Part 11

3.3K 383 38
                                    

ဒါရိုက်တာလီနဲ့ ‌ဆွေး‌နွေးတာက အတော်လေးကို အဆင်ပြေခဲ့ပါသည်။

နာမည်ကြီး မင်းသား‌လေးနဲ့ တက်သစ်စ မင်းသမီးရယ်နဲ့ စပြီး အကောင်အထည်ဖော်ဖို့ ‌ရည်ရွယ်ထားခဲ့ကြသည်။

ဇာတ်ညွှန်းအတွက် အဖိုးအခ အများကြီး မမျှော်လင့်ထားခဲ့ပါဘူး. . အနည်းအကျဉ်း‌လေးကိုမှ ကိုယ်စိတ်‌ပျော်ရာ လုပ်နေရလို့ အတော်လေး ‌ကျေနပ်နေခဲ့မိပါသည်။

အချိန်ပိုင်းအလုပ်ကနေ ခဏနားလိုက်ပြီး shooting အတွက်သာ အချိန်ပေးထားလိုက်သည်။

ကျွန်တော့််ဇာတ်ညွှန်းကို သရုပ်ဖော်နေကြတဲ့ ဒီမြင်ကွင်းက အတော်ကို ‌ကျေနပ်စရာ ဖြစ်နေလို့ သိပ်လှပါသည်လေ. .

၁ နာရီ ခွဲသာ ကြာမြင့်သည့် ရုပ်ရှင်အပိုင်းအသေး‌လေးပင်မယ့် ကံကောင်းချင်တော့ အတော်လေး နာမည်ရသွားခဲ့သည်။

ဇာတ်ညွှန်း‌ရေးဆရာ Kim Taehyung ဆိုပြီး အနုပညာအသိုင်းအဝိုင်းထဲ ဝင်ဆံ့လို့ လာခဲ့သည်. .

နောက်ထပ် ဇာတ်လမ်းရှည်တစ်ခုအတွက် ထုတ်လုပ်သူနဲ့ ညှိပြီး ပြန်လာ‌တော့ စားပွဲအသေး‌‌လေး‌ပေါ်က ဝိုင်နှစ်ခွက်နဲ့ ညစာ. .

"ကျွန်တော် အလုပ်များ‌နေတာနဲ့ Taehyung ရဲ့ ‌‌အောင်မြင်မှုအတွက် ဂုဏ်မပြုခဲ့ရသေးဘူး‌လေ. . "

အစောကြီး ပြန်ရောက်နေပြီး apron ကြီး ဝတ်ကာ ချက်ပြုတ်နေ၏. .

"မလိုပါဘူးဆို. . မင်းက အမြဲ အား‌ပေး‌နေပြီးသားဘဲကို. . ‌ဘေးမှာ တစ်ချိန်လုံး ရှိနေပြီးသားကို"

အိတ်ကိုချကာ သူ့မျက်နှာ ‌လေးကို အုပ်ကိုင်ပြီး သူပြော‌နေကျ ကြင်ကြင်နာနာ အနမ်း‌တွေကို ‌ပေးလိုက်မိသည်။

"အများကြီး ချက်ပေးထားတာကို ဒီလောက်ဘဲလား. ."

နှုတ်ခမ်း‌ပေါ်ကို တစ်ချက်ကလေး ထိကာ ခပ်ပြုံးပြုံးဖြင့် ကြည့်နေလိုက်တော့ ဆူပုတ်ပုတ်ဖြင့် ‌ပြော‌နေ၏. .

"‌နောက်မှ တစ်ဝကြီး ‌ပေးမယ်လေ. . အခု စားရအောင် ဗိုက်ဆာ‌နေတာ. ."

ပိတ်ရက်မှာ တစ်နေ့လုံးက ထုတ်လုပ်သူဆီ သွားလိုက်၊ သရုပ်ဆောင်တွေ ဒါရိုက်တာ‌တွေနဲ့ ညှိလိုက်နဲ့ အလုပ်များ‌နေရသည်မို့ ဘာမှတောင် ‌ရေရေရာရာ မစားဖြစ်ခဲ့တာ ဖြစ်သည်

Third Wheel [Completed]Where stories live. Discover now