာရီခွဲ!

- လူနာရှင်တွေကို အကြောင်းကြားထားပါ။

တစ်ယောက်တစ်ပေါက်အပြောတွေ ပြေးလွှားနေကြတဲ့  လူတွေကို ကြည့်ပြီး လန်ကျန့် မူးနောက်လာသည်။

ရှီးချန် - ၀မ့်ကျီး

လန်ကျန့် - ကိုကို!!! ကိုကို ဝေ့ရင်း ဝေ့ရင်း ကို ရှာပေးပါ။

အားကိုးရာ ရသွားသလို အစ်ကို ဖြစ်သူရဲ့ လက်ကို ကိုင်ပြီး ဝေ့ရင်း ကို ရှာခိုင်းနေသော လန်ကျန့်

ရှီးချန် - စိတ်ကို အေးအေးထား ၀မ့်ကျီး!

ညီဖြစ်သူကို စိတ်အေးအေးထားဖို့ ချော့ပြောပြီး ပြာပန်းခတ်နေသော လူတွေကြားထဲ ဝေ့ရင်း ကို လိုက်ရှာပေးမိသည်။

ကျန်းချန် - ဘာရှာနေတာလဲ။

တစ်ခုတင်ပြီး တစ်ခုတင် လိုက်လံပြီး ရှာဖွေနေသော သူကို ကျန်းချန် မနေနိုင်တော့စွာ မေးလိုက်မိသည်။

ကျွန်တော် ရဲ့ ဒေါက်တာလေး / ကျွန်တော် ရဲ့ ဒေါက်တာလေး { Z & U } ## Completed##Où les histoires vivent. Découvrez maintenant