Part 8

3.5K 379 27
                                    

အိမ်ရှေ့မှ ဘဲလ်သံကြောင့် အပြေးသွားကာ တံခါးဖွင့်လိုက်မိသည်။

"အစောကြီးဘဲ "

ချိန်းထားသည်က နေ့လည်မှကို တစ်နာရီ အလိုတည်းက သူ ရောက်လာခဲ့သည်. . အစ်မ ဆိုဟီး အပြင်သွားတုန်း သူနဲ့ A star is born ကြည့်ဖို့ ပြင်ဆင်ထားခဲ့သည်။

အနွေးထည် အထူကြီးနဲ့ အထုတ် အကြီးကြီးဆွဲကာ အိမ်ထဲ ဝင်လာ၏. .

"ဘာတွေလဲ "

လက်ကို ထောင်ပြကာ အထုတ်တွေကို ပြသည်. . snack တွေ စုံနေအောင်ကို ဝယ်လာခဲ့၏. .

"Taehyung ဘာကြိုက်လဲ မသိလို့လေ "

snack တွေကို ထုတ်ကာ စားပွဲပေါ်ချရင်း ခပ်ပြုံးပြုံးဖြင့် ပြောလာသည်။

သူက အစောကြီး ရောက်ချလာသည်မို့ ခပ်စောစောလေးသာ ရုပ်ရှင်ကြည့်လိုက်ကြပါသည်. .

snack တွေစားရင်း စိတ်ဝင်တစား ကြည့်နေလိုက်သည်။

"ဒီအခန်း ဒီအခန်း. . "

မိနစ် ၂၀ လောက်သာ ရှိသေးသည်. .
Taehyung က လက်ညှိုးထိုးကာ အလန့်တကြား ထပြောသည်မို့ အာရုံစိုက်ထားလိုက်သည်။

Ally (Gaga) ရဲ့ လက်က ရောင်ကိုင်းသွားလို့ Jack (Bradley) က ရေခဲထုတ်ကို အုံကာ ပြုစု ယုယပေးနေသည်ကို လက်ညှိုး တထိုးထိုးြဖင့် မျက်ဝန်းတွေ ဝိုင်းစက်ကာ ပြောနေ၏. . 

"ဒီဇာတ်ဝင်ခန်းကြောင့် shallow ကို ကြိုက်သွားရတာ. . Gaga က အဲ့မှာဘဲ Bradley ရဲ့ ဘဝအကြောင်း နားထောင်ရင်း တစ်ထိုင်တည်း သီချင်းကို ရေးစပ်လိုက်တာလေ. . သူမက အသံသိပ်ကောင်းတာဘဲ ငြိမ့်ငြိမ့်လေးနဲ့ ကြည်လင် ပြတ်သားနေတာ. . မင်း သေချာ နားထောင် "

snack ကို ပါးစပ်ထဲ ထိုးထည့်ရင်း စကားပြော မရပ်စေဘဲ ကျွန်တော့်ကိုပါ အာရုံစိုက်ကာ ‌နားထောင်ခိုင်း၏. .

သူမက ဖြည်းဖြည်းချင်းဆီ သီချင်းစာသားတွေကို ရေရွတ်နေတိုင်း Taehyung က တစ်ချက် ပြုံးသည်။

တစ်ချက်လေးမျှ မျက်တောင် မခတ်ဘဲ သေချာ အာရုံစိုက်နေ၏. .

တဖြည်းဖြည်းနဲ့ ဇာတ်လမ်းထဲကို စီးမြောသွားလိုက်သည်။

Third Wheel [Completed]Where stories live. Discover now