အပိုင်း ၂

62 4 20
                                    

အပိုင်း ၂

ထုံးစံအတိုင်း မူပိုင်ရဲ့စက်ဘီးနဲ့ကျောင်းသွားဖို့ရာ စေညွှန်တစ်ယောက် မူပိုင်တို့ အိမ်ဘက်ကို မနက်စောစော ကူးလာလိုက်သည်။

"မူပိုင် ... မူပိုင်..မူပိုင်"

အိမ်ရှေ့ဧည့်ခန်းဆီကို ခြေမချမီ ခြံထဲ၀င်လာကတည်းက အော်နေသော သူ့အသံ​ကြောင့် တီတီ့မှာ တအံ့တသြဖြင့်...

"ဟော... သားငယ် အစောကြီးပါလား"

"ဟုတ် တီတီ ... သား ဒီနေ့ အစောကြီးနိုးနေလို့"

*တကယ်တော့ သားနိုးတာမဟုတ်ပါဘူး အိမ်က မေမေအတင်းလာနှိုးလို့* ဆိုသည်ကိုတော့ စိတ်ထဲမှသာ အသံတိတ်ပဲပြောလိုက်သည်။ 

မျက်နှာအပြည့် သနပ်ခါးတွေ ဖွေးညီအောင် လိမ်းထားသည့် စေညွှန့်ကို အသည်းယားလွန်းသဖြင့် ဒေါ်မူမူထွေးတစ်ယောက် ထိုင်ချကာ ခါးမှဆွဲဖက်လိုက်ရင်း ပါးနှစ်ဖက်အား ဘယ်ပြန်ညာပြန် နမ်းလိုက်ကာ

"သားငယ်လေးက ဘယ်သူနဲ့ တူလို့ အဲ့လောက် ချစ်စရာကောင်းနေရတာလဲ ဟင်.. ပြောပါဦး"

"မူပိုင်နဲ့"

"ဘယ်လိုရယ်..."

အဖေနဲ့တူလို့ အမေနဲ့တူလို့ရယ်ဟု ဖြေလာမည် ထင်ခဲ့သော်လည်း ထင်မှတ်မထားသော အဖြေကြောင့် အံ့သြသွားရသည်ကတော့ အမှန်ပင်။

"ဟီး ဟီး ဟုတ်တယ်လေ တီတီရဲ့ မူပိုင်က ဒီလောက် ချစ်ဖို့ကောင်းတာ။ သူ့ သူငယ်ချင်းလည်းဖြစ်၊ ညီလေးလည်းဖြစ်၊ အိမ်နီးချင်းလည်းဖြစ်တဲ့ သားက ချစ်ဖို့ကောင်းနေတာ ဆန်းမှ မဆန်းတာ ...နော့်...ဖေကြီး"
  
မိမိကို ဖြေရင်း နောက်ကို ကျော်ကြည့်ကာ ထောက်ခံခိုင်းနေသော အတတ်ကလေးကြောင့် ဒေါ်မူမူထွေးလှည့်ကြည့်မိတော့ ဧည့်ခန်းထဲ သတင်းစာထိုင်ဖတ်နေသူမှာ ပြုံးပြုံးကြီး ကြည့်လို့..ခေါင်းငြိမ့်ထောက်ခံနေလေရဲ့။

ဒေါ်မူမူထွေးလည်း မနိုင်ဘူးဆိုသည့် ဟန်ဖြင့် ခေါင်းခါကာ မျက်စောင်းပါထိုးလိုက်ရင်း...

နှလုံးသားဝယ် ငြိတွယ် (နှလုံးသားဝယ် ငြိတွယ် ) << ရပျနား >>Donde viven las historias. Descúbrelo ahora