အပိုင်း ၃

56 6 46
                                    

အပိုင်း ၃


"မူပိုင် ဒါကဘယ်လိုလဲ"

"မူပိုင် ဒါက ဘာလဲ"

"မူပိုင် ငါအိပ်ချင်တယ်"

"မူပိုင် ငါ ဗိုက်ဆာနေပြီ"

"မူပိုင်..."

မင်းမူပိုင်ဆိုသည့် ကိုယ့်နာမည်က သူ့မူပိုင်ဖြစ်နေပြီ။ ဂျီကျလိုက်တာလည်း လွန်လို့...။ ဒီကောင်နဲ့ကိုယ့်ရဲ့ရေစက်ကြီးကိုလည်း ကိုယ့်ညီလေးလို ချစ်တာမှန်ပေမယ့် အတော်လေးလက်လန်မိပါ၏။

လူနားမှာတောက်တဲ့လိုကပ်ပြီး တစ်ခုပြီးတစ်ခုပြောနေတာကြောင့် မူပိုင်စိတ်ရှုပ်လာသည်။

စာမေးပွဲမတိုင်ခင် ရည်းစားစာပြဿနာပြီးကတည်းက စေညွှန့်ကို မှတ်လောက်သားလောက်အောင်လွှတ်ထားခဲ့တာဖြစ်သည်။ ဒေါ်လေးတို့မေမေတို့မေးရင်လည်း အိယောင်ဝါးသာဖြေထားခဲ့သည်။

လူလည်ကောင်ကလည်း သူ့ကိုစိတ်ဆိုးမှန်းသိ၍ ပထမတစ်ရက်နှစ်ရက်တော့ ခပ်တန်းတန်းနေသေးသည်။ နောက်ရက်တွေကျတော့လည်း ဒုံရင်းကဒုံရင်းပင်။ ကြားထဲမှာစာမေးပွဲကြီးကိစ္စတွေနှင့်မို့ ထူးပြီးမခေါ်နေစရာမလိုပဲ စကားကိုသေချာမပြောဖြစ်တော့။

စေညွှန်ကတော့ သူ့ဆီအရင်လိုလာပြီးဂျီကျမြဲပါပင်။ သူကသာအမြင်ကပ်ကပ်နှင့် အဖတ်မလုပ်ဖြစ်ခြင်း။

"မူပိုင်...ငါခေါ်နေတယ်လေကွာ..အဲ့စာအုပ်ကြီးဖယ်စမ်းပါ"

မူပိုင်က အဖတ်မလုပ်လွန်းသည့်အဆုံး သည်းမခံနိုင်တဲ့စေညွှန်က လက်ထဲရှိ တွတ်ပီကာတွန်းစာအုပ်ကို ဆောင့်ဆွဲဖယ်တော့သည်။

"မင်း...ဘယ်လိုဖြစ်နေတာလဲ၊ ငါမပြောချင်လို့မပြောတာလေ"

"ဘာလို့ငါ့ကိုမခေါ်ပဲနေ,နေတာလဲ...ဒီလောက်တောင်ကြာနေပြီ၊ ဘာလို့ငါ့ကိုမခေါ်နိုင်တာလဲ"

"အေး..ငါမင်းကိုမခေါ်တာ ဒီတိုင်းမခေါ်ချင်တာကွာ..ရှင်းလား၊ အရင်ကအကြောင်းတွေနဲ့မဆိုင်ဘူး၊ မင်းနဲ့ဆိုရင်အေးဆေးမနေရလွန်းလို့...ကွာ ရပြီလား၊ ဝေးဝေးနေစမ်းပါ"

"...................."

မူပိုင့်ရဲ့ တရစပ်ထွက်ကျလာတဲ့စကားတွေကြောင့် စေညွှန်ဘာမှပြန်မပြောတော့။ သို့သော် မျက်လုံးတွေရဲပြီး အသားတွေတဆတ်ဆတ်တုန်နေလေသည်။ ဒါက စေညွှန်ဝမ်းနည်းတဲ့အခါ..ဒေါသထွက်တဲ့အခါဖြစ်တတ်တဲ့ အပြုအမူ။

နှလုံးသားဝယ် ငြိတွယ် (နှလုံးသားဝယ် ငြိတွယ် ) << ရပျနား >>Where stories live. Discover now