Part 6

3.5K 430 35
                                    

အစ်ကို့ မိဘတွေနဲ့တွေ့ရန် အစ်ကို့ မိသားစု အိမ်ကို ‌ရောက်နေရသည်။

ခြံဝန်းအကျယ်ကြီးရယ်. . အိမ်အကြီးကြီးရယ်က သိပ်လိုက်ဖက်ပါသည်. .

ခြံထဲက ပန်းမျိုးစုံနဲ့ အတော်လေးကို လှပါသည်. . 

ဒီကို ‌ရောက်ရောက်ချင်း ပထမဆုံး ဝင်လာသည့် အတွေးက အစ်ကိုနဲ့ ကျွန်တော် သိပ်ခြားနားတာကို ပါဘဲ. .

ဒယ်ဂူမြို့က သာမာန် ရပ်ကွက်မှာ ကြီးပြင်းခဲ့ရတဲ့ ကျွန်တော်နဲ့ ဆိုလ်းမြို့ လူချမ်းသာ ရပ်ကွက်မှာ ကြီးပြင်းလာရတဲ့ အစ်ကိုက လုံးဝကို ကွာခြား‌နေ၏. . 

"Taehyung ခဏလေး‌နော် အစ်ကို ‌မေမေတို့ကို သွား‌ခေါ်လိုက်ဦးမယ်"

အစ်ကိုက ဧည့်ခန်းမှာ ထားခဲ့ကာ အပေါ်ထပ်ကို တက်သွား၏. . 

ရွှေ‌ရောင်တဝင်းဝင်းနဲ့ အိမ်ကြီးက သိပ်ကို လှလွန်းပါသည်။  ‌

ရွှေရောင် မီးပန်းဆွဲတွေရယ်. . ကျွန်တော်တို့ တိုက်ခန်း‌လေးထက် ကြီးလွန်းတဲ့ ဧည့်ခန်းကြီးက ကျွန်တော့််စိတ်ကို သိမ်ငယ်စေ၏

"‌ကျေးဇူးတင်ပါတယ်. ."

အနက်ရောင်နဲ့ အဖြူစပ်ထားတဲ့ ဂါဝန်လေးနဲ့ မိန်းကလေးက လက်ဖက်ရည် ချ ‌ပေးလာသည်မို့ ‌‌ကျေးဇူးတင်ကြောင်း ‌ပြောလိုက်မိသည်။ 

ရွှေရောင် ဖန်ခွက်လေးကို ယူကာ လက်ဖက်စိမ်းကို ‌သောက်နေလိုက်ပြီး အစ်ကို့ကို ‌စောင့်နေလိုက်သည်။ 

အလိမ် အကောက်တွေနဲ့ ‌‌ရွှေရောင် တဖိတ်ဖိတ်တောက်နေတဲ့ ‌လှေကားကြီးကနေ အစ်ကို့ ‌မိဘတွေ ဆင်းလာကြသည်။ 

လက်ဖက်ရည်ခွက်ကို ချကာ မတ်တပ်ရပ်လိုက်ရင်း အပြုံးနိုင်ဆုံးထိ ရည်ရည်မွန်မွန် ပြုံးကာ နှုတ်ဆက်နေလိုက်သည်။ 

အနီရဲရဲ ဂါဝန်လေးနဲ့ ကျက်သရေ ရှိရှိ ‌သေသပ်လွန်းစွာ ဆံပင်တွေကို စုထုံးထားသည့် အစ်ကို့‌အမေက ကျွန်တော့််ကို တစ်ချက် အကဲခတ်ကြည့်လာသည်

"ထိုင်လေ ‌ကောင်လေး" 

အစ်ကို့ အဖေက ခပ်ပြုံးပြုံးဖြင့် ထိုင်ခိုင်း၏. .

Third Wheel [Completed]Where stories live. Discover now