သူမနဲ့အတူ အနီးနားက ဆိုင်လေးမှာ ထိုင်လိုက်ကြသည်။ ထိုအမျိုးသမီးဘေးမှာသာ နေလိုက်ပြီး အကူအညီ တောင်းနေမိသည်။ ဒီနေရာက လွတ်နိုင်ဖို့ ဘယ်နည်းကို သုံးရမည်လဲ. .
"ကိုရီးယား လူမျိုးဘဲ မဟုတ်လား ဒါဆို Jung ဆီ သွားလိုက်ပါလား. . passport. . visa မရှိဘဲ ဒီရောက်နေတာ အန္တရာယ် များလွန်းတယ်လေ. ."
ကျွန်တော့် အမေအရွယ်လောက်ရှိသည့် ထိုအမျိုးသမီးက ကျွန်တော့်ကို သားလေးတစ်ယောက်လို စိတ်ပူနေရှာသည်။
"Jung? ?"
"Jung က မင်းလို ကိုရီးယားနိုင်ငံသားဘဲလေ. . ဒီ Arles တစ်နေရာလုံးမှာ သူက ဩဇာသိပ်ကြီးတာ. . ဒီတစ်နေရာလုံးနီးပါးကို အထောက်အပံ့ပေးထားတာလေ. . သူ့ကိုဆို အာဏာပိုင်တွေတောင် မတွန်းလှန်နိုင်ဘူး. . စစ်ဆေးရေး ရဲတွေဘာတွေလား. . အားလုံး သူ့လက်အောက်ဘဲ. . သူက ဒီနားမှာဘဲ နေတယ် ဒီနားက သိပ်မဝေးတဲ့ အိမ်ကြီးမှာ သူ ပြန်ရောက်နေပြီလို့ ကြားထားတယ်. . မင်း အကူအညီ သွားတောင်းသင့်တယ်"
အမျိုးသမီးရဲ့ စကားတွေ အဆုံး ကျွန်တော့် မျှော်လင့်ချက် ခပ်ရေးရေးလေးက ပိုပြီး မှေးမှိန်သွားရသည်။
"Jung ဆိုတာက Jeon JungKook လား. . "
"အို သူ့ကို သိနေတာလား. ."
ရိပ်မိပြီးသား ပင်မယ့် မဟုတ်ပါစေနဲ့ဟု ဆုတောင်းကာ မေးလိုက်ခြင်းပါဘဲ. .
ကျွန်တော် ရုတ်တရက်ကြီး ရယ်လိုက်မိသည်။ သူက သိပ်တော်၏. . သူ့နေရာ သူ့အရိပ်က မလွတ်အောင်ကို သေချာ အကွက်ချခဲ့တာ. .
"ကျွန်တော့်ကို ဖုန်းခဏလောက် ငှားပါလား. ."
အမှေးမှိန်နေဆုံး မျှော်လင့်ချက်ကလေးနဲ့ ဖုန်းခေါ်လိုက်မိသည်။ သုံးကြိမ်မြောက်မှ ကိုင်၏. .
"အစ်ကို ဂျီဆုလား. ."
"Tae. . Taehyung မဟုတ်လား. . အခုဘယ်မှာလဲ. . ဘယ်ရောက်နေတာလဲ. . မင်းအတွက် လူပျောက်တိုင်ထားတာ အခုထိ ဘာသတင်းအစအနမှ မရလို့ အားလုံးစိတ်ပူနေကြတာ"
အစ်ကို့အသံက တုန်တုန်ရီရီဖြင့် အလန့်တကြားဖြစ်နေတော့သည်။