ရှိုးယွင် - ရှီးချန်ကော
ရှီးချန် - အင်း
ရှိုးယွင် - ဒီနေ့ Date ဖို့ ပြောထားတာလေး
ရှီးချန် - တောင်းပန်ပါတယ်။ ဒီနေ့ Date ကို ဖျက်လိုက်ပါ။
ကျန်းချန် လက်ကို ရေစိုဝတ်လေးနဲ့ သုတ်ပေးရင်း ဖြေလိုက်မိသည်။
ရှိုးယွင် သူ့ကို တစ်ချက်တောင် လှည့်မကြည့်ပါပဲ ကျန်းဝမ်ရင်ကိုသာ ဂရုစိုက်နေသော ရှီးချန် ကြောင့် လက်သီးကို တင်းတင်းဆုပ်ထားလိုက်သည်။
- Dr. Result ရပါပြီ။ Positive ထွက်ပါတယ်။
ရှီးချန် - အင်း
အင်း တစ်လုံးသာ ပြောပြီး ဘာမှ ဆက်မပြောသော လန်ရှီးချန်ကြောင့် သူနာပြုလေးမှာ ထွက်ပဲသွားရမှလား။ ဒီအတိုင်းပဲ ရပ်နေရအုံးမှာလား မတွေးတတ်!!
ရှိုးယွင် - ရှီးချန်ကော သူ့ကို ဘာလို့ ဂရုစိုက်နေတာလဲ။ ကော တို့က ဘာမှ မသက်ဆိုင်တော့ဘူးလေ။ အခု ကော ရဲ့ ချစ်သူက ကျွန်မ ဆိုတာ သိသေးရဲ့လား။
ရှီးချန် - ချစ်သူ!! ဘယ်သူက ဘယ်သူ့ချစ်သူလဲ။ ငါနဲ့ မင်း နဲ့ က ဒီအတိုင်း အလုပ်ကိစ္စကြောင့် တွေ့မိတာနဲ့ ချစ်သူ ဖြစ်သွားရောလား။
ရှိုးယွင် - ဒီတလော အတွင်း ကော ဂရုစိုက်ပေးခဲ့တာတွေ
ရှီးချန် - အထင်လွဲနေပြီ။ ဂရုစိုက်ပေးတာနဲ့ ချစ်သူ ဖြစ်ကြေးဆို တစ်ဆေးရုံလုံးက လူတွေနဲ့ ချစ်သူ ဖြစ်နေလောက်ပြီ။ ရှိုးယွင် ကိုယ့်ဘ၀မှာ အချစ်ရဆုံးရော၊ လက်ထပ်ချင်ဆုံးရော က ကျန်းဝမ်ရင် တစ်ယောက်ပဲ ရှိတယ်။ သူက လွဲပြီး ကိုယ် ဘယ်သူ့ကိုမှ မချစ်ဘူး။ ဘယ်သူ့ကိုမှ လည်း လက်မထပ်ဘူး။
ရှီးချန် - ဂရုစိုက်ပြလိုက်တာနဲ့ ဒီလူက ငါ့ကို ချစ်နေတာဆိုပြီး အထင်လွဲမနေနဲ့။ ကိစ္စမရှိရင် ထွက်သွားပေးပါ။ ကိုယ့်ကောင်လေး နေမကောင်းလို့ အနားယူနေတာ မနှောင့်ယှက်ပါနဲ့။
ရှိုးယွင် - ကျွန်မ နှလုံးသားကို ကစားခဲ့တဲ့ ရှင် ကောင်းကောင်းနောင်တရစေရမယ်။
ရှိုးယွင် မကျေမနပ်ချက်ဖြင့် အခန်းထဲမှ ထွက်သွားသည်။
- အဟွန်း နောင်တက ဘယ်သူရမှာတုန်း။ သူ့ကို Dr က ချစ်လဲ မချစ်ပဲနဲ့။ သူ့ဘာသာစိတ်ကူးယဉ်နေပြီးတော့ အံ့သြပါ့
YOU ARE READING
ကျွန်တော် ရဲ့ ဒေါက်တာလေး / ကျွန်တော် ရဲ့ ဒေါက်တာလေး { Z & U } ## Completed##
FanfictionMy Love
