1

3.2K 138 7
                                    

Unicode






"မောင်ရေ....ထတော့လေကွာ''

မနက်ငါးနာရီဆို မဟေသီသွယ်တို့ အိပ်ယာထရေချိုးသန့်စင်ပြီးလို့ ဘုရားရှိခိုးပြီး ခင်ပွန်းဖြစ်သူကို လာနှိုးရသည် ။ မိမိထက် အသက်သုံးနှစ်ငယ်သောမောင်က အသက် ၂၃နှစ်အရွယ် လူငယ်လေးတစ်ယောက်ဖြစ်သည် ။ မောင်နှင့် သွယ်တို့က နှစ်ဦးသဘောတူ ချစ်ကြိုက်ခဲ့ကြပြီး ယခုချိန်တွင် အကြင်ဇနီးမောင်နှံတွေအဖြစ်သို့ ကူးလာကြတာဘဲဖြစ်၏ ။ သို့ပေမဲ့လည်း မောင်က သွယ်ကို အခုချိန်ထိ လက်ဖျားနဲ့တောင် မထိခဲ့ ချစ်လွန်းလို့ မထိရက်ဆိုကာ အခန်းပင်ခွဲအိပ်ခဲ့ကြသည် ။ သွယ့်ဘက်ကလည်း မောင့်ကိုသိပ်ချစ်ရျ် မောင့်စကားကို လိုက်နာပေးခဲ့၏။ မောင်က သွယ်နဲ့အတူမနေပေမဲ့လို့ လင်ဝတ္တရားကိုတော့ ကျေမွန်ပါသည် ။

"အင်း မောင်နိုးပြီ မမ'ရော ဘုရားရှိခိုးပြီးပြီလား''

"ပြီးပါပြီရှင် ပြီးလို့ဘဲ ဟော့ဒီကလင်တော်မောင်လေး အလုပ်သွားဖို့ မ'ကလာပြင်ဆင်ပေးရတာပါရှင်''

"မမကတော့ နောက်ပြန်ပြီ''

"ကဲ....ထတော့နော် မောင် ရုံးကိုသွားရတော့မယ်မလား''

"အင်း မောင်ရေချိုးလိုက်အုံးမယ် မောင့်ဖို့အဝတ်စားထုတ်ပေး''

"ဟုတ်ကဲ့ပါရှင့် မောင်သာရေမြန်မြန်သွားချိုး''

မောင်က ခေါင်းတစ်ချက်ငြိမ့်လို့ ရေချိုးခန်းထဲကိုဝင်သွားချေပြီ ။ ဒီလိုပါဘဲ မောင်က သွယ့်အပေါ်မှာ အေးစက်စက်သာဆက်ဆံပေမဲ့ ထိုက်တန်စေမောင်ဆိုတာ လူတိုင်းကိုပါ ဒီလိုအေးစက်တတ်မှန်း သွယ်သိပါသည် ။ မောင်သည် သွယ်နှင့်ပင်ချစ်သူမဖြစ်ခင်ကတည်းက ဒီလိုမျိုးပင် အေးတိအေးစက်ဆန်လွန်းလှသည် ။ သွယ့်ကို ချစ်စကားပြောတုန်းကလည်း အထက်စီးဆန်စွာ လူကိုရင်ခုန်အောင် ဇွတ်တရွတ်ဆန်ဆန်ချစ်ကြောင်းပြောခဲ့တာပင် ။

"မ' မောင် ပြီးပြီ''

"လာမောင် မ'အင်္ကျီဝတ်ပေးမယ်''

ခါးအောက်ပိုင်းက တပတ်တစ်ထည်နဲ့ခေါင်းကိုရေသုပ်ပြီး အပြင်ကိုထွက်လာသော မောင့်ကိုလှမ်းခေါ်လိုက်ပြီ အသင့်ထုတ်ထားပေးသော အင်္ကျီမီးခိုရောင်လက်ရှည်ကို ဝတ်ပေးရသည် ။ မောင်ကမီးခိုဆို သိပ်ကြိုက်တာလေ မောင့်အကြိုက်တွေက အနီ ၊ အနက် ၊ မီးခိုရောင်တွေဘဲ ဖြစ်၏ ။

ချစ်တစ္ဆေ (ခတ္တခဏရပ်နား)Where stories live. Discover now