3

1.8K 156 25
                                    

Unicode






တိမ်ယံတို့ မိသားစု၏ တစ်နေ့တာလုပ်ငန်းစဥ်မှာ မနက်စာကို မိသားစုလိုက် စုံစုံလင်လင်နှင့် စားသောက်ကြရတာဘဲ ဖြစ်သည်။လူမစုံလျှင် မစားရ ။ မဖြစ်မနေလည်း ထမင်းဝိုင်းကိုလာပေးရ၏ အကြောင်းအရင်အတိအကျ မရှိဘဲ ပျက်ကွပ်ခွင့်မရှိ ။ ဒါဟာ သူတို့မိသားစု၏ စည်းကမ်းတွေထဲက တစ်ခုအပါအဝင်ဖြစ်၏ ။

အိမ်ဦးနတ်ဖြစ်သော ဦးတိမ်တိုက်မိုးသည် ထမင်းဝိုင်း၏ အရှေ့တွင် ထိုင်လျက် သတင်းစာကို အာရုံစိုက်ရျ် ဖတ်နေသည် ။ ထိုအချိန် အပေါ်ထပ်ကနေ သီချင်းတညည်းညည်းနဲ့ ခုန်ပေါက်ဆင်းလာသော သားအငယ်ကောင်အား မျက်စိဆံပင်မွှေးဆူးနေမိ၏ ။

သားငယ်နောက်ကပါလာသူက သူ့သမက်ပေ ။ တည်ကြည်ခန့်ညားပြီး တော်လွန်းထက်လွန်းသော သမက်ချောကို သူ့သမီးက ရှာပေးခဲ့တာဘဲ ဖြစ်၏ ။ သမီးကြီးအတွက်လည်း ဦးတိမ်တိုက်တစ်ယောက် ဂုဏ်ယူမဆုံးဖြစ်ရသည် ။

"ဟာ ဖေကြီး! ဖေကြီးဒီနေ့အစောကြီး ရောက်နှင့်နေတာပါ့ရော''

"အေး! ငါကစောတာ မဟုတ်ဘူး မင်းကိုက နောက်ကျနေတာ ''

"ဟုတ်လား ဟီး.... သားဒီနေ့ နည်းနည်းလေး နောက်ကျသွားတယ်''

လက်ညိုးနဲ့လက်မကို ကွေးပြပြီး နည်းနည်းလေးလုပ်နေသော သားတော်မောင်ကို ထိပ်ခေါက်ပစ်ချင်နေတာကတော့ ဦးတိမ်တိုက်မိုးဘဲဖြစ်၏ ။ စပ်စလူးထတာရယ် စားဖို့ရယ်ဘဲ သိတဲ့ သားက မအူမလည်လေးမို့ သူ့မှာ စိတ်မချနိုင် ။ ကျောင်းနဲ့အိမ် ကျူရှင်နဲ့ သူ့သူငယ်ချင်းတွေစီကလွဲလို့ ဘယ်ဆိုဘယ်မှ မသွားတတ်မသိတတ်သော သားဖြစ်သူက သူ့ကိုယ်သူ လူကြီးဖြစ်နေပါပြီတဲ့ ။

"ကျောင်းနောက်ကျတော့မယ် စားစရာရှိတာ အမြန်စားပြီးသွားတော့!''

"ဟုတ်ကဲ့ ဖေကြီး''

"တိမ်ယံစားပြီးရင် ကိုယ်နဲ့တစ်ခါတည်း လိုက်ခဲ့လေ ''

"တကယ်လား ကိုကြီး အယ်...ကိုကို''

ကိုကြီးလို့ ခေါ်မိတော့ ချက်ချင်းကြီး မျက်နှာတည်သွားသော ထိုက်တန်စေကြောင့် တိမ်ယံစကားအမြန်ပြင်ရသည် ။ တစ်ခါတလေ ကိုကြီးက သဘောကောင်းပေမဲ့ တစ်ခါတလေကျလည်း ကြောက်စရာကောင်းနေတတ်သည် ။

ချစ်တစ္ဆေ (ခတ္တခဏရပ်နား)Where stories live. Discover now