🍁14🍁 { Zawgyi }

273 30 0
                                        

ရှီးချန် - ၀မ်ရင်

ကျန်းချန် တို့ အုပ်စု နေ့လည်စာ စားနေတုန်း ခေါ်သံကြားလို့ မော့ကြည့်လိုက်တော့ သူ့ကို ပြုံးကာ ကြည့်နေသော လန်ရှီးချန်

ရှီးချန် - ကိုယ် ဒီမှာ ထိုင်လို့ ရတယ်မလား။

ကျန်းချန် က ဘာမှ မပြောတာကြောင့် ကျန်သူတွေမှာ

- ထိုင်....ထိုင်လို့ ရပါတယ် Dr.

နေရာတွေ ဖယ်ပေးတော့မှ လွတ်သွားသော ကျန်းချန်ဘေး ၀င်ထိုင်လိုက်သည်။ ကျန်သူတွေကလည်း သူတို့ဘာသာ စားစရာရှိတာ စားသလို ရှေ့က လူတွေကိုလည်း အကဲခတ်နေသည်။

ရှီးချန် - ကိုယ့်ကို စိတ်ဆိုးနေတာလား။

ကျန်းချန် - ကျစ်!!! ထမင်းကို အေးဆေးစားစမ်းပါ။

ထမင်းတစ်လုတ်ကို ဝါးရင်း ဆိုလာတာကြောင့် ဘာမှ ဆက်မပြောတော့ပဲ ထမင်းစားနေသူကိုသာ ထိုင်ကြည့်နေလိုက်သည်။ အေးစက်နေသော လေထုကြောင့် ကျန်းချန်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေမှာ ထမင်းကို ပါးစပ်ထဲ အသားကုန် ထိုးထည့်ပြီး ကုန်သွားတော့မှ

- ငါတို့ ပြန်နှင့်ပြီး ဖြေးဖြေးစားပြီးမှ လိုက်လာခဲ့!!

ပန်းကန်တွေကို ပြန်သယ်ကာ ထွက်သွားသော သူငယ်ချင်းဖြစ်သူတွေကြောင့် ကျန်းချန် မျက်မှောင်ကြုတ်လိုက်သည်။

ရှီးချန် - ၀မ်ရင် ရော့ အသားများများစား။

စကားမရှိ စကားရှာနေသော လန်ရှီးချန် မှာ သူ့ပန်းကန်ထဲက သုံးထပ်သားတွေကို တူနဲ့ညှပ်ယူကာ ကျန်းချန် ပန်းကန်ထဲကို ထည့်ပေးလေသည်။

ကျန်းချန် - ထမင်းစားပြီးရင် ကျွန်တော်တို့ စကားပြောရအောင်။

ရှီးချန် - အင်း

ရှီးချန်လည်း တိတ်ဆိတ်စွာ ဘာမှ မပြောတော့ပဲ ထမင်းသာ ငုံ့စားနေလိုက်သည်။

စားသောက်ပြီးစီးတော့ ပန်းကန်တွေကို ပြန်ထားပြီး  အအေးတစ်ယောက်တစ်ခွက်ကိုင်ကာ ဆေးရုံခေါင်မိုးထပ်ကို တတ်လာကြသည်။

အတူယှဥ်တွဲကာ ထွက်သွားသော ကျောပြင်နှစ်ခုကို ကြည့်ပြီး

- လိုက်ဖက်လိုက်တာ။

ကျွန်တော် ရဲ့ ဒေါက်တာလေး / ကျွန်တော် ရဲ့ ဒေါက်တာလေး { Z & U } ## Completed##Où les histoires vivent. Découvrez maintenant