5

1.4K 112 4
                                    

Unicode






"တိမ်ယံ....မင်းအိမ်ကလာမကြိုသေးဘူးလား''

"အေးဟာ...ကိုကိုက သူလာကြိုမယ်ဆိုပြီး အခုထိလဲ ရောက်မလာသေးဘူး''

"ဒါဆိုငါနဲ့လိုက်ခဲ့လေ ငါမင်းအိမ်ပို့ပေးမယ်''

"ဟင့်အင်း! ဟင်အင်း! ငါမလိုက်ရဲဘူး''

ကျောင်းပေါက်ဝမှာ လွယ်အိတ်လေးပိုက်ပြီး ကိုကိုအားယံယံ စောင့်နေရသည် ။ ကျောင်းဆင်းတာဖြင့် နာရီဝက်လောက် ရှိနေပြီ အခုထိကိုကိုရောက်မလာသေး ။ ထုထည်က သူ့ရှေ့ကားရပ်ပြီး လိုက်ပို့မယ်ပြောနေပေမဲ့ ယံယံလက်မခံရဲပါ ။

ကိုကိုက သူစကားနားမထောင်ရင် တိမ်ယံကို ခွေးမဲမဲကြီးတွေနဲ့ ခြောက်တတ်သည် ။ ယံယံက ခွေးသေးသေးလေးတွေကို မကြောက်တတ်ပေမဲ့ ခွေးဘီလူးတို့ ၊ အမဲလိုက်ခွေးတွေကိုတော့ သေလောက်အောင်ကြောက်တတ်ပါသည် ။ဒါကိုသိတဲ့ကိုကိုက ယံယံသူ့စကားနားမထောင်တိုင်း အမြဲအနိုင်ကျင့်တတ်သည် ။

အဲ့လိုလုပ်လို့ ယံယံကငိုပြန်ရင်လည်း ကိုကိုကရအောင်ချော့တတ်သေးသည် ။ အိမ်ကမမတို့ကိုတော့ ပြန်မပြောရဘူးလို့လည်း ပြောထားသေး၏ ။ ယံယံ မလွန်ဆန်ရဲပါ ကိုကိုက တစ်ခါတလေးကျ သိပ်ကြောက်စရာ ကောင်းသည် ။ တစ်ခါတလေကျလည်း ယံယံအပေါ် ကြင်နာတတ်ပြီး ဂရုစိုက်တတ်သေးသည် ။

ကိုကိုက ယံယံအပေါ် တစ်ခါတရံ အနိုင်ကျင့်တတ်ပေမဲ့ အများကြီး ဂရုစိုက်ပေးတော့ ယံယံသိပ်မကြောက်တာလည်း ဖြစ်နိုင်ပါသည် ။

တစ်ခုဘဲ ကိုကိုကလေ ယံယံကိုတစ်ခြားသူတွေနဲ့စကားပြောတာတွေ့ရင် မကြိုက်ဘူးတဲ့ .....

"ဘာလို့မလိုက်ရဲတာလဲဟ! ငါလဲမင်းကို ဘာမှမလုပ်ပါဘူး တိမ်ယံရာ မသိရင်ငါကဘဲ တစ်ခုခုလုပ်မှာဆိုးတဲ့ပုံနဲ့''

"အဲ့လို မဟုတ်ပါဘူး ငါက မင်းကိုအလုပ်မရှုပ်စေချင်လို့ပါ''

"ဘာဆိုင်လဲ မင်းနဲ့ငါက သူငယ်ချင်းတွေဘဲလေ အခုအတော်လေးနောက်ကျနေပြီကွ မင်းတစ်ယောက်ဘဲကျန်တော့တာနော်''

"...........''

"လာပါကွာ....မင်းကလဲ''

တိမ်ယံလည်း မထူးဘူးဆိုကာ ထုထည်၏ကားထဲဝင်ဖို့အလုပ်....

ချစ်တစ္ဆေ (ခတ္တခဏရပ်နား)Where stories live. Discover now