အပိုင်း ၅

48 2 15
                                    

မိုးကာလဖြစ်သော်လည်း သူရိန်နေမင်းကတော့ ထိန်ထိန်ညီးနေဆဲပါပင်။ ပတ်ဝန်းကျင်ရှိအပင်ကြီးအပင်ငယ်တို့မှာတော့ ဖြိုးဖြိုးဖြောက်ဖြောက်နဲ့မထင်ရင်မထင်သလိုကျတတ်တဲ့ မိုးဖွဲများကြောင့် စိမ်းလန်းလျက်ရှိပါ၏။

"ဟော...နန်းပါလား၊ သားစေလေးကိုလာခေါ်တာလား"

"မဟုတ်ပါဘူး မူရယ်၊ နန်းလည်းဂျူတီတွေလှည့်ဝင်နေရတာနဲ့ပဲ မူတို့အိမ်ဘက်ကိုခြံချင်းကပ်နေတာတောင်မရောက်နိုင်လွန်းလို့...ဒီနေ့တော့ပိတ်ရက်ကိုအိမ်ထဲတင်မနားဘဲ မူ့ဆီတမင်ကိုလာလိုက်တာ"

"ကဲ...ဒါဖြင့် နေ့လည်စာစားချိန်လည်းရောက်တော့မှာ၊ ကိုဇေလည်းဒီနေ့အိမ်ကပ်နေတယ်..လူစုံတုန်းထမင်းစားပြီးမှသာပြန်၊ သမီးခင်ထားနဲ့အငယ်လေးပါ ဒီဘက်အိမ်လာစားခိုင်းလိုက်နန်းရေ...ဒီနေ့ သူတို့အကြိုက် ဝက်သားနဲ့မျှစ်ချဥ်ကို အရည်သောက်လေးချက်ထားတာ"

ဒေါ်မူမူထွေးက မီးဖိုထဲမှလက်သုတ်ဝတ်တစ်ခုကို ကိုင်လျက်ထွက်လာရင်း လောကွပ်ပြုလေ၏။

"ဟုတ်ပါပြီ...မူ့လက်ရာကိုစားရသေးတာပေါ့"

ဧည်ခန်းရှိ သစ်သားဆက်တီခုံလေးတွင်ဝင်ထိုင်ရင်း ဒေါ်နန်းယုမွန်ကဆိုလာလေသည်။ ဒေါ်မူမူထွေးနဲ့ဒေါ်နန်းယုမွန်တို့ဆိုသည်မှာ ဟိုအရင်ဦးမင်းမောင်ရှိစဥ်ကတည်းက နှစ်အိမ့်တစ်အိမ်နေကြတာပင်။ ဦးမင်းမောင်နဲ့ဦးဇေပိုင်ဟာလည်း ငယ်သူငယ်ချင်းအရင်းကြီးများဖြစ်တာကြောင့် ဆွေအိမ်မျိုးအိမ်လိုပင်ဖြစ်နေလေတော့သည်။

"နေပါဦး...နန်းကြည့်ရတာ သိပ်မလန်းသလိုပဲ၊နေများမကောင်းနေလို့လားနန်း"

"မဟုတ်ပါဘူး မူရယ်၊ တစ်ခြားအကြောင်းပါ"

"နန်းမှာ အခက်အခဲရှိနေရင်မူတို့ကိုပြောနော်နန်း၊ အားမနာနဲ့ မူတို့နန်းတို့ဆိုတာညီအစ်မတွေလိုပဲဟာ"

"ဟင်း......အခက်အခဲတော့မဟုတ်ပါဘူးမူရယ်၊ ဒီနေ့လာခဲ့တာ ဒီအကြောင်းတွေပြောချင်တာလည်းပါတယ်"

ဒေါ်နန်းယုမွန်မှာ သက်ပြင်းရှည်ကြီးကိုချရင်းအတော်လေးစိတ်မသက်မသာဖြစ်နေဟန်ရှိလေသည်။ ပြီးမှ ဒေါ်နန်းယုမွန်ဘက်ကစကားပြန်ဆက်လာ၏။

आप प्रकाशित भागों के अंत तक पहुँच चुके हैं।

⏰ पिछला अद्यतन: Mar 31, 2023 ⏰

नए भागों की सूचना पाने के लिए इस कहानी को अपनी लाइब्रेरी में जोड़ें!

နှလုံးသားဝယ် ငြိတွယ် (နှလုံးသားဝယ် ငြိတွယ် ) << ရပျနား >>जहाँ कहानियाँ रहती हैं। अभी खोजें