အပိုင်း ၄

50 2 12
                                    

အပိုင်း ၄

ရစ်နှောင်ငင် သည်ကြိုးကိုလ
ဖြတ်ပါချင် ဓားထက်လျှင်လည်း
ပြတ်ရာထင် မစွမ်းနိုင်သာ
ရှာဖွေဖွေ သီကာကုံးတော့
ငယ်ကထုံးတဲ့ နှစ်ဦးမေတ္တာ...။

 
🎼သိပ်ချစ်တဲ့ အကြောင်းလေး ကြားချင်တယ်...ငါ့ဘဝနဲ့ရင်းပြီး တောင်းဆိုမယ်...
မင်းသိတဲ့အတိုင်းပဲ ပြောပြလိုက်ပါ ချစ်...သူရယ်...တို့တစ်ယောက်တည်း  ကြားမယ့် စကားသံနဲ့ နှုတ်ခမ်းပါးလေး လှုပ်ခတ်သွားရုံနဲ့ တိုးတိုးလေးပဲ မင်းပြောပြလိုက်ပါ အချစ်ရယ်♬

   ခင်ထားစေ ဖွင့်ထားသော ရေဒီယိုအပြားလေးမှ သီချင်းသံသည် ဧည့်ခန်းတစ်ခုလုံးကို လုံလောက်စွာ ပျံ့နှံ့ဖုံးလွှမ်းလျက်ရှိသည်။

   ဝုန်းဝုန်းဒိုင်းဒိုင်းလည်း မဟုတ်၊ တဖွဲဖွဲနှင့် သဲနေသော မိုးကြောင့် အေးစိမ့်စိမ့်ဖြင့် အိပ်ယာထဲ ဇိမ်ခံကွေးနေချင်စရာ ကောင်းလှ၏။

  သို့သော် ဆယ်တန်းကျောင်းသူ ခင်ထားစေမှာ ထို့သို့မနေနိုင်ရှာ။ ရေဒီယိုလေးသာ အဖော်ပြုရင်း တွက်စာများနှင့် ပိတ်ရက်ကို နပန်းလုံးနေရသည်။ ရေဒီယိုခေတ် မဟုတ်သော်ငြား သူမကတော့ စာလုပ်နေချိန်များတွင် ရေဒီယိုနားထောင်ရသည် အတော်ပင် နှစ်ခြိုက်မိပါ၏။

   ထိုအချိန် မိုးပြာရောင် အနွေးထည် ၀မ်းဆက်ဖြင့် ပြေးဆင်းလာသူက စေညွှန်။

"မမကြီး မမကြီး"

"ပြော မောင်လေး...ဘာလို့လဲ ဘာလိုချင်လို့လဲ"

"မူပိုင်ဆီကို သွားမလို့"

"မိုးရွာနေတယ်လေ မောင်လေးရဲ့ သွားချင်သပဆိုလည်း မိုးတိတ်မှသွား"

"မိုးရွာနေလို့ မမကြီးကို လိုက်ပို့ခိုင်းတာလေ"

"ပိတ်ရက်လေး အိမ်မှာနေပါဦးလား သားရယ်။ မမကြီးက စာလုပ်နေတယ်လေ"

  မီးဖိုထဲမှ မေမေက ယောင်းမကိုင်ထားလျက်နှင့် ထွက်လာပြောလေသည်။

"မေမေ ကလည်း သွားပါမယ်ဆို၊ သွားမှာပဲ... မူပိုင့်ဆီကို လိုက်ပို့"

နှလုံးသားဝယ် ငြိတွယ် (နှလုံးသားဝယ် ငြိတွယ် ) << ရပျနား >>Where stories live. Discover now