အပိုင်း(27)Un Zaw

2.8K 300 35
                                    

*တောသားအချစ်ဆိုပြီလဲအထင်မသေးလိုက်ပါနဲ့ အဲ့တောသားက ခင်ဗျားကို ဘုရင်တစ်ပါးလိုထားပြီး အောင်ချင်းငှက်လို့ ခင်ဗျားတစ်ယာက်ထဲကိုသာသစ္စာရှိရှိချစ်မှာပါ အဟမ်း

ဖဲသမား အရက်သမား လူဆိုးလူပေဆိုပြီမချစ်ဘဲနဲ့မနေလိုက်ပါနဲ့ အဲ့လူဆိုးလူပေကြီးကလဲအသဲနဲ့ဘဲမလို့ ချစ်တက်ပါတယ် အဟမ်း

အသားမဲလို့ဆိုပြီလဲအထင်မသေးလိုက်ပါနဲ့ အသားကသာမဲတာ ရင်ဘက်ထဲကအချစ်တွေက နို့ထက်တောင်ဖြူစင်ပါတယ် အဟမ်း

ကျုပ်ခင်ဗျားပေါ်ချစ်တဲ့အချစ်တွေက ရေလိုကြည် နွားနို့လို့ဖြူ ထန်းညှပ်လိုချိုပြီ နံ့သာလိုမွှေးကြိုက်ပါတယ် အဟမ်း

ကျုပ်လိုလူသာပိုင်ဆိုင်ရရင် ခင်ဗျားက ဒီကမ္ဘာပေါ်မှာကံအကောင်းဆုံးလူဖြစ်မှာ အဟမ်း

ကျုပ်ကိုသာယူလိုက် ဒီဘဝတင်မဟုတ်ဘူး နောင်ဆယ်ဘဝလောက်ထိ ခင်ဗျားအလုပ်မလုပ်ဘဲထိုင်စားလို့ရတယ် အဟမ်း

အဲ့တော့ ခင်ဗျားကျုပ်ကို ပြန်ကြိုက်ပါ ခင်ဗျားသာကျုပ်ကိုပြန်ကြိုက်ရင် ကျုပ်အဖေပိုင်သမျှအရာတွေက ခင်ဗျားအတွက် ကြည့်ဘဲ အဟမ်း*

နွေဦးစာကိုဖတ်ပြီး ပြုံးမိသည်။ ဒီတောသားကလေ ဒီလိုတွေလဲရတာဘဲ‌လား ။ အမြဲတမ်းနွေဦးနဲ့တွေ့ရင်ဖြင့် လူကိုပြောမယ်ဆိုမယ် ပြသာနာရှာမယ်ဆိုတာကြည့်ဘဲ ပြီးတော့လူကိုချစ်တယ်တစ်ခွန်းမှ မပြောဘဲ ပြန်ကြိုက်တဲ့ တကယ်ကောင်

" ဆရာလေးနွေဦး ကိုကြီးခွပ်ဒေါင်းက ဘာတွေရေးပေးတာလဲဟင်

"ဘာမှ ရေးထားမပါဘူး

"တကယ်လား

"တကယ်

ကျောက်ခဲကတော့မယုံချင်ပါ စာကိုဖတ်ကြည့်ပြီးပြုံးနေတာ ကိုယ်တွေ့ဘဲလေ

"ညနေကျရင် မြစ်ထဲသွားမှာလိုက်အုံးမလား

"ရေတွေနဲ့ကိုဘာသွားလုပ်မှာလဲ

"ဆရာလေးကလဲ မြစ်ထဲကရေကျလို့ သဲသောင်တွေတောင်ဖြစ်နေပြီး

"တကယ်ကြီးလား

"တကယ်ပေါ့

"ဆရာလေးမသိဘူးလား

နွေဦးခေါင်းသားယမ်းမိတယ် ရေနစ်ပြီးကတည်းက အဲ့မြစ်ဘက်ကို ခြေဦးကိုမလှည့်တော့တာအခုချိန်ထိဘဲ ရေကျသွားပြီဆိုတော့ နွေဦးလဲ အဲ့ဘက်မှာဘာတွေရှိလဲဆိုတာလိုက်ကြည့်ချင်သေးတယ်

ဒေါင်းWhere stories live. Discover now