" အမေ့ရေ ကိုကိုပြန်လာပြီး
ဘုရားပန်းလဲနေရင်းအောက်ထက်ကသမီးဖြစ်သူရဲ့အသံကြားတဲ့ ဒေါ်နန်းဒေဝီတစ်ယောက် အပေါ်ထပ် အောက်ထပ်ကိုမြန်မြန်ဆင်းလာခဲ့လိုက်တယ်
"အဖေနဲ့အမေနေကောင်းတယ်မလား ညီမလေး
"ကောင်းပါတယ်ရှင် ကိုကိုက ဖေဖေနဲ့ မေမေကိုဘဲမေးတယ်နော် ညီမလေးကျမမေးဘူး
"ညီမလေးကကိုကိုရှေ့တောင်ရောက်နေပြီလေ ကိုကိုမေးစရာလိုသေးလို့လား
" ဟင့်
နူတ်ခမ်းကိုရှေ့တစ်ထောင်လောက်ဆူထွက်လာတဲ့ညီမဖြစ်သူရဲ့ခေါင်းကို ဟန်တစ်ချက်ပုတ်လိုက်ပြီ
"ကိုကိုကညီမလေးအတွက် လက်ဆောင်တွေအများကြီးဝယ်လာပါတယ်ကွာ စိတ်မဆိုးပါနဲ့
"တကယ်ပေါ့
"အဲ့တာကြောင့်ကိုကိုကိုယ့်အရမ်းချစ်တာ
" အကိုနားကပ်ပြီးဘာ တွေများချွဲနေတာလဲ
အိမ်ပေါ်ကနေ ဆင်းလာတဲ့မေမေ သနပ်ခါးရေကြဲလေးကိုပါးပြင်မှာလိမ်းထားပြီး ရှည်လျားတဲ့ဆံနွယ်တွေ မြင့်မြင့်ထုံးထားပြီး မြန်မာယဉ်ဖုံးဝမ်းဆက်အပြာနုရောင်ကိုဝတ်ချင်ထားတဲ့မေမေက တကယ်ကိုအေးချမ်းတယ်
" သားကပြန်လာမယ်ဆိုကြိုပြောတာမဟုတ်ဘူး မေမေတို့လာကြိုမှပေါ့
" မေမေတို့ အလုပ်ရူပ်နေမှာဆိုးလို့သားကမပြောလိုက်တာပါ
"ကြိုပြောတော့ မေမေကသားကြိုက်တာတွေချက်ထားလို့ရတာပေါ့
" သားကအမေချက်တာတွေအကုန်ကြိုက်ပြီးသားပါ
"ဟုတ်ပါပြီရှင်
"ဒါနဲ့ အမေ အဖေရောမတွေ့ပါလား ဘယ်သွားတာလဲ
"သားအဖေအလုပ်သွားတယ်လေ ညနေမှပြန်လာမှာ
"အော် ဟုတ်
"လာပါအုံးအမေသားကြီးကိုဖက်ချင်လို့
"အမေသမီးရောမပါဘူးလား
"ပါပါတယ်ရှင်လာလာ
ဟန်နဲ့ညီမလေးအမေထိုင်နေတဲ့ခုံဆီသွားလိုက်ပြီး အမေရင်ခွင်ထဲတိုးဝင်လိုက်တယ် အရာအာလုံးထက်အမေရင်ခွင်ကသာအနွေးထွေးဆုံးဘဲလေ