စာရေးသူ မိတ်ဆက်

145 15 18
                                    

တေးဆက်နှင်းဆီ

အားလုံးပဲ မင်္ဂလာပါရှင့်။ စာရေးသူ တေးဆက်နှင်းဆီပါ။ နှင်းဆီအနေနဲ့ စွန့်စားမှုလေးတစ်ခုလုပ်ချင်ပါတယ်။ ဒါကတော့ collabရေးသားဖို့ပါ။

တစ်ယောက်တည်းတောင် မနည်းကြိုးစားပုံဖော်ရတဲ့ ဇာတ်ကောင်တွေကို စာရေးသူညီမလေးရှင်လွမ်းမယ်နဲ့ နှစ်ကိုယ့်တစ်စိတ်တစ်ထပ်တည်းကျအောင် အတူပုံဖော်သွားဖို့ရှိပါတယ်။ ညီမလေးအလွမ်းက ဒီLGBTစာကို ပထမဆုံးရေးကြည့်မယ့်သူပါ။

အလွမ်းက သာမန်ဘဝကချစ်ခြင်းတွေကို ပုံဖော်လေ့ရှိတာမို့ သူ့ရဲ့ဒီငြိတွယ်လေးအပေါ်မှာ ကြိုးစားမှုလေးတွေ၊သူ့ရဲ့လက်ရာလေးတွေကို မြည်းစမ်းခွင့်ရမှာပါရှင့်။

နှင်းဆီအနေနဲ့လည်း အသန့်စင်ဆုံးမြတ်နိုးရာလေးအပြင် ငြိတွယ်လေးကိုပါ ပြိုင်တူဖန်တီးမှာမို့ ခံစားရတဲ့ရသမတူအောင် အစွမ်းကုန်ကြိုးစားပါ့မယ်။

ဒီcollabလေးရေးသားဖို့ စိတ်ခွန်အားတွေပေးခဲ့တဲ့ အစ်ကိုကျွင်းအာ၊ကိုကြီးခန့်၊ကိုကြီးမြတ်(Author-Onion)နဲ့ ချစ်အေ(Author-Akari)တို့ကို နှင်းဆီတို့ညီအစ်မနှစ်ယောက်က အထူးကျေးဇူးတင်ပါတယ်ရှင်။

ကဲ...ဒါဆို နှင်းဆီရဲ့ငြိတွယ်လေးမှာ အတူတူစီးမြောကြပါဦး ချစ်ရပါသောလေးတို့ရေ။

တေးဆက်နှင်းဆီ
(၁.၈.၂၀၂၂)

ရှင်လွမ်းမယ်

ဒီနေရာလေးကို ရောက်ရှိလာပေးကြတဲ့သူအားလုံး မင်္ဂလာပါ...
အလွမ်းကို သိကြမယ်လို့ မျှော်လင့်မထားတာမို့ ရိုးရိုးလေးပဲ မိတ်ဆက်ကြတာပေါ့နော်...ရှင်လွမ်းမယ်ပါ။

စာရေးသူ မမတေးဆက်နှင်းဆီနဲ့အတူ ဒီ Collab လေးမှာ အတူကြိုးစားသွားမယ့် ဝါသနာရှင် စာရေးသူတစ်ဦးပါ။ (ပြောသာပြောရတယ် စာရေးသူရယ်လို့တော့ မခံယူ၀ံ့ပါဘူး)။
အလွမ်းက အချစ်ကို အချစ်လို့ပဲ မြင်ပြီး ကိုယ်တတ်နိုင်တဲ့ဘက်က Supportingပေးတတ်တဲ့ လူငယ်လေး တစ်ယောက်ပါပဲ။

နှလုံးသားဝယ် ငြိတွယ် (နှလုံးသားဝယ် ငြိတွယ် ) << ရပျနား >>Where stories live. Discover now