About ♥

33.9K 4.2K 682
                                    

   " ဆရာထွဋ်ကို မေးစရာလေးရှိလို့၊ရှင့်နွေးနဲ့ပတ်သက်တာပေါ့ "

    " မေးပါဗျ  "

" နွေး တကိုယ်လုံးမှာ ရှင်အချစ်ဆုံးအစိတ်ပိုင်းကဘာတွေဖြစ်မလဲ "

   "  ပါးလေးတွေ၊အိညက်နေတာပဲဗျ၊ပြီးတော့မျက်လုံးလေးတွေ၊ဘယ်ချိန်ကြည့်ကြည့်ကျွန်တော့်အတွက်တော့ စမ်းရေကြည်လေးလိုပဲ အေးချမ်းတယ်  "

   " ရည်းစားဘဝနဲ့၊အခုလိုအတူနေတဲ့ဘဝဘာတွေပြောင်းလဲသွားတာရှိပါလဲရှင့် "

   "အရင်တုန်းကလို ကျွန်တော့် Underwear တွေကို နွေးလျှော်ပေးရင်မရှက်တော့ဘူး "

    "...."

ဘာလို့ပါလိမ့်!

   " နွေး နဲ့ပတ်သက်ပြီး အားမလို၊အားမရဖြစ်တဲ့အချက်တွေရှိလား ဆရာထွဋ် "

" အားမလို၊အားမရဖြစ်တာမျိုးအထိတော့မဟုတ်ပေမဲ့  အဲ့ကလေး ကျွန်တော့်ကို၊ ကိုကိုလို့ခေါ်ပြီး သူ့ကိုယ်သူကို 'သား' လို့ပြောလေ့ရှိတယ်၊ ကျွန်တော်တို့နှစ်ယောက်က အရပ်လည်းတော်တော်ကွာတယ်ဗျာ၊အပြင်သွားရင် လူတော်တော်များများက 'အဲ့တာကမင်းညီ​လေးလား' ဆိုပြီးမေးကြရော၊ ရယ်ရမလို၊င်ုရမလိုပဲဗျာ "

    " ဆောရီး၊ ကျွန်မတော့ရယ်မိသွားပြီ! "

     "......" 

" နွေး စိတ်ကောက်ရင်ဖြစ်လေ့ရှိတဲ့အမူယာ"

    " နှုတ်ခမ်းလေး မသိမသာထော်လာတာ"

" သူစိတ်ကောက်အောင် ဘာတွေများဆရာထွဋ်လုပ်မိသွားတာပါလိမ့် "

    " သူ့နာမည်ပြောင်ကိုခေါ်လိုက်လို့"

  " နွေးကြိုက်တဲ့အစားစာ "

   " အာပုံရယ်အာလူးပြုတ်ရယ် "

" နွေးမကြိုက်တဲ့အစားစာ "

   " ဘဲဥ၊ကြက်ဥ "

" ရှင့်တကိုယ်လုံးမှာ နွေးကဘယ်အစိတ်အပိုင်းကိုသဘောကျတယ်လို့ထင်လဲ"

  " လက်။  သူရောကျွန်တော်ရောအားနေရင် ဘေးနားရောက်လာပြီး၊ လက်ဖမိုးပေါ်ကသွေးကြောစိမ်းတွေကို သူ့လက်ညှိုးလေးနဲ့လာလာဖိလေ့ရှိတယ် "

နေရောင်ခြည်လို   နွေးWhere stories live. Discover now