📞ပါး ကျွန်တော့်အပေါ် ဘာလို့ ရက်စက်ရတာလဲ။ 📞
📞ဝေ့ရင်း ပါး မင်းအပေါ် ရက်စက်တာ မဟုတ်ဘူး။ မင်းကို အန္တရာယ် တွင်းထဲကနေ ဆွဲထုတ်လိုက်တာ။📞
📞ပါး အာဏာရအောင် ပြန်ယူမယ်။ ဒီည သူတို့ အောင်ပွဲခံကြမှာ။ ဒီညမှာ လန်၀မ့်ကျီး ကို ပါး ရအောင် သတ်မယ်။ လန်၀မ့်ကျီး သေရင် သူ့အဖေ ကို သတ်ရမှာ အလွယ်လေး ဖြစ်သွားပြီ။ 📞
📞ပါး မလုပ်ပါနဲ့။ အရှုံးကို လက်ခံလိုက်ပါ။ ပါး ဒီကို လိုက်ခဲ့ သားတို့ ဘ၀အသစ်ကနေ ပြန်စမယ်။ သားကို ချစ်တယ်မလား။📞
📞ချစ်တယ် ပါး ဘ၀မှာ သားနဲ့ သားရဲ့မား ကိုသာ ချစ်တယ်။ ဒါပေမယ့် သားတို့ထက် ပါး အာဏာကို ပိုချစ်တယ်။ အာဏာရမှ သားတို့ကို ပါး ကာကွယ် ရမှာ။ ဒါပဲနော် သား! ပါး အလုပ်လုပ်လိုက်အုံးမယ်။📞
📞ပါး!! ပါး 📞
တစ်ဖက်က ဖုန်းချသွားပြီ မို့ ဝေ့ရင်း ဘာလုပ်လို့ လုပ်ရမှန်း မသိတော့ပေ။ ပါး နဲ့ အနီးနားနေနေသော သက်တော်စောင့်ဆီ ဖုန်းဆက်ပေမယ့် တစ်ဖက်က မကိုင်ပေ။
ဝေ့ရင်း - ကျစ်!!
ဝေ့ရင်း အခန်းတံခါးကို ဆွဲဖွင့်ပြီး အိမ်အောက်ထပ် ဆင်းကာ တံခါးမကြီး ဆီကို လျှောက်လှမ်းလာလိုက်သည်။ တံခါးမကြီး ရှေ့ ရောက်တော့ မြင်လိုက်ရတဲ့ မြင်ကွင်း က သူ့ကို စိတ်အကြီးအကျယ် ပျက်စေသည်။
ဝေ့ရင်း - ဒါဘာလုပ်ထားတာလဲ။
- သခင်ကြီး အမိန့်အတိုင်း သံတိုင်တွေ ခတ်ထားတာပါ။
ဝေ့ရင်း - အခုချက်ချင်း တံခါးဖွင့်!!!
- တောင်းပန်ပါတယ် သခင်လေး။ သခင်ကြီး အမိန့်မရပဲ ကျွန်တော်တို့ ဖွင့်လို့ မရပါဘူး။
ဝေ့ရင်း - တောက်စ်!!
ဝေ့ရင်း ဒေါသထွက်စွာ အပေါ်ထပ်ကို ပြန်တတ်လာလိုက်ပြီး သူ့အိပ်ခန်းရဲ့ ပြတင်းတံခါးကို ဖွင့်လိုက်တော့လည်း သံတိုင်တွေဖြင့် ဘောင်ခတ်ထားတာမို့
ဝေ့ရင်း - တောက်စ်!!! ဘာကိစ္စ သူ့ကို အကျဥ်းသားလို နေခိုင်းတာလဲ။ ဟာကွာ!!!
VOUS LISEZ
ကျွန်တော် ရဲ့ ဒေါက်တာလေး / ကျွန်တော် ရဲ့ ဒေါက်တာလေး { Z & U } ## Completed##
FanfictionMy Love
