အပိုင်း(24)Un Zaw

2.6K 279 15
                                    

သာယာသော နံနက်ခင်းရဲ့ အစကို ကုသိုလ်ကောင်းမူပြုပြိိီး တစ်နေ့တာကိုဖြတ်သန်းကြတာကမြန်မာလူမျိုးတို့ရဲ့ ဓလေ့ထုံးစံလိုပင်ဖြစ်နေသည်။

မြန်မာလူမျိုးမှန်ရင် ပေးကမ်းစွန့်ကြဲမူမှာလဲရက်ရောပြီးသူတပါးအပေါ်အလွန် သနားကြင်နာတက်ကြတယ်  သဒ္ဒါတရားလဲ အလွန်ထက်သန်ကြ၏

"ဆွမ်းတော်ဗျို့

"ဆွမ်းတော်

" ရပ်တော်မူပါအုံးဘုရား

ဦးတိုးမာန်ဆွမ်းပန်ကန်ထဲက ဆွမ်းနဲ့ ဆွမ်းဟင်းကိုလောင်းလှူပြီးတာ့ ဆရာတော်ဘုရားကို ကန်တော့လိုက်၏

"ဦးတိုးမာန်တို့များ  ကျောင်းဘက်တောင် မရောက်လာတာကြာပေါ့

"တင်ပါ့ဘုရား ပွဲရုံအလုပ်တွေရူပ်နေလို့ပါ ဘုရား

"ဟိုကောင် ခွပ်ဒေါင်းမာန်က ကူမလုပ်ပေးဘူးလားကွ

" လုပ်မပေးတဲ့ အပြင် သူပြသာနာတွေကိုပါ လိုက်ရှင်းနေရတာတယ်ဘုရား

"အဲ့ကောင်ကို ‌ညနေကျ ကျောင်းကိုလွှတ်လိုက် မလာရင် ကြိမ်လုံးစာဘဲလို့

"တင်ပါဘုရား

ဆရာတော်ဘုရားကြွချီသွားတာနဲ့ ဦးတိုးမာန်လဲခြံဝင်းထဲကို ခပ်ပြုံးပြုံးနဲ့ ဝင်လာခဲ့လိုက်တော့ သမီးဖြစ်သူကသေချာကြည့်ပြီး တော့ အဖေသမီးသိတယ်နော်ဆိုတဲ့ စတိုင်နဲ့ ကြည့်နေသည်

"နှင်းသွေးညည်းက ဘာကြည့်နေတာလံ

"အဖေအကြောင်းသမီးသိတယ်နော် အဖေမောင်လေးကို ဆရာတော်ဘုရားနဲ့ တိုင်လိုက်ပြန်ပြီမလား

"ဟုတ်တယ်ဘာဖြစ်လဲအေ ညည်းမောင်ကို ငါမှမနိုင်တာ

နှင်းသွေးအစကတည်းကထင်ပြီးသား ဆွမ်းတော်လောင်းဖို့ပြင်နေတော့ နှင်းသွေးကို ညည်းမလောင်နဲ့ငါလောင်းမယ်ဆိုပြီး ဆွမ်းပန်ကန်တွေယူသွားကတည်းက မောင်လေးကိုဆရာတော်ဘုရားနဲ့တိုင်တော့မယ်ဆိုတာကို မောင်လေးကိုနိုင်တာကလဲ ရွာဦးကျောင်းဆရာတော်ဘုရားဘဲရှိတာလေ

" ဟိုကောင်အခုချိန်ထိမနိူးသေးဘူးလား

"အစောကြီးရှိသေးတာ ဘယ်နိူးအုံးမလဲအဖေရဲ့

ဒေါင်းWhere stories live. Discover now