2

1.8K 131 11
                                    

Unicode





ဘာလိုလိုနဲ့ ရက်တွေကုန်လာလိုက်တာ ဒီနေ့က ယံယံရဲ့ ၁၇နှစ်ပြည့် မွေးနေ့တောင်ရောက်ဖို့ နှစ်ရက်ပင်လိုတော့၏ ။ ဒီနေ့ ကိုကိုကြီးနဲ့ မမတို့ ယံယံမွေးနေ့အတွက် အိမ်ကိုလာကြမှာဘဲ ဖြစ်သည် ။ ကိုကိုကြီးယူလာမည့် လက်ဆောင်ကို ယံယံအတော်လေး မျှော်လင့်မိနေပါသည် ။

တီ.....တီ.....

ကားဟွန်းသံကြားသည်နှင် ယံယံတစ်ယောက် အရေးကြီးသုပ်ဖြာဆင်းပြေးတော့သည် ။ ကားရှေ့ခန်းထဲမှ ဆင်းလာသော ထိုက်တန်စေမောင်က ဦးဘဂျမ်းပုဆိုးနှင့် တိုက်ပုံအမဲအား ခန့်ခန့်ညားညားကြီး ဝတ်ဆင်ထားသော်လည်း ယံယံကတော့ စဟားတော့၏ ။ မမကတော့ ပြောစရာပင်မလို ဇာဖုံးအိင်္ကျီအပြာရင့်ရင့် နှင့်ထဘီအပြာဝမ်းဆက်တို့ကို ဝတ်ဆင်ထားရျ် အတော်လေး အရောင့်တင့်ကာလှသွေးကြွယ်နေတော့၏ ။

ထိုက်တန်စေမောင်က ဝသုန်တိမ်ယံကိုမြင်တော့ သူပြုံးနေကျ အပြုံးတို့ထက်ပင် တောက်ပနေအောင်ပြုံးနေတော့သည် ။ ယံယံကိုယ်သွယ်သွယ်လေးကို သူ့၏ရင်ခွင်ကျယ်ကြီးထဲ ထည့်ဖက်ပြီး လွမ်းမောခဲ့ရသော ကိုယ်သင်းနံ့သင်းသင်းလေးကို နမ်းရှိုက်ပစ်လိုက်ချင်သည် ။ သို့သော် လူရှေ့ရောက်နေသည်မို့ ဆန္ဒကို ခဏတာချုပ်တည်းထားရ၏ ။

"တိမ်ယံ....''

"ကိုကိုကြီး ယံယံမှာတာတွေပါရဲ့လား''

"ပါပါ့ဗျာ တိမ်ယံမှာသမျှ ကိုကိုမမေ့ပါဘူး''

"ဟီး.....ဟီး......ကိုကိုကြီးအတော်ဆုံးဘဲ''

"ဟွန်း! ချွဲစိန်လေး ''

မဟေသီသွယ် တစ်ယောက် သူ့ရှေ့က အကဲပိုယောက်ဖနှစ်ယောက်အား အကြင်နာမျက်စောင်းနှင့် ထိုးလိုက်တော့သည် ။ ပိုချက်က 99+လောက်ရှိ၏ ။ သူမ၏မောင်ဖြစ်သူ ကိုယ်တော်ချောလေးကလည်း အမဖြစ်တဲ့ သူ့(မ)ကိုပင် အဖတ်မလုပ်ချေ ။

ကိုကိုကြီး ကိုကိုကြီး နှင့် အမြင်ကတ်စရာကောင်းလွန်းလှသည် ။ သူမချစ်လင် မောင်ကလည်း မျက်နှာကြီးကို ပြုံးလို့ဖြီးလို့ နှစ်ယောက်စလုံး ထခေါက်ချင်စရာ ကောင်းလှ၏ ။

ချစ်တစ္ဆေ (ခတ္တခဏရပ်နား)Where stories live. Discover now