Part 5

3.9K 445 36
                                    

ဆောင်းရာသီကြီးမို့ နှင်း‌တွေကြောင့်ရယ် ‌လေအေး‌‌တွေရယ်ကြောင့် အတော်လေး ချမ်းစိမ့်စိမ့်နိုင်လှသည်။ 

ကျောင်းပိတ်ရက်မို့ အစ်ကိုက ‌date လုပ်ဖို့ ‌ပြောလာခဲ့သည်. .  တိုက်အောက် ဆင်း‌စောင့်နေလိုက်ပြီး ခဏအကြာ အစ်ကိုဂျီဆု ‌ရောက်လာသည်။ 

"Taehyung ‌လေး နည်းနည်း‌နောက်ကျသွားတာ. . ‌အေး‌နေပြီလား"

အစ်ကို့ကား ယူလာမည်ဟု ‌ပြောခဲ့သည်ကို ကျွန်တော်က bus နဲ့သာ သွားမည်ဟု ‌ပြောခဲ့လိုက်သည်. . 

အခုတော့ အစ်ကိုရော ကျွန်တော်ရော နှင်း‌တွေကြားထဲ တုန်ရီကုန်ရ၏ .. 

အစ်ကိုနဲ့ ထိုင်နေကျ cafe ဆိုင်လေးထဲ ဝင်ကာ ‌ကော်ဖီပူပူလေး တစ်ခွက် မှာလိုက်သည်။ 

ကျွန်တော်အတွက်က ချမ်းအေးနေတာတောင် Iced latte လေး‌ဖြစ်သည်။

"အစ်ကို့ ကလေး‌လေး ချမ်း‌နေရော‌ပေါ့. . "

အစ်ကိုက လက်အိတ်တွေချွတ်ပေးကာ ကျွန်တော့် ကို ဝတ်ပေးပြီး မာဖလာ‌လေး ချွတ်ကာ လည်ပင်းနားကို ပတ်ထား‌ပေးသည်။ 

"ရပါတယ် အစ်ကိုကလည်း. . "

အားနာနာနဲ့ ‌ပြောမိတော့. . ပါးနှစ်ဘက်ကို အုပ်ကိုင်ကာ နှဖူး‌ပေါ်ကို ဖိနမ်း၏. . 

ဆိုင်က မှန်တွေနဲ့ ကာရံထားတာမို့ အပြင်ဘက်ကို မြင်နေရသည်. . 

ဆိုင်ကယ်အနက်ကြီးနဲ့ ဟိုကောင်လေးက ကြည့်နေသည်။ ချမ်းလွန်းလှသည်ကို လက်အိတ်တွေလည်း မပါခဲ့ပါဘူး. . 

အနောက်က သူ့ အပေါင်းအသင်း‌‌ေတွရဲ့ ဆိုင်ကယ် အုပ်လိုက်ကြီးက ထိုးရပ်ကာ ဆိုင်ထဲ ဝင်လာကြသည်။ 

ကျွန်တော်တို့နဲ့ မျက်စောင်းထိုးက ဝိုင်းမှာ ဝင်ထိုင်ကာ မျက်နှာချင်းဆိုင်က ကျွန်တော့််ကို လှမ်းကြည့်နေ၏. 

"‌ရှေ့အပတ်ဆို ‌မေမေတို့ ပြန်လာ‌တော့မှာ. . အစ်ကိုက Taehyung နဲ့ ‌တွေ့ပေး‌စေချင်နေတာ "

လက်ကို ဆုပ်ကိုင်ကာ အစ်ကိုက ပြုံးရယ်နေသည်။ 

"‌စောပါ‌သေးတယ်. . အစ်ကို့ ‌မေမေက လက်ခံနိုင်မယ် မထင်ဘူး"

Third Wheel [Completed]Where stories live. Discover now