Kylie နဲ့ စကားပြောပြီး ပြန်လာခဲ့လိုက်သည်။ ခြေလှမ်းတွေက ဦးတည်ရာ မရှိဘဲ လျှောက်သွားနေခဲ့တာ. .
နမ်ဆန်တာဝါဆီ သွားကာ အပေါ်စီးက မြင်နေရသည့် ဆိုလ်းရဲ့ ညနေခင်း. . သိပ်လှနေရောပေါ့. .
ကျွန်တော့်် ရင်တွေလည်း ပူလောင်ကာ လောင်ကျွမ်းနေရောပေါ့. .
ဖုန်းထဲ ဝင်လာသည့် missed call တွေရယ် messages တွေရယ်. . စုံနေရောပါဘဲ. .
တစ်ခါတည်း စက်ပိတ်လိုက်ကာ ဆိုဂျူပုလင်းတွေနဲ့ နမ်ဆန်တာဝါမှာ ရှိနေဆဲပါဘဲ. . ရင်ဘက်တစ်ခုလုံးက ပူလောင်နေကာ ပေါက်ကွဲမတတ် ဖြစ်နေပင်မယ့် ကျွန်တော် ပြုံးရယ်မိဆဲပါဘဲ. .
အနည်းဆုံးတော့ သူ ချစ်တယ်လို့ ခဏခဏ ပြောခဲ့ဖူးသည်လေ. .
၁၁ နာရီ တိတိ. . တစ်ခါမှ ဒီအချိန်ထိ အပြင်မှာ မနေခဲ့ဖူးပါဘူး. . အိမ်ကို စောစောပြန်လိုက်တယ်.. .
သူနဲ့အတူ ညစာရယ် ရုပ်ရှင်တစ်ကားနဲ့ သီချင်းတစ်ပုဒ်. . သမားရိုးကျ အချစ်ညကလေးကို ဖြတ်သန်းခဲ့တာပါဘဲ. .
အခုတော့ ၁၁ နာရီ ရှိမှ ဆိုဂျူ သုံးပုလင်းကုန်သွားလို့ အိမ်ကိုပြန်ခဲ့လိုက်သည်။
ခြံထဲမှာ ကားသော့ကို ဆွဲကာ လမ်းလျှောက်ရင်း ဗျာများနေတဲ့ သူ. .
"ဘယ်တွေရောက်နေတာလဲ Taehyung ရာ.. ကျွန်တော် ဖုန်းဆက်တာလဲ မကိုင်ဘူး စက်လည်း ပိတ်ထားသေးတယ်. . အခုမှ ပြန်မရောက်ရင် လိုက်ရှာတော့မလို့. ."
အခုမှ ပြန်ရောက်လာသည့် ကျွန်တော့်လက်ကို အတင်းဆွဲကာ နှုတ်က တရစပ်ကို ပြောနေ၏. .
ဒီအချိန်မှာ သူ့ကို နည်းနည်းလေးတောင် မတွေ့ချင်မိပါဘူး. .
ဧည့်ခန်းကို လာလိုက်ကာ စိတ်ကို တည်ငြိမ်အောင်ထားပြီး ခန္ဓာကိုယ်ကို ခပ်လျှောလျှောလေး ထိုင်လိုက်မိသည်။
အေးစက်စက်နဲ့ ကျွန်တော့် အသွင်အပြင်ကို သူက အာရုံစိုက်လို့နေသည်။
"မင်း သိပ် ကျေနပ်ပြီး ပျော်နေရောပေါ့. ."
"သောက်လာတာလား Taehyung ကလေ. . "