အပိုင်း ၁

105 14 61
                                    

အပိုင်း ၁

ဘေးတစောင်းမြင်နေရတဲ့ ပါးလေးတစ်ဖက်က ပေါက်စီလေးတစ်လုံးလို ဖောင်းကားနေ၏။ ပါးတစ်ဖက်ကိုဖိပြီးအိပ်နေတာမို့ နှုတ်ခမ်းနုနုလေးက ချွန်ထွက်နေကာ အနည်းငယ်ဟနေလေသည်။

ကိုကို့ကို အသည်းအယားဆုံးအချိန်က ဒီအချိန်ပင်။
ကိုကို့ရဲ့ ပါးဖောင်းဖောင်းကြီးကို နစ်ဝင်သွားတဲ့အထိ လက်ညိုးလေးနဲ့ထိုးရတာကို စေညွှန်နှစ်သက်သည်။
ခုလို ကျောင်းပိတ်ရက်တွေဆို မနက်အစောကြီးထပြီး ကိိုကိုတို့အိမ်ဘက်အမြဲကူးလာဖြစ်သည်။

ဘာလို့ဆို ခုလိုမျိုး ကိုကိုအိပ်မောကျနေတာကို မြင်နိုင်တာက ဒီရက်တွေပဲရှိသည်လေ။

"သားလေးရေ...စေကလေး၊ သားကိုကို,ကိုနှိုးလိုက်ပါဦးသားရေ...၊မနက်စာစားဖို့နောက်ကျမှာစိုးလို့"

"ဟုတ်ကဲ့...တီတီ"

အိမ်အောက်ထပ်ရှိ ကိုကို့မေမေက ကိုကို့ကိုနှိုးပေးဖို့ပြောတာကြောင့် စေညွှန်လည်းဆက်မငေးနိုင်တော့ပဲ ကိုကို့ကိုနှိုးရတော့သည်။

"မူးပိုင်....မူးပိုင် ထတော့လေ၊ နေလုံးကြီးက မင်းဖင်ထဲတောင်ဝင်တော့မယ်၊ မင်းကတကယ့်ငပျင်းပဲ၊ထတော့ကွာ..ထထ"

ဒါက ဧကန်အမှန် စေညွှန်ရာပင်။ တစ်နှစ်ခွဲကျော်ကျော်လောက်ကြီးတဲ့ မင်းမူပိုင်ဟာ စေညွှန်နဲ့ယှဉ်ပါလျှင် အတူတူလောက်ဖြစ်နေလေသည်။ ဒါ့ကြောင့် သိတတ်တဲ့အရွယ်တည်းက စေညွှန်သည် မူပိုင့်ကိုဆိုလျှင်ရွယ်တူတစ်ယောက်လို ဆက်ဆံတတ်သည်။

စိတ်ထဲကနေ၍ ကိုကိုချင်းထပ်အောင်ပြောနေသော်လည်း သူ့ရဲ့နှုတ်ခမ်းလေးက ထွက်လာလျှင်တော့ ငယ်ငယ်က မပီကလာပီကလာသံလေးနှင့် ခေါ်တတ်တဲ့ မူးပိုင်ဆိုပြီးသာဖြစ်နေလေသည်။ ယခု သုံးတန်းအရွယ်ရောက်တဲ့အထိလည်း မူးပိုင်ဟူ၍သာခေါ်နေဆဲ။

ခပ်စူးစူးအသံနှင့် တစ်ကိုယ်လုံးကိုယိမ်းထိုးနေအောင် ဆွဲလှုပ်နှိုးနေတဲ့စေညွှန်ကြောင့် မူပိုင်မထချင်လည်းထရတော့မည်ကို သိသည်။ သို့သော် ဒီလိုတော့အလျှော့မပေးလိုပါ။

နှလုံးသားဝယ် ငြိတွယ် (နှလုံးသားဝယ် ငြိတွယ် ) << ရပျနား >>Where stories live. Discover now